Zawgyi ျဖင့္ဖတ္ရန္

 

တေလာက ရန္ကုန္က ဂိုေဒါင္ မီးေလာင္မႈ ရဲ႕ေနာက္ဆက္တြဲက အျဖစ္ေတြ တဲ့ ကိုယ္က်င့္တရား ကိုယ္ခ်င္းစာ တရားဟာ ခ်ိဳ နဲ႔လားလို႔ ေမးယူ ရမယ့္ လူေတြ သူမ်ားအပူစာ လည္း လက္တဆုံး ႏႈိက္ယူၾကတာပါလား လူေတြရဲ႕ ေလာဘဟာ သိပ္ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရၿပီ။ အရင္ကေတာ့ ေလာဘဆိုတာနဲ႔ ပတ္သက္ၿပီး အင္းေပါ့ေလ သူ႔အေၾကာင္းနဲ႔သူ ရွိရွာလို႔ေနမွာလို႔သာ ခပ္ေဖာ့ေဖာ့ေလး ေတြးပစ္လိုက္တာ။ လြန္ခဲ့တဲ့ ရက္ေတြက ဖေယာင္းဂိုေဒါင္မီးေလာင္မႈေၾကာင့္ ဖေယာင္းေတြဟာ အရည္ေတြ ေပ်ာ္က်ၿပီး ေပႏွစ္ရာဝန္းက်င္ ၿခံဝင္းထဲကေန ေဘးဘယ္ညာေတြကို စီးဆင္းေအးခဲကုန္ၾကတယ္။ ကြန္ကရစ္လမ္းမေပၚအျပည့္ သူတပါးရဲ႕ ဝင္းၿခံထဲအျပည့္။

အစကေတာ့ ဖေယာင္းေတြကို လူတစ္ဦးစ ႏွစ္ဦးစေလာက္ကသာ တူးဆြ ေကာက္ယူခဲ့ၾကေပမယ့္ အနားက ကုလားက တစ္ပိသာေလးရာႏုန္းနဲ႔ ဝယ္ယူခဲ့တယ္။ မီးေလာင္မႈျဖစ္ၿပီးေနာက္တစ္ေန႔မနက္မွာေတာ့ ဂိုေဒါင္ေရွ႕က လမ္းမႀကီးေပၚမွာေတာ့ လူႀကီးလူငယ္ ေယာက္်ား မိန္းမ စုစုေပါင္း အေယာက္သုံးရာနီးပါးဟာ လမ္းမေပၚက ဖေယာင္းေတြ တူးဆြ သယ္ၾက ေရာင္းၾက ဝယ္ၾကနဲ႔ တခဏခ်င္းတြင္း ၾကက္ပ်ံမက် စည္ကားသြားတယ္။ လူတစ္ေယာက္ တစ္ေယာက္ကို ဆယ့္ငါးသိန္း ဆယ္သိန္းနီးပါးေလာက္ကို ရခဲ့ၾကတယ္။ မရတဲ့သူဟာ တစ္ရက္ကို အနည္းဆုံး ေလးငါးေသာင္းေလာက္ ရခဲ့ၾကတယ္။

ဝယ္သူရွိေတာ့ ေရာင္းသူေလာဘဟာ အေသာမသတ္ႏိုင္ခဲ့ဘူး။ လူအမ်ားဟာ သူ႔အုပ္စု ကိုယ့္အုပ္စုေတြဖြဲ႕ၿပီး တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ရန္ေစာင္ မာန္ေစာင္ေတြနဲ႔ တူးၾကေတာ့တဲ့ အေျခအေနအထိ ျဖစ္ရတယ္။ တစ္ျဖည္းျဖည္း ဖေယာင္းေတြ နည္းလာတဲ့အခါ ဖေယာင္းတပိသာ တစ္ေထာင္ေဈးအထိ ျမင့္လာတယ္။ အဲဒီေတာ့ လူအမ်ားဟာ ကိုယ္တူးဆြယူမယ့္ အကြက္ေတြကို ေခ်ာင္းေျမာင္းလာၾကေတာ့တယ္။

ကိုယ္ေတြရဲ႕ အလုပ္သမားေတြ ဆီ ပထမေတာ့ နည္းနည္းပါးပါး ေပးပါေတာင္းယူတယ္။ ေနာက္ေတာ့ ခိုးယူတယ္။ မယူၾကပါနဲ႔ ေျပာေတာ့ ရန္စဆဲဆိုတယ္။ အလြယ္တကူ ေငြရမယ့္အရာဆိုတာ သိေနေတာ့ လက္မလႊတ္ႏိုင္ၾကေတာ့တဲ့ပုံေတြ။ကိုယ့္ အလုပ္သမားေတြက အေရွ႕ကတူး ကားေပၚတင္ေနတုန္း သူတို႔က အလစ္ဝင္ခိုးနဲ႔ ျပသနာမျဖစ္ေအာင္ မနည္းေရွာင္ေနရတယ္။ အဲဒီလူေတြဟာ ည ဆယ္ႏွစ္နာရီလည္းမအိပ္ မနက့္ႏွစ္နာရီဆိုလည္း မအိပ္ၾက ဟိုတစ္စု သည္တစ္စု ကိုယ္ေတြ ျပန္မယ့္အခ်ိန္ကို ထမင္းခ်ိဳင့္ေတြနဲ႔ကို ထိုင္ေစာင့္ေနၾကတယ္။

ညကေတာ့ ကိုယ္ေတြ အလုပ္သမားအဖြဲ႕ တူးေနတုန္း လူေတြ ေရာက္ခ်လာၿပီး သူမ်ားဝင္းတခါးကို ခ်ိဳးဖ်က္ၾကတယ္။ အေစာင့္အေရွာက္အျဖစ္ ရဲအင္အား ဆယ္ဦး အနားေခၚထားေတာ့ ဒီျပသနာကို ရဲက ေျဖရွင္းေပးေပမယ့္ လူအုပ္ဟာ ရဲေတြကို ဆဲဆိုျခင္း ခဲနဲ႔ေပါက္ျခင္း တုတ္နဲ႔ပစ္ေပါက္ျခင္းေတြလုပ္ခဲ့ၾကတယ္။ ရဲ အနည္းငယ္ ဒဏ္ရာရ ရွိခဲ့ၾကတယ္။ ကိုယ့္ပစၥည္းကို တူးဆြ သယ္ေနတဲ့ အလုပ္သမားေတြကို ဖယ္ေပးဖို႔ လူအုပ္က ေတာင္းဆိုတယ္။ အံ့ၾသစရာေနာ္။ ဂိုေဒါင္မီးေလာင္လို႔ ဆုံးရႈံးမႈႀကီးေနတဲ့ ကိုယ့္အလုပ္ရွင္အတြက္ ယိုဖိတ္သြားတဲ့ ကိုယ့္ပစၥည္းကို ျပန္လည္တူးယူတာကို လူအမ်ားက သတ္မယ္ျဖတ္မယ္ တကဲကဲလုပ္ၿပီး ရန္စဆဲဆိုေနၾကတာဟာ အင္မတန္ အံ့ၾသဖို႔ေတာ့ ေကာင္းေနၿပီ။

လူအုပ္ဟာ အတြင္းက ဖေယာင္းေတြ ရဖို႔အတြက္ တားထားတဲ့ရဲေတြကို ရန္ရွာေနတာဟာ တစ္စတစ္စ ဆိုး႐ြားလာလို႔ ရဲအင္အား အေယာက္ေျခာက္ဆယ္အထိ လုံၿခဳံေရး တိုးျမင့္ခဲ့ရတယ္။ ဒဂုံဆိပ္ကမ္းလႊတ္ေတာ္အမတ္ ခ႐ိုင္မႉ း ၿမိဳ႕နယ္မႉ း ေထြအုပ္ပါ ေရာက္လာရတဲ့အထိ ညက ျပသနာဟာ ႀကီးထြားခဲ့တယ္။ ေထြအုပ္ေတာင္ ကိုယ့္ဂိုေဒါင္ထဲ အျမန္အေျပးျမန္လို႔ မဟုတ္ရင္ မေတြးဝံ့စရာ။

ေသနတ္ေတြ မိုးေပၚေထာင္ေဖာက္ခဲ့ေပမယ့္ လူအုပ္ဟာ အနည္းငယ္ ရွဲသြားတာကလြဲလို႔ ရန္မျပဳ ၾကေတာ့ေပမယ့္ လုံးလုံးလည္း ထြက္မသြားၾကပါဘူး။ ရဲေတြဟာ ဒိုင္းကာေတြနဲ႔ ကိုယ့္ကိုကိုယ့္ ကာကြယ္ထားေနရတယ္။ မေတာ္ ေလာဘေတြဟာ လူအမ်ားကို အေတာ္ ဒုကၡေရာက္ေစပါလား။ ဂိုေဒါင္ထဲလည္း လူမလစ္တဲ့ၾကားက ခိုးဝင္ ခိုးယူၾကနဲ႔။ဒါေတာင္ ကိုယ္ေတြက မနက္ ႏွစ္နာရီ သူံးနာရီထိုးမွ အိမ္ျပန္တာ အျပင္က ဟာေတြ ဘယ္လိုယူယူ မေျပာလိုေပမယ့္ ဝင္းၿခံထဲအထိ ဝင္ေရာက္ခိုးယူတာကေတာ့ အက်င့္ေတာ္ေတာ္ ပ်က္ျပားေနပါၿပီ။

ပထမေတာ့ ေအာ္ မရွိၾကတဲ့သူမို႔ တခါတေလ အခြင့္အေရးရၾကပါေစဆိုတဲ့ စိတ္ေလးနဲ႔ မသိဟန္ေဆာင္ေနေပးခဲ့တယ္။ ဒါေပမယ့္ လူေတြက ကိုယ့္ေလာဘကို ကိုယ္ မထိန္းခ်ဳပ္ႏိုင္ၾကဘူး။ ရေလ လိုေလ အိုတေစၦ ျဖစ္လာၾကတယ္။ကိုယ့္ အလုပ္သမားေတြကိုလည္း သတ္မယ္ျဖတ္မယ္ဆိုတာက ပါေသး။ ဟူးးးးးး တေန႔တေန႔ ဂိုေဒါင္အေရွ႕ ခပိတည္တည္နဲ႔ ဆိုင္ကယ္ေတြ ကားေတြေပၚ ေပၚတင္ တင္ယူေနၾကတာေတြ ၾကည့္ၿပီး ဘာမွ မေျပာလိုေပမယ့္ ဂိုေဒါင္အထဲက ပစၥည္းကို ခိုးယူလာၾကတဲ့အေပၚမွာေတာ့ ေတာ္ေတာ္စိတ္ပ်က္မိတာ အမွန္ပါဘဲ။ ကိုယ့္ဂိုေဒါင္ထဲ အဝင္အထြက္ကို လူလစ္မွ ထြက္ရ လာရတဲ့အထိ အေျခအေနက တင္းမာဆိုး႐ြားေနတယ္။ တေန႔တေန႔ စိတ္ေမာရတဲ့ အျဖစ္ေတြ ဟူးး ျမင္ေတြ႕ေနရတဲ့ အရာေတြက တရား ရစရာေတြခ်ည္းဘဲ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဂိုထောင် မီးလောင်ပြီးနောက် ကျန်နေသောဖယောင်းများကို လု၍တူးရာမှ အထိကရုန်းဖြစ်

တလောက ရန်ကုန်က ဂိုဒေါင် မီးလောင်မှု ရဲ့နောက်ဆက်တွဲက အဖြစ်တွေ တဲ့ ကိုယ်ကျင့်တရား ကိုယ်ချင်းစာ တရားဟာ ချို နဲ့လားလို့ မေးယူ ရမယ့် လူတွေ သူများအပူစာ လည်း လက်တဆုံး နှိုက်ယူကြတာပါလား လူတွေရဲ့ လောဘဟာ သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရပြီ။ အရင်ကတော့ လောဘဆိုတာနဲ့ ပတ်သက်ပြီး အင်းပေါ့လေ သူ့အကြောင်းနဲ့သူ ရှိရှာလို့နေမှာလို့သာ ခပ်ဖော့ဖော့လေး တွေးပစ်လိုက်တာ။ လွန်ခဲ့တဲ့ ရက်တွေက ဖယောင်းဂိုဒေါင်မီးလောင်မှုကြောင့် ဖယောင်းတွေဟာ အရည်တွေ ပျော်ကျပြီး ပေနှစ်ရာဝန်းကျင် ခြံဝင်းထဲကနေ ဘေးဘယ်ညာတွေကို စီးဆင်းအေးခဲကုန်ကြတယ်။ ကွန်ကရစ်လမ်းမပေါ်အပြည့် သူတပါးရဲ့ ဝင်းခြံထဲအပြည့်။

အစကတော့ ဖယောင်းတွေကို လူတစ်ဦးစ နှစ်ဦးစလောက်ကသာ တူးဆွ ကောက်ယူခဲ့ကြပေမယ့် အနားက ကုလားက တစ်ပိသာလေးရာနုန်းနဲ့ ဝယ်ယူခဲ့တယ်။ မီးလောင်မှုဖြစ်ပြီးနောက်တစ်နေ့မနက်မှာတော့ ဂိုဒေါင်ရှေ့က လမ်းမကြီးပေါ်မှာတော့ လူကြီးလူငယ် ယောက်ျား မိန်းမ စုစုပေါင်း အယောက်သုံးရာနီးပါးဟာ လမ်းမပေါ်က ဖယောင်းတွေ တူးဆွ သယ်ကြ ရောင်းကြ ဝယ်ကြနဲ့ တခဏချင်းတွင်း ကြက်ပျံမကျ စည်ကားသွားတယ်။ လူတစ်ယောက် တစ်ယောက်ကို ဆယ့်ငါးသိန်း ဆယ်သိန်းနီးပါးလောက်ကို ရခဲ့ကြတယ်။ မရတဲ့သူဟာ တစ်ရက်ကို အနည်းဆုံး လေးငါးသောင်းလောက် ရခဲ့ကြတယ်။

ဝယ်သူရှိတော့ ရောင်းသူလောဘဟာ အသောမသတ်နိုင်ခဲ့ဘူး။ လူအများဟာ သူ့အုပ်စု ကိုယ့်အုပ်စုတွေဖွဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်စောင် မာန်စောင်တွေနဲ့ တူးကြတော့တဲ့ အခြေအနေအထိ ဖြစ်ရတယ်။ တစ်ဖြည်းဖြည်း ဖယောင်းတွေ နည်းလာတဲ့အခါ ဖယောင်းတပိသာ တစ်ထောင်ဈေးအထိ မြင့်လာတယ်။ အဲဒီတော့ လူအများဟာ ကိုယ်တူးဆွယူမယ့် အကွက်တွေကို ချောင်းမြောင်းလာကြတော့တယ်။

ကိုယ်တွေရဲ့ အလုပ်သမားတွေ ဆီ ပထမတော့ နည်းနည်းပါးပါး ပေးပါတောင်းယူတယ်။ နောက်တော့ ခိုးယူတယ်။ မယူကြပါနဲ့ ပြောတော့ ရန်စဆဲဆိုတယ်။ အလွယ်တကူ ငွေရမယ့်အရာဆိုတာ သိနေတော့ လက်မလွှတ်နိုင်ကြတော့တဲ့ပုံတွေ။ကိုယ့် အလုပ်သမားတွေက အရှေ့ကတူး ကားပေါ်တင်နေတုန်း သူတို့က အလစ်ဝင်ခိုးနဲ့ ပြသနာမဖြစ်အောင် မနည်းရှောင်နေရတယ်။ အဲဒီလူတွေဟာ ည ဆယ်နှစ်နာရီလည်းမအိပ် မနက့်နှစ်နာရီဆိုလည်း မအိပ်ကြ ဟိုတစ်စု သည်တစ်စု ကိုယ်တွေ ပြန်မယ့်အချိန်ကို ထမင်းချိုင့်တွေနဲ့ကို ထိုင်စောင့်နေကြတယ်။

ညကတော့ ကိုယ်တွေ အလုပ်သမားအဖွဲ့ တူးနေတုန်း လူတွေ ရောက်ချလာပြီး သူများဝင်းတခါးကို ချိုးဖျက်ကြတယ်။ အစောင့်အရှောက်အဖြစ် ရဲအင်အား ဆယ်ဦး အနားခေါ်ထားတော့ ဒီပြသနာကို ရဲက ဖြေရှင်းပေးပေမယ့် လူအုပ်ဟာ ရဲတွေကို ဆဲဆိုခြင်း ခဲနဲ့ပေါက်ခြင်း တုတ်နဲ့ပစ်ပေါက်ခြင်းတွေလုပ်ခဲ့ကြတယ်။ ရဲ အနည်းငယ် ဒဏ်ရာရ ရှိခဲ့ကြတယ်။ ကိုယ့်ပစ္စည်းကို တူးဆွ သယ်နေတဲ့ အလုပ်သမားတွေကို ဖယ်ပေးဖို့ လူအုပ်က တောင်းဆိုတယ်။ အံ့သြစရာနော်။ ဂိုဒေါင်မီးလောင်လို့ ဆုံးရှုံးမှုကြီးနေတဲ့ ကိုယ့်အလုပ်ရှင်အတွက် ယိုဖိတ်သွားတဲ့ ကိုယ့်ပစ္စည်းကို ပြန်လည်တူးယူတာကို လူအများက သတ်မယ်ဖြတ်မယ် တကဲကဲလုပ်ပြီး ရန်စဆဲဆိုနေကြတာဟာ အင်မတန် အံ့သြဖို့တော့ ကောင်းနေပြီ။

လူအုပ်ဟာ အတွင်းက ဖယောင်းတွေ ရဖို့အတွက် တားထားတဲ့ရဲတွေကို ရန်ရှာနေတာဟာ တစ်စတစ်စ ဆိုးရွားလာလို့ ရဲအင်အား အယောက်ခြောက်ဆယ်အထိ လုံခြုံရေး တိုးမြင့်ခဲ့ရတယ်။ ဒဂုံဆိပ်ကမ်းလွှတ်တော်အမတ် ခရိုင်မှူ း မြို့နယ်မှူ း ထွေအုပ်ပါ ရောက်လာရတဲ့အထိ ညက ပြသနာဟာ ကြီးထွားခဲ့တယ်။ ထွေအုပ်တောင် ကိုယ့်ဂိုဒေါင်ထဲ အမြန်အပြေးမြန်လို့ မဟုတ်ရင် မတွေးဝံ့စရာ။

သေနတ်တွေ မိုးပေါ်ထောင်ဖောက်ခဲ့ပေမယ့် လူအုပ်ဟာ အနည်းငယ် ရှဲသွားတာကလွဲလို့ ရန်မပြု ကြတော့ပေမယ့် လုံးလုံးလည်း ထွက်မသွားကြပါဘူး။ ရဲတွေဟာ ဒိုင်းကာတွေနဲ့ ကိုယ့်ကိုကိုယ့် ကာကွယ်ထားနေရတယ်။ မတော် လောဘတွေဟာ လူအများကို အတော် ဒုက္ခရောက်စေပါလား။ ဂိုဒေါင်ထဲလည်း လူမလစ်တဲ့ကြားက ခိုးဝင် ခိုးယူကြနဲ့။ဒါတောင် ကိုယ်တွေက မနက် နှစ်နာရီ သူံးနာရီထိုးမှ အိမ်ပြန်တာ အပြင်က ဟာတွေ ဘယ်လိုယူယူ မပြောလိုပေမယ့် ဝင်းခြံထဲအထိ ဝင်ရောက်ခိုးယူတာကတော့ အကျင့်တော်တော် ပျက်ပြားနေပါပြီ။

ပထမတော့ အော် မရှိကြတဲ့သူမို့ တခါတလေ အခွင့်အရေးရကြပါစေဆိုတဲ့ စိတ်လေးနဲ့ မသိဟန်ဆောင်နေပေးခဲ့တယ်။ ဒါပေမယ့် လူတွေက ကိုယ့်လောဘကို ကိုယ် မထိန်းချုပ်နိုင်ကြဘူး။ ရလေ လိုလေ အိုတစ္ဆေ ဖြစ်လာကြတယ်။ကိုယ့် အလုပ်သမားတွေကိုလည်း သတ်မယ်ဖြတ်မယ်ဆိုတာက ပါသေး။ ဟူးးးးးး တနေ့တနေ့ ဂိုဒေါင်အရှေ့ ခပိတည်တည်နဲ့ ဆိုင်ကယ်တွေ ကားတွေပေါ် ပေါ်တင် တင်ယူနေကြတာတွေ ကြည့်ပြီး ဘာမှ မပြောလိုပေမယ့် ဂိုဒေါင်အထဲက ပစ္စည်းကို ခိုးယူလာကြတဲ့အပေါ်မှာတော့ တော်တော်စိတ်ပျက်မိတာ အမှန်ပါဘဲ။ ကိုယ့်ဂိုဒေါင်ထဲ အဝင်အထွက်ကို လူလစ်မှ ထွက်ရ လာရတဲ့အထိ အခြေအနေက တင်းမာဆိုးရွားနေတယ်။ တနေ့တနေ့ စိတ်မောရတဲ့ အဖြစ်တွေ ဟူးး မြင်တွေ့နေရတဲ့ အရာတွေက တရား ရစရာတွေချည်းဘဲ။

share from : burmese.asia

LEAVE A REPLY