Zawgyi ဖြင့်ဖတ်ရန်



 






Unicode ဖြင့်ဖတ်ရန်

ဘဝတူ ကားသမားတွေကို အသက်စွန့်ကယ်ခဲ့တဲ့ သူရဲကောင်း (၂) ဦး

” ဒီလူတွေ သတ္တိရှိတယ် ” မနေ့ညက ကားငါးစီးမီးရှို့ခံရတယ် သတင်းရတယ် အနီးအနားကရွာသားတွေက ကားဆရာနဲ့ ခရီးသယ် တွေကို အိမ်တွေမှာခေါ်သိပ်ထားတယ်တဲ့ ။ ချက်ချင်း သွားခေါ်ထုပ်ချင်ပေမယ့် လမ်းကြောင်းမရှင်းသေးလို့ တညလုံးစိတ်မကောင်းစွာ ထိုင်စောင့်နေကြရပါတယ် ။ ဒီမနက်ဝေလီဝေလင်း သွားခွင့်ရရခြင်း ဗြမစိုရ် ဂရုဏာ နယ်စည်းမခြား ရွှေလှိုင်မတ္တာ က အရေးပေါ်ကား၇စီးနဲ့ ကားဆရာတွေနဲ့ခရီးသည် စုစုပေါင်း လူ ၃၀ သွားခေါ်ထုပ်လာတယ် ။

မီးလောင်ပြီး ဖရိန် ဘော်ဒီ သံသားကလွဲလို့ ဘာမှပြန်မရနှိုင်တဲ့အခြေအနေက ၇ စီးပါ ခုထိ ကုန်ပစ္စည်း ဗူးတွေ ကုန်တွေထပေါက်နေပြီး အနားကပ်ရင် ပြာပူတွေက လာစင်ပါတယ် ။ ကားဆရာတွေကို ညက ဖြစ်စဉ်မေးမြန်းတော့ ဖြစ်ရပ်ဆိုးထဲက ဂုဏ်ယူစရာ ကိစ္စတခုသိခဲ့ရတယ် ။ ဒီ တူဝရီးနှစ်ဦးအကြောင်းပါ။

ကားတွေမီးရှို့ပြီးထွက်သွားတော့ သူတို့ကားကိုအမြန်ညှိမ်းတယ် ကားမီးငြိမ်းတော့ ဘေးထိုးထားတယ် ။ တခြား လမ်းလွတ်တဲ့ကားတွေ မီးလောင်ရက်နဲ့တောင် မောင်းပြေးကြပေမယ့် သူတို့ကမပြေးပါဘူး ။ အခြားမီးသိပ်မလောင်တဲ့ကားတွေကို မီးတွေလောင်နေတဲ့ ကြားထဲ ဝင်ငြှိမ်းပေးပါတယ် ။ သော့ကျန်သေးတဲ့ကားတွေဆို သူတို့သော့ယူပြီး မောင်းပြီးဆွဲထုပ်ပေးတယ် ဒီလိုမှမလုပ်ရင် ကားတန်းတခုလုံးပိတ်ပြီးအကုန်မီးလောင်မယ့် အခြေအနေရှိပါတယ် ။

“ဒီအချိန် ဘယ်သူမှမီးလောင်နေတဲ့အနားမသွားရဲဘူး ” ” ဒီလူတွေ တကယ့်လူတွေဗျာ ” လို့ ကားသမားတယောက်က ဝင်ပြောတယ် ။ သူတို့ထုပ်ပေးလို့ ကားကြီး ကားသေး ၄စီး မီးလောင်မယ့်ဘေးကလွတ်သွားတယ်လို့သိရတယ် ။

ဒါကို မြင်တွေ့နေရတဲ့ ကားဆရာတွေကပြန်ပြောပြရင်း ချီးကျူးမဆုံး ပြောပါတယ် ။ ဝမ်းနည်းစရာက သူတို့ကားမီးငြိမ်းပေမယ့် ဘေးက အအေးခန်း Box ကားကြီးကမီးလောင်ပြီး ဘေးကိုပြိုကျလာတော့ သူတို့ကားလေးပါမီးစွဲလောင်ပြီး ကားရော သယ်လာတဲ့ပစ္စည်းတွေပါ လုံးဝပျက်စီးသွားတယ် ။ အဲ့ဒိ ကားကအရစ်ကျစနစ်နဲ့ တူဝရီးနှစ်ဦး စပ်ဝယ်ထားတာဖြစ်ပြီး ၇လသွင်းထားပြီး ခုထိ သွင်းငွေတောင် မကျေသေးဘူးလို့ ထပ်သိရတယ် ။ တကယ်စိတ်မကောင်းဖြစ်မိပါတယ် ။

စိတ်ဆင်းရဲနေကြလို့ အားပေးစကားပြောပြီး ထိခိုက်ဆုံးရှုံးခဲ့ရတာတွေအတွက် ပြန်လည်ထူထောင်နှိုင်ဖို့ အများကြီးမဟုတ်ပေမယ့် ကျွန်တော် (ငွေနှစ်သိန်းမတည်ပေးခဲ့ပါတယ်) ထပ်မံ ကူညီပေးနှိုင်မယ့်အလှူရှင်တွေရှိရင်လဲ သူတို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပါ့မယ်ခမျ ကူနှိုင်သူတွေကူကြပါ ။

share from:burmese.asia

LEAVE A REPLY