Zawgyi ျဖင့္ဖတ္ရန္

 

အိႏၵိယႏိုင္္ငံ အာဏာပိုင္ေတြဟာ မိန္းကေလးေမြးဖြားျခင္း မရွိတဲ့ ေက်း႐ြာေပါင္း ၁၀၀ ေက်ာ္ထက္မနည္းကို ေျမျပင္ကြင္းဆင္းစုံစမ္းမႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။
ဥတာကာရွီခ႐ိုင္က အာဏာပိုင္ေတြအေနနဲ႔ သူတို႔ ခ႐ိုင္အတြင္းက ခ႐ိုင္ခြဲသုံးခြဲမွာ ခုလို မိန္းကေလး မေမြးဖြားတာအတတြက္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္လာရတာပါ။

ဒီ ခ႐ိုင္ခြဲသုံးက ႐ြာေပါင္း ၁၃၃ ႐ြာမွာ ၿပီးခဲ့တဲ့ သုံးလအတြင္း မိန္းကေလး ေမြးဖြားျခင္း မရွိတာမို႔ အာဏာပိုင္ေတြက အဖြဲ႕ဝင္ ၂၆ ဦးပါ အဖြဲ႕ဖြဲ႕ၿပီး တစ္္အိမ္ဝင္တစ္အိမ္ထြက္ ကြင္းဆင္းစုံစမ္းေမးျမန္းမႈေတြ လုပ္ေဆာင္တာပါ။

အဲဒီ႐ြာေတြမွာ ၿပီးခဲ့တဲ့ ရက္ေပါင္း ၉၀ အတြင္း ကေလးေမြးဖြားမႈ ၂၁၆ ဦး ရွိခဲ့ေပမယ့္ မိန္းကေလးတစ္ေယာက္္မွ မပါတာေၾကာင့္ အာဏာပိုင္ေတြကို ထိတ္္လန႔္သြားေစတဲ့ အခ်က္အလက္ပဲ ျဖစ္ပါတယ္္။

မီဒီယာကေန ဒီအေၾကာင္း သတင္္းေဖာ္ျပလာတဲ့အခါမွာေတာ့ ျပည္နယ္ဝန္္ႀကီးခ်ဳပ္လည္း မေနသာေတာ့ဘဲ ကြင္းဆင္းစစ္ေဆးခိုင္းတဲ့အထိ ျဖစ္လာေတာ့တာပါ။
ဒီအတြက္ အဖြဲ႕ဝင္ ၂၆ ဦးပါ အဖြဲ႕ဟာ တနလၤာေန႔ကေန စတင္ၿပီးေျမျပင္စစ္ေဆးမႈေတြလုပ္ေဆာင္လာေတာ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တစ္အိမ္ဝင္တစ္အိမ္ထြက္ စုံစမ္းေမးျမန္းမႈေတြ လုပ္ေဆာင္ေနပါတယ္။ တစ္ပတ္ထဲနဲ႔ အၿပီးသတ္ႏိုင္မယ္ ေမွ်ာ္္လင့္ပါတယ္။”လို႔ အဲဒီအသင္းမွာ ပါ၀င္တဲ့ ေဒါက္တာ ခ်န္ဒန္ရာဝတ္က ေျပာခဲ့ပါတယ္။

Writer_ေမာင္သံဆင့္(xyznews)

Unicode ဖြင့်ဖတ်ရန်

မိန်းကလေး မမွေးဖွားတဲ့ ရွာပေါင်း ၁၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရ

အိန္ဒိယနိုင်ငံ အာဏာပိုင်တွေဟာ မိန်းကလေးမွေးဖွားခြင်း မရှိတဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ထက်မနည်းကို မြေပြင်ကွင်းဆင်းစုံစမ်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
ဥတာကာရှီခရိုင်က အာဏာပိုင်တွေအနေနဲ့ သူတို့ ခရိုင်အတွင်းက ခရိုင်ခွဲသုံးခွဲမှာ ခုလို မိန်းကလေး မမွေးဖွားတာအတတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လာရတာပါ။

ဒီ ခရိုင်ခွဲသုံးက ရွာပေါင်း ၁၃၃ ရွာမှာ ပြီးခဲ့တဲ့ သုံးလအတွင်း မိန်းကလေး မွေးဖွားခြင်း မရှိတာမို့ အာဏာပိုင်တွေက အဖွဲ့ဝင် ၂၆ ဦးပါ အဖွဲ့ဖွဲ့ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ကွင်းဆင်းစုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်တာပါ။

အဲဒီရွာတွေမှာ ပြီးခဲ့တဲ့ ရက်ပေါင်း ၉၀ အတွင်း ကလေးမွေးဖွားမှု ၂၁၆ ဦး ရှိခဲ့ပေမယ့် မိန်းကလေးတစ်ယောက်မှ မပါတာကြောင့် အာဏာပိုင်တွေကို ထိတ်လန့်သွားစေတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

မီဒီယာကနေ ဒီအကြောင်း သတင်းဖော်ပြလာတဲ့အခါမှာတော့ ပြည်နယ်ဝန်ကြီးချုပ်လည်း မနေသာတော့ဘဲ ကွင်းဆင်းစစ်ဆေးခိုင်းတဲ့အထိ ဖြစ်လာတော့တာပါ။
ဒီအတွက် အဖွဲ့ဝင် ၂၆ ဦးပါ အဖွဲ့ဟာ တနင်္လာနေ့ကနေ စတင်ပြီးမြေပြင်စစ်ဆေးမှုတွေလုပ်ဆောင်လာတော့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။ တစ်ပတ်ထဲနဲ့ အပြီးသတ်နိုင်မယ် မျှော်လင့်ပါတယ်။”လို့ အဲဒီအသင်းမှာ ပါဝင်တဲ့ ဒေါက်တာ ချန်ဒန်ရာဝတ်က ပြောခဲ့ပါတယ်။

Writer_မောင်သံဆင့်(xyznews)

LEAVE A REPLY