Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

လေယာဉ်တစ်တန် ကားတစ်တန်နဲ့ ညအိပ်စောင့်ပြီး နောက်ဆုံးထွက်အိုင်ဖုန်းကို ဝယ်ယူခဲ့တဲ့ကျောင်းသားလေး

Apple ရဲ့ နာမည်ကြီးနောက်ဆုံးထွက် Model ဖြစ်တဲ့ iPhone11 ကို စက်တင်ဘာ ၁၁ ရက်နေ့က iPhone ချစ်သူတွေထံ မိတ်ဆက်ခဲ့ပါတယ် အဲဒီနောက် တရားဝင်ရောင်းချမှုအဖြစ် စက်တာဘာ ၂၀ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီပဲ ဖြစ်ပါတယ် စင်ကာပူမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီးတော့ iPhone11 ကို ထွက်တာနဲ့ ဝယ်ချင်သူတွေက စင်ကာပူထိ လာရောက်ဝယ်ယူခဲ့ကြပါတယ် ဝယ်တာနေရာမှာလည်း တန်းစီစနစ်ဖြစ်တာကြောင့် နေရာကြိုတင်ဦးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

The Strait Times မှာ တင်ဆက်ထားတဲ့ သတင်းအရ စင်ကာပူနိုင်ငံမှာ စတင်ရောင်းချပေမဲ့ စင်ကာပူသားတွေထက် လက်ဦးပြီး iPhone11 ကို ပထမဆုံးဝယ်ယူသွားသူက မလေးရှားက အသက် ၁၇ နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်ဖြစ်နေပါတယ်
ဟုတ်ပါတယ် မလေးရှားနိုင်ငံသားဖြစ်တဲ့ Aidid Haiqal လို့ခေါ်တဲ့ကျောင်းသားလေးဟာ iPhone ကို ပထမဆုံး ဝယ်ယူနိုင်ဖို့အတွက် စင်ကာပူကို နံနက် ၆ နာရီကတည်းက လေယာဉ်နဲ့ ထွက်လာခဲ့တာ ပါ လေဆိပ်ကနေတစ်ဆင့် iPhone ရောင်းမဲ့နေရာဖြစ်တဲ့ Orchard Road ကို လာခဲ့တာပဲဖြစ်ပါတယ်။

ရောက်လာပြီးနောက်ပိုင်းမှာပဲ သူ့လို ဝယ်မဲ့သူတွေအရမ်းများလာတာ သူတွေ့လိုက်ရပါတယ် ဝယ်မဲ့သူတွေဟာ အမိုးအကာတွေ အိပ်ယာတွေ စတာတွေနဲ့ ညအိပ်စောင့်ဆိုင်းကြရတာပါ… ဒါပေမဲ့ အဲဒီကျောင်းသားလေးဟာ iPhone11 ကို ပထမဦးဆုံးဝယ်နိုင်တဲ့သူ ဖြစ်ခဲ့ပါတယ် သူဝယ်ခဲ့တာတွေကတော့ ဖုန်း ၂ လုံးနဲ့ စမတ်နာရီတစ်လုံးဖြစ်ပါတယ် အနက်ရောင် 128GB iPhone 11, မီးခိုးရောင် 512GB iPhone 11 Pro Max နဲ့ Apple watch တစ်လုံးကို ဝယ်ယူနိုင်ခဲ့တာပါ သူဟာ iPhone ချစ်သူတစ်ယောက်ဖြစ်ပြီးတော့ ခုလို ပထမဆုံးဝယ်နိုင်ဖို့နှစ်စဉ်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးတို့ရော iPhone နောက်ဆုံးပေါ်ကို ဝယ်မယ်ဆို စင်ကာပူမှာ ဘယ်ဈေးရှိလဲဆိုတာ သိရအောင် ဈေးနှုန်းလေးတွေပါ မျှဝေပေးလိုက်တယ်နော် စင်ကာပူမှာကတော့ iPhone 11—$1,149 (RM3,493) , iPhone 11 Pro –$1,649 (RM5,013) iPhone 11 Pro Max—$1,799 (RM5,469)

share from: burmese.asia

LEAVE A REPLY