Zawgyi ျဖင့္ဖတ္ရန္

 

MMA ဝိတ္တန္း ၂ ခုခ်န္ပီယံ ျမန္မာစပါးအုံးလို႔ ေခၚတဲ့ ေအာင္လအန္ဆန္နဲ႔ စိန္ေခၚသူဟဲဗီးဝိတ္ ခ်န္ပီယံ ဖိလစ္ပိုင္ ဖိုက္တာႀကီး ဗီရာ တို႔ဟာ ေအာက္တိုဘာ ၁၃ ရက္ေန႔မွာ ဂ်ပန္ႏိုင္ငံမွာ ထိုးသတ္သြားေတာ့မွာ ျဖစ္ပါတယ္…
ေအာင္လအန္ဆန္နဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ ဗီရာဟာ ျပင္ဆင္မႈေတြ ျပဳလုပ္ေနတာျဖစ္ၿပီးေတာ့ ေအာင္လကို အႏိုင္ယူႏိုင္မယ့္ အကြက္အခ်ိဳ႕ကိုလည္း သူ႔အေနနဲ႔ ရွာေတြ႕ထားၿပီလို႔ ဆိုပါတယ္….

ဒီပြဲရဲ႕ ထူးျခားခ်က္ကေတာ့ ေအာင္လနဲ႔ ဗီရာဟာ ဆရာတူ ၊ ေလ့က်င့္ေဖာ္ ေလ့က်င့္ဖက္ေတြ တူညီေနၾကသူေတြ ျဖစ္ၿပီး ေအာင္လသာ လိုက္ဟဲဗီးဝိတ္ ခ်န္ပီယံဆုကို သိမ္းပိုက္ မထားဘူးဆိုရင္ ဘယ္လိုနည္းနဲ႔မွ စိန္ေခၚထိုးသတ္မွာ မဟုတ္ဘူးလို႔လဲ ဗီရာက ခုလို ေျပာသြားခဲ့ပါတယ္…

“ကမာၻ႔အေကာင္းဆုံး ဖိုက္တာ တစ္ေယာက္ ျဖစ္တဲ့ ေအာင္လက လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ျဖစ္ေနလို႔သာ ဒီပြဲက ျဖစ္လာရတာပါ.. ကြၽန္ေတာ္ သူ႔လို ဖိုက္တာမ်ိဳးနဲ႔ လုံးဝကို ရင္မဆိုင္ခ်င္ပါဘူး..ဒါေပမယ့္ သူက လက္ရွိ ခ်န္ပီယံ ျဖစ္ေနေတာ့ ေရွာင္လႊဲလို႔ မရေတာ့ဘူးေလ…. ဒီပြဲဟာ အခ်စ္နဲ႔ အမုန္းေတြေရာၿပီး ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္” လို႔ ေျပာဆိုသြားခဲ့ ပါတယ္…

ေအာင္လ အန္ဆန္ဟာ ေနာက္ဆုံး ထိုးသတ္ခဲ့တဲ့ ၅ ပြဲ စလုံး ျပတ္ျပတ္သားသား ရလာဒ္ေတြ နဲ႔ အႏိုင္ယူထားခဲ့တာေၾကာင့္ ဗီရာက ေအာင္လကို ရင္ဆိုင္ရာမွာ အမွားေလး တစ္ခ်က္ေတာင္ လုပ္လို႔မရဘူးလို႔ ဆိုခဲ့ပါတယ္… ဒါ့အျပင္ ေအာင္လအန္ဆန္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ကို ခုလို ေျပာျပသြားပါတယ္…

“ေအာင္လအန္ဆန္က အားကစားသမား ပီသတဲ့သူပါ…တစ္ခ်ိန္တည္းမွာပဲ နတ္ဆိုး တစ္ပါး ျဖစ္သလို ေၾကာက္ဖို႔လဲ အရမ္းေကာင္းပါတယ္… ႀကိဳးဝိုင္းထဲ ဝင္လာၿပီ ဆိုတာနဲ႔ ေနာက္ဆုတ္ၿပီး ထိုးတတ္တဲ့ အက်င့္က သူ႔မွာ ပါမလာေတာ့ပါဘူး…. တစ္ပြဲပီး တစ္ပြဲ အရည္အေသြးေတြက ပိုတက္လာသလို တိုက္ခိုက္ပုံေတြကလဲ ပိုေၾကာက္ဖို႔ ေကာင္းလာပါတယ္…. ဒီထက္ ပိုၿပီး ေျပာရရင္ သူ႔ရဲ႕ သံမဏိစိတ္ဓာတ္ပါ… ျမန္မာ တစ္ျပည္လုံးကလဲ အခုလို ဖိုက္တာေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ ဝိုင္းဝန္းအားေပးေနၾကတာေလ… အဲဒီလိုေတြ ကိုယ့္ရဲ႕ၿပိဳင္ဘက္ အေၾကာင္းေတြးမိလိုက္တိုင္း ကြၽန္ေတာ္လည္း စိတ္ဓာတ္ခြန္အားေတြ ျဖစ္ရပါတယ္… ေလ့က်င့္ေရးကြင္းမွာ ပင္ပန္းလာလို႔ သူ႔အေၾကာင္း စဥ္းစားမိလိုက္ရင္ ပိုေကာင္းတဲ့ ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ တြန္းအားေတြ ေပၚထြက္လာပါၿပီ…..” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ဗီရာက ေအာင္လအန္ဆန္ဟာ အျပစ္ေျပာစရာမရွိတဲ့ ဖိုက္တာတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕ အားနည္းခ်က္ကို ရွာရတာခက္ခဲေၾကာင္း….ေအာင္လရဲ႕ ေပ်ာ့ကြက္ကို ရွာေနဆဲျဖစ္ၿပီး အႏိုင္တိုက္ႏိုင္မယ့္ ဗ်ဴဟာတခ်ိဳ႕ကိုလည္း ေတြ႕ရွိထားေၾကာင္း ေျပာျပသြားပါေသးတယ္…

ၿပီးေတာ့ ဒီပြဲကို ၅ ခ်ီထိ အေရာက္ခံမွာ မဟုတ္ဘဲ ျပတ္သားတဲ့ ရလဒ္ထြက္လာေအာင္ ႀကိဳးစားသြားမယ္လို႔လည္း သူကဆိုပါတယ္… ေအာင္လလို လူမ်ိဳးနဲ႔ ထိုးသတ္ၿပီး ဝိတ္တန္း ၂ ခုခ်န္ပီယံ ရယူႏိုင္ဖို႔အတြက္လည္း သူ႔ရဲ႕ ဖိုက္တာဘ၀ ၁၅ ႏွစ္ ေလာက္ ေစာင့္ေနခဲ့တာပါလို႔ သူက ဆိုခဲ့ပါတယ္..

ကဲ ပရိသတ္ႀကီး ျမန္မာလူမ်ိဳး ေအာင္လအန္ဆန္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံသား ဗီရာတို႔ ထိုးသတ္ဖို႔က ၁ လပဲလိုပါေတာ့တယ္ေနာ္…ပရိသတ္ႀကီးတို႔လည္း ေအာင္လအန္ဆန္ကို ဆက္လက္အားေပးၾကပါအုံးလို႔…..

Writer – HW (Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

အောင်လကိုအနိုင်ယူဖို့နည်းလမ်းတွေ့ပြီလို့ဆိုလာတဲ့ ဘရန်ဒန်ဗီရာ

MMA ဝိတ်တန်း ၂ ခုချန်ပီယံ မြန်မာစပါးအုံးလို့ ခေါ်တဲ့ အောင်လအန်ဆန်နဲ့ စိန်ခေါ်သူဟဲဗီးဝိတ် ချန်ပီယံ ဖိလစ်ပိုင် ဖိုက်တာကြီး ဗီရာ တို့ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ဂျပန်နိုင်ငံမှာ ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်…
အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ဗီရာဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီးတော့ အောင်လကို အနိုင်ယူနိုင်မယ့် အကွက်အချို့ကိုလည်း သူ့အနေနဲ့ ရှာတွေ့ထားပြီလို့ ဆိုပါတယ်….

ဒီပွဲရဲ့ ထူးခြားချက်ကတော့ အောင်လနဲ့ ဗီရာဟာ ဆရာတူ ၊ လေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေ တူညီနေကြသူတွေ ဖြစ်ပြီး အောင်လသာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို သိမ်းပိုက် မထားဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ စိန်ခေါ်ထိုးသတ်မှာ မဟုတ်ဘူးလို့လဲ ဗီရာက ခုလို ပြောသွားခဲ့ပါတယ်…

“ကမ္ဘာ့အကောင်းဆုံး ဖိုက်တာ တစ်ယောက် ဖြစ်တဲ့ အောင်လက လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်နေလို့သာ ဒီပွဲက ဖြစ်လာရတာပါ.. ကျွန်တော် သူ့လို ဖိုက်တာမျိုးနဲ့ လုံးဝကို ရင်မဆိုင်ချင်ပါဘူး..ဒါပေမယ့် သူက လက်ရှိ ချန်ပီယံ ဖြစ်နေတော့ ရှောင်လွှဲလို့ မရတော့ဘူးလေ…. ဒီပွဲဟာ အချစ်နဲ့ အမုန်းတွေရောပြီး ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်…

အောင်လ အန်ဆန်ဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၅ ပွဲ စလုံး ပြတ်ပြတ်သားသား ရလာဒ်တွေ နဲ့ အနိုင်ယူထားခဲ့တာကြောင့် ဗီရာက အောင်လကို ရင်ဆိုင်ရာမှာ အမှားလေး တစ်ချက်တောင် လုပ်လို့မရဘူးလို့ ဆိုခဲ့ပါတယ်… ဒါ့အပြင် အောင်လအန်ဆန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ခုလို ပြောပြသွားပါတယ်…

“အောင်လအန်ဆန်က အားကစားသမား ပီသတဲ့သူပါ…တစ်ချိန်တည်းမှာပဲ နတ်ဆိုး တစ်ပါး ဖြစ်သလို ကြောက်ဖို့လဲ အရမ်းကောင်းပါတယ်… ကြိုးဝိုင်းထဲ ဝင်လာပြီ ဆိုတာနဲ့ နောက်ဆုတ်ပြီး ထိုးတတ်တဲ့ အကျင့်က သူ့မှာ ပါမလာတော့ပါဘူး…. တစ်ပွဲပီး တစ်ပွဲ အရည်အသွေးတွေက ပိုတက်လာသလို တိုက်ခိုက်ပုံတွေကလဲ ပိုကြောက်ဖို့ ကောင်းလာပါတယ်…. ဒီထက် ပိုပြီး ပြောရရင် သူ့ရဲ့ သံမဏိစိတ်ဓာတ်ပါ… မြန်မာ တစ်ပြည်လုံးကလဲ အခုလို ဖိုက်တာကောင်းတစ်ယောက် ဖြစ်လာဖို့ ဝိုင်းဝန်းအားပေးနေကြတာလေ… အဲဒီလိုတွေ ကိုယ့်ရဲ့ပြိုင်ဘက် အကြောင်းတွေးမိလိုက်တိုင်း ကျွန်တော်လည်း စိတ်ဓာတ်ခွန်အားတွေ ဖြစ်ရပါတယ်… လေ့ကျင့်ရေးကွင်းမှာ ပင်ပန်းလာလို့ သူ့အကြောင်း စဉ်းစားမိလိုက်ရင် ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ တွန်းအားတွေ ပေါ်ထွက်လာပါပြီ…..” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဗီရာက အောင်လအန်ဆန်ဟာ အပြစ်ပြောစရာမရှိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ အားနည်းချက်ကို ရှာရတာခက်ခဲကြောင်း….အောင်လရဲ့ ပျော့ကွက်ကို ရှာနေဆဲဖြစ်ပြီး အနိုင်တိုက်နိုင်မယ့် ဗျူဟာတချို့ကိုလည်း တွေ့ရှိထားကြောင်း ပြောပြသွားပါသေးတယ်…

ပြီးတော့ ဒီပွဲကို ၅ ချီထိ အရောက်ခံမှာ မဟုတ်ဘဲ ပြတ်သားတဲ့ ရလဒ်ထွက်လာအောင် ကြိုးစားသွားမယ်လို့လည်း သူကဆိုပါတယ်… အောင်လလို လူမျိုးနဲ့ ထိုးသတ်ပြီး ဝိတ်တန်း ၂ ခုချန်ပီယံ ရယူနိုင်ဖို့အတွက်လည်း သူ့ရဲ့ ဖိုက်တာဘ၀ ၁၅ နှစ် လောက် စောင့်နေခဲ့တာပါလို့ သူက ဆိုခဲ့ပါတယ်..

ကဲ ပရိသတ်ကြီး မြန်မာလူမျိုး အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဗီရာတို့ ထိုးသတ်ဖို့က ၁ လပဲလိုပါတော့တယ်နော်…ပရိသတ်ကြီးတို့လည်း အောင်လအန်ဆန်ကို ဆက်လက်အားပေးကြပါအုံးလို့…..

Writer – HW (Shwe Yaung Lan)

LEAVE A REPLY