Zawgyi ျဖင့္ဖတ္ရန္

ျမန္မာျပည္မွာေမြး ျမန္မာျပည္မွာႀကီးၿပီး ျမန္မာျပည္ကိုခ်စ္တဲ့ ျမန္မာျပည္သား တ႐ုတ္ႏြယ္ဖြားမ်ားကိုပဲ ေဆြမ်ိဳးေပါက္ေဖာ္မိတ္ေဆြေတြလို႔ ကြၽန္ေတာ္သတ္မွတ္တယ္။ ကြၽန္ေတာ္ေရးတဲ့အထဲမွာ သူတို႔ကို ထိခိုက္ေစလိုစိတ္ တစ္စက္မွ မပါဘူး။ စိတ္အေႏွာင့္အယွက္ တစုံတရာ ျဖစ္ေစခဲ့ရင္ ႀကိဳၿပီး ေတာင္းပန္ပါတယ္။

ဒီ Post ကိုေရးတဲ့ ကြၽန္ေတာ့ဆီမွာ တ႐ုတ္ေသြး တစ္မတ္သား ပါတယ္။ ျပည္မႀကီးမွာ အငတ္ေဘး ဆိုက္ေတာ့ ကြၽန္ေတာ့ အေမရဲ႕ အဘိုးဟာ ျမန္မာျပည္ကို ေျပးလာတယ္။ ဘုန္းႀကီးတစ္ပါးနဲ႔ ေတြ႕ၿပီး ပါလာတဲ့ တ႐ုတ္႐ိုးရာ အားလုံးကို ဓားနဲ႔ခုတ္ၿပီး ေခ်ာင္းထဲ ေမွ်ာပစ္လိုက္တယ္။ ေထရဝါဒ ဗုဒၶဘာသာ အျဖစ္ခံယူတယ္။ ကြယ္လြန္ေတာ့လည္း ျမန္မာလိုပဲ သၿဂဳႋဟ္တယ္။

ေျပာခ်င္တာက ကြၽန္ေတာ္ တ႐ုတ္ေသြးေႏွာတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာေမြးလို႔ ျမန္မာျပည္ကိုပဲခ်စ္တယ္။ ကိုယ့္ဇာတိခ်က္ေႂကြ မြန္ျပည္နယ္ကိုခ်စ္လို႔ မင္းဘာလူမ်ိဳးလဲ လို႔ ေမးခဲ့ရင္ #မြန္ လို႔တစ္လုံးတည္းေျဖတယ္။ တ႐ုတ္ေသြး ေႏွာတယ္ဆိုတာကို ေမ့ကိုေမ့ထားတယ္။ ကြၽန္ေတာ္ဟာ တ႐ုတ္ေသြး နည္းနည္းေလးစပ္ေပမဲ့ ျမန္မာျပည္ကိုစစ္စစ္မွန္မွန္ခ်စ္တဲ့မြန္တစ္ေယာက္ပါ။ ဒါ့ေၾကာင့္ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အေရွ႕အရပ္က အင္အားႀကီးလာတဲ့ တ႐ုတ္ကို ငါ့ေသြးထဲ ဒင္းတို႔လူမ်ိဳး တစ္မတ္သားပါတာပဲ ဆိုၿပီး ေယာင္လို႔ေတာင္ ဦးၫႊတ္စရာ အေၾကာင္း တစ္စက္မွကို မရွိဘူး။

ႏိုင္ငံရပ္ျခား ေရာက္ဖူးၾကတဲ့သူေတြသိလိမ့္မယ္။ ျမန္မာေတြ အေရာက္အေပါက္ အလြန္မ်ားတဲ့ စကၤာပူ နဲ႔ပဲ ဥပမာ ေပးမယ္။ စကၤာပူမွာ အလုပ္လုပ္ခ်င္ရင္ အနိမ့္ဆုံး Work Permit ရွိမွလုပ္လို႔ရတယ္။ အလုပ္ဆိုတာ လခစား အလုပ္ကို ေျပာတာေနာ္။

ဒါေပမဲ ကိုယ္ပိုင္စီးပြားေရးဆိုလို႔ အေပါဆုံး ခ်ိဳခ်ဥ္ေရာင္းတဲ့ သၾကားလုံးဆိုင္ေလးေတာင္ ဖြင့္ခ်င္တိုင္းဖြင့္လို႔ မရဘူးဗ်။ လစာေဒၚလာႏွစ္ေထာင္ေက်ာ္ရတဲ့ S Pass ကိုင္တဲ့သူေတြ လစာေဒၚလာသုံးေထာင္ေက်ာ္ရတဲ့ EP ကိုင္ထားတဲ့ သူေတြလည္း ကိုယ္ပိုင္ဆိုင္ ဖြင့္ခြင့္မရွိဘူး။ Work Permit တို႔ S Pass တို႔ EP တို႔ဆိုတာ ဝန္ထမ္းျဖစ္ခြင့္ပါမစ္ အဆင့္ပဲ ရွိတာ။ ကိုယ္ပိုင္စီးပြားေရးလုပ္ခြင့္ ပါမစ္မဟုတ္ဘူး။ သၾကားလုံးေရာင္းတဲ့ဆိုင္လည္း ကိုယ္ပိုင္စီးပြားေရးပဲ။ မရဘူး။ ဝန္ထမ္းပဲလုပ္။ စီးပြားေရး မလုပ္နဲ႔။

သၾကားလုံးေရာင္းတဲ့ ကိုယ္ပိုင္ဆိုင္ ေလာက္ ဖြင့္ခြင့္ ဆိုတာ စကၤာပူရီယန္ ႏိုင္ငံသား မဟုတ္ခဲ့ရင္ ႏိုင္ငံျခားသားဆို PR လို႔ အတိုေကာက္ေခၚၾကတဲ့ Permanent Resident ျမန္မာလိုေျပာရရင္ အၿမဲတမ္းေနထိုင္ခြင့္ရွိသူ ဆိုတဲ့ အဆင့္ရွိမွရတာ။ PR ဆိုတာမ်ိဳးကလည္း လာေလွ်ာက္တဲ့ ေတြ႕ကရာ လူတိုင္း ေပါက္လႊတ္ပဲစား ေပးတာမ်ိဳးမဟုတ္ဘူး။ အဆင့္ဆင့္ အေသးစိတ္ စိစစ္တာ။ PR ရၿပီးတာေတာင္ အၿမဲတမ္း ေနထိုင္ခြင့္ရွိသူ ဆိုေပမဲ့ ႏိုင္ငံျခားသားပဲ ျဖစ္ေနေသးလို႔ စကၤာပူရီယန္ေတြထက္ အဆေပါင္းမ်ားစြာ ျမင့္မားတဲ့ အခြန္ကို ေပးရတာ။ သာမန္ဝန္ထမ္းျဖစ္ခြင့္ ပါမစ္ပဲရွိတဲ့ (ေရးရတာ အားေတာ့နာတယ္။ လခစားဘဝမွာပဲ ရွိေနေသး သမွ်ေတာ့ မန္ေနဂ်ာလည္း ဝန္ထမ္းပဲ။) WP တို႔ S Passတို႔ EP တို႔ေလာက္ဆို စကၤာပူမွာေနရင္ လင္မယား ဆို ကေလးေတာင္ မယူရဲေလာက္ေအာင္ အခြန္အခ မ်ားတာ။ ထားပါေတာ့ စကၤာပူနဲ႔ယွဥ္ရင္ ကိုယ့္ႏိုင္ငံရဲ႕ Loop Hole ေတြမ်ားခ်က္ကေတာ့…….

ဟိုးတေလာက ေျမနီကုန္း စီးတီးမတ္ အနားမွာ ဘာဝယ္ဝယ္ငါးေထာင္ လို႔ဆိုင္းဘုတ္တင္ၿပီး တ႐ုတ္စာတမ္း ေတြျပည့္ေနတဲ့ ဆိုင္တစ္ဆိုင္ေတြ႕လို႔ ဝင္စပ္စုတယ္။ ေမးၾကည့္တယ္။ ျမန္မာလို မေျပာတတ္ၾကဘူး။ ေတာ္ေတာ္ၾကာမွ စကားျပန္ ေရာက္လာၿပီး အေမးအေျဖလုပ္ရတယ္။ တကယ္တမ္းလည္း ဝယ္ဖို႔သြားတာမဟုတ္ဘူး။ ကိုယ့္တိုင္း ကိုယ့္ျပည္မွာ တ႐ုတ္လို ဆိုင္းဘုတ္တင္တာေတြ႕ရင္ ခံျပင္းၿပီး တင္းလြန္းလို႔ ဝင္ၿပီး ဆန္းစစ္တာ………

ေ႐ႊတိဂုံဘုရား အေနာက္ဘက္ ျပည္သူ႔ရင္ျပင္ထဲမွာ ပန္းအိုးေတြ အႀကီးအက်ယ္ေရာင္းေနတယ္။ ဝင္ေမးၾကည့္တယ္ ျမန္မာလိုမတတ္ဘူး။ တ႐ုတ္လိုေျဖေနတယ္။ ျပည္သူ႔ရင္ျပင္ထဲမွာ လာၿပီးေတာ့မ်ား ရာရာစစ…….. နာမည္ႀကီးၿပီး ဆိုင္ခြဲေတြ အမ်ားႀကီး ဖြင့္ေနတဲ့ ဆံသဆိုင္ ထဲဝင္တယ္။ ဆံပင္ညႇပ္ဆရာေတြ ျမန္မာစကား တစ္လုံးမွ မတတ္ဘူး။ စကားျပန္က “အစ္ကို ဘယ္လိုပုံ လိုခ်င္လဲ” လို႔ တ႐ုတ္သံဝဲဝဲ နဲ႔လာေမးတယ္။ အံႀကိတ္ ေခါင္းခါၿပီး ထထြက္ လာခဲ့တယ္……..

လမ္းေလွ်ာက္ရင္း လက္ထဲေၾကာ္ျငာလာထည့္တာက 18+ ပုံေတြ စာသားေတြ ေဝေဝဆာဆာနဲ႔ တ႐ုတ္ျပည္မွ ဆရာဝန္မ်ား ကုသေပးေနေသာ အထူးကုေဆးခန္းႀကီးတဲ့….ဘာေတြ ျဖစ္ကုန္ၿပီလဲ….အဲ့ဒီ ျမန္မာလိုတစ္လုံးမွ မတတ္တဲ့ တ႐ုတ္ေတြကို ဘယ္သူက ျမန္မာျပည္မွာ ေဆးကုသခြင့္ ဆမ ေပးလိုက္တာတုန္း? ဆရာဝန္ အစစ္ေတြေရာ ဟုတ္လို႔လား? ေဆးခန္းေထာင္ခြင့္ေရာ ဘယ္သူေတြကေပးလိုက္တာလဲ? ရန္ကုန္ ေဆး(၁) ကေန MBBS ဘြဲ႕ရၿပီး စကၤာပူမွာ ေဆးခန္းဖြင့္ခြင့္ ပါမစ္ သြားေလွ်ာက္ၾကည့္လိုက္ေလ။ လြယ္သလား လို႔သိခ်င္ရင္။ ျမန္မာစကား တစ္လုံးမွမတတ္ဘဲ ျပည္သူ႔ရင္ျပင္မွာ ဆိုင္လာဖြင့္ရေအာင္ အဲ့ဒီတ႐ုတ္ေတြက ဘယ္တုန္းက ျမန္မာျပည္မွာ အၿမဲတမ္း ေနထိုင္ခြင့္ PR ရသြားတာလဲ?

ပိုင္ရွင္က ျမန္မာႏိုင္ငံသား ဆိုရင္လည္း အဲ့ဒီတ႐ုတ္ေတြ ဘယ္လိုပါမစ္မ်ိဳးနဲ႔ လာလုပ္စားေနတာလဲ? ဒါမ်ိဳးကို ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ FDI လို႔ လာမေျပာနဲ႔။ လုံးဝမဟုတ္ဘူး။ ဘယ္ႏိုင္ငံမွာၾကည့္ၾကည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလို႔ ဆိုလိုက္တာနဲ႔ ဌာေနႏိုင္ငံသား အခ်ိဳး ဘယ္ေလာက္ ပါရမယ္။ မရွိမျဖစ္ပညာရွင္အဆင့္မွာမွ ႏိုင္ငံျခားသား ကြၽမ္းက်င္သူ ပညာရွင္ခန႔္ရမယ္။ အဲ့ဒီကြၽမ္းက်င္သူ ေနရာအတြက္ ဌာေနႏိုင္ငံသားေတြ လုပ္ႏိုင္လာေအာင္ ဘယ္လိုေလ့က်င့္ေပးရမယ္။ အရည္အေသြးမီလာရင္ ဌာေနႏိုင္ငံသားပညာရွင္ကို ႏိုင္ငံျခားသားေနရာမွာ ဘယ္လို အစားထိုးၿပီး နည္းပညာကို ဘယ္သို႔ဘယ္ပုံ လက္လႊဲယူမယ္ အစရွိသျဖင့္ အေျမာ္အျမင္ရွိရွီစီမံၾကတာခ်ည္းပဲ…..

အခုေတာ့မ်ား ျမန္မာျပည္မွာ ႏိုင္ငံျခားသား မ်က္ေပါက္က်ဥ္း ျပည္ႀကီးတ႐ုတ္ေတြ ေပါက္လႊတ္ပဲစား ေနခ်င္သလိုေန လုပ္ခ်င္တိုင္းလုပ္ခြင့္ရေနတာ တာဝန္ရွိသူေတြ အလုပ္လုံးဝ မလုပ္ၾကတာ သိသာလိုက္တာ။ ကိုယ္က ကြန္ျပဴတာ မထုတ္ႏိုင္လို႔ ႏိုင္ငံျခားက ထုတ္တဲ့ ကြန္ျပဴတာကို က်သင့္တဲ့ေဈးေပးၿပီး ဝယ္ရတာ ျပႆနာ မဟုတ္ဘူး။

ဒါေပမဲ့ ျမန္မာစကားတစ္လုံးမွ မတတ္တဲ့ မ်က္ေပါက္က်ဥ္း ႏွာေခါင္းျပားတစ္ေယာက္ဆီမွာ စကားျပန္နဲ႔ ဆံပင္ညႇပ္လိုက္တိုင္း ကိုယ့္ႏိုင္ငံသား ဆံသဆရာေလး တစ္ေယာက္ ကိုယ့္ဆီက ဆံသခ ေငြမရေတာ့ဘဲ ထမင္းငတ္သြားရွာၿပီ။ ဒါကို အၿမဲႏွလုံးသြင္းပါ…….. အရည္အေသြးမရွိတဲ့ ပစၥည္းတစ္ခုကို အဲ့ဒီငါးေထာင္တန္ ဆိုင္က ကိုယ္တစ္ခုခုဝယ္လိုက္တိုင္း ပစၥည္းေကာင္းေကာင္းကို အဆင့္ရွိရွိ ေရာင္းတဲ့ ကိုယ့္ႏိုင္ငံသားကုန္စုံဆိုင္ေလး တစ္ဆိုင္ဟာ ကိုယ့္ေၾကာင့္ဝင္ေငြ ငါးေထာင္ေလ်ာ့သြားၿပီ။ ကိုယ့္ႏိုင္ငံသားတစ္ေယာက္ကို အဲ့ဒီနည္းနဲ႔ ကိုယ္သတ္လိုက္သလို ျဖစ္သြားၿပီမွတ္ပါ။

တို႔ျမန္မာေတြ ေပါေခ်ာင္ေကာင္း သိပ္ႀကိဳက္တတ္တာ ကုမရတဲ့ ေရာဂါပဲ။ ဒါ့ေၾကာင့္ အဲ့ဒီလို ငါးေထာင္တန္ တ႐ုတ္အစုတ္ဆိုင္မ်ိဳးေတြေတြ႕တိုင္း ဒီဂါထာကို သက္ေစ့ နာနာ႐ြတ္ေပး……”ေပါၿပီးေခ်ာင္ေနၿပီဆိုတာနဲ႔လုံးဝမေကာင္းေတာ့ဘူး……..” လို႔ ………………

ဘယ္သူေသေသ ငေတမာရင္ၿပီးေရာ ဆိုတဲ့စိတ္နဲ႔ ကိုယ့္ႏိုင္ငံထဲ သြင္းခဲ့တဲ့သူ၊ ဝင္ခြင့္ေပးခဲ့တဲ့သူ၊ အဲ့ဒီဆိုင္မ်ိဳးမွာ ေပါေခ်ာင္ေကာင္းဝယ္တဲ့သူ၊ အေရးယူသင့္ ရက္နဲ႔ မယူဘဲ သိသိႀကီးနဲ႔ မျမင္ခ်င္ေယာင္ေဆာင္ေနတဲ့တာဝန္ရွိသူေတြ အားလုံးကိုေတာ့…………….

Minn Aung Khant Zaw (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ဖြင့်ဖတ်ရန်

ပေါချောင်ကောင်း အရမ်းကြိုက်တဲ့ မြန်မာလူမျိုးတွေကို ဂျင်းထည့်နေတဲ့လူတွေ

မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးပြီး မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သား တရုတ်နွယ်ဖွားများကိုပဲ ဆွေမျိုးပေါက်ဖော်မိတ်ဆွေတွေလို့ ကျွန်တော်သတ်မှတ်တယ်။ ကျွန်တော်ရေးတဲ့အထဲမှာ သူတို့ကို ထိခိုက်စေလိုစိတ် တစ်စက်မှ မပါဘူး။ စိတ်အနှောင့်အယှက် တစုံတရာ ဖြစ်စေခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်။

ဒီ Post ကိုရေးတဲ့ ကျွန်တော့ဆီမှာ တရုတ်သွေး တစ်မတ်သား ပါတယ်။ ပြည်မကြီးမှာ အငတ်ဘေး ဆိုက်တော့ ကျွန်တော့ အမေရဲ့ အဘိုးဟာ မြန်မာပြည်ကို ပြေးလာတယ်။ ဘုန်းကြီးတစ်ပါးနဲ့ တွေ့ပြီး ပါလာတဲ့ တရုတ်ရိုးရာ အားလုံးကို ဓားနဲ့ခုတ်ပြီး ချောင်းထဲ မျှောပစ်လိုက်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ အဖြစ်ခံယူတယ်။ ကွယ်လွန်တော့လည်း မြန်မာလိုပဲ သဂြုႋဟ်တယ်။

ပြောချင်တာက ကျွန်တော် တရုတ်သွေးနှောတယ်။ ဒါပေမဲ့ မြန်မာပြည်မှာမွေးလို့ မြန်မာပြည်ကိုပဲချစ်တယ်။ ကိုယ့်ဇာတိချက်ကြွေ မွန်ပြည်နယ်ကိုချစ်လို့ မင်းဘာလူမျိုးလဲ လို့ မေးခဲ့ရင် #မွန် လို့တစ်လုံးတည်းဖြေတယ်။ တရုတ်သွေး နှောတယ်ဆိုတာကို မေ့ကိုမေ့ထားတယ်။ ကျွန်တော်ဟာ တရုတ်သွေး နည်းနည်းလေးစပ်ပေမဲ့ မြန်မာပြည်ကိုစစ်စစ်မှန်မှန်ချစ်တဲ့မွန်တစ်ယောက်ပါ။ ဒါ့ကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရှေ့အရပ်က အင်အားကြီးလာတဲ့ တရုတ်ကို ငါ့သွေးထဲ ဒင်းတို့လူမျိုး တစ်မတ်သားပါတာပဲ ဆိုပြီး ယောင်လို့တောင် ဦးညွှတ်စရာ အကြောင်း တစ်စက်မှကို မရှိဘူး။

နိုင်ငံရပ်ခြား ရောက်ဖူးကြတဲ့သူတွေသိလိမ့်မယ်။ မြန်မာတွေ အရောက်အပေါက် အလွန်များတဲ့ စင်္ကာပူ နဲ့ပဲ ဥပမာ ပေးမယ်။ စင်္ကာပူမှာ အလုပ်လုပ်ချင်ရင် အနိမ့်ဆုံး Work Permit ရှိမှလုပ်လို့ရတယ်။ အလုပ်ဆိုတာ လခစား အလုပ်ကို ပြောတာနော်။

ဒါပေမဲ ကိုယ်ပိုင်စီးပွားရေးဆိုလို့ အပေါဆုံး ချိုချဉ်ရောင်းတဲ့ သကြားလုံးဆိုင်လေးတောင် ဖွင့်ချင်တိုင်းဖွင့်လို့ မရဘူးဗျ။ လစာဒေါ်လာနှစ်ထောင်ကျော်ရတဲ့ S Pass ကိုင်တဲ့သူတွေ လစာဒေါ်လာသုံးထောင်ကျော်ရတဲ့ EP ကိုင်ထားတဲ့ သူတွေလည်း ကိုယ်ပိုင်ဆိုင် ဖွင့်ခွင့်မရှိဘူး။ Work Permit တို့ S Pass တို့ EP တို့ဆိုတာ ဝန်ထမ်းဖြစ်ခွင့်ပါမစ် အဆင့်ပဲ ရှိတာ။ ကိုယ်ပိုင်စီးပွားရေးလုပ်ခွင့် ပါမစ်မဟုတ်ဘူး။ သကြားလုံးရောင်းတဲ့ဆိုင်လည်း ကိုယ်ပိုင်စီးပွားရေးပဲ။ မရဘူး။ ဝန်ထမ်းပဲလုပ်။ စီးပွားရေး မလုပ်နဲ့။

သကြားလုံးရောင်းတဲ့ ကိုယ်ပိုင်ဆိုင် လောက် ဖွင့်ခွင့် ဆိုတာ စင်္ကာပူရီယန် နိုင်ငံသား မဟုတ်ခဲ့ရင် နိုင်ငံခြားသားဆို PR လို့ အတိုကောက်ခေါ်ကြတဲ့ Permanent Resident မြန်မာလိုပြောရရင် အမြဲတမ်းနေထိုင်ခွင့်ရှိသူ ဆိုတဲ့ အဆင့်ရှိမှရတာ။ PR ဆိုတာမျိုးကလည်း လာလျှောက်တဲ့ တွေ့ကရာ လူတိုင်း ပေါက်လွှတ်ပဲစား ပေးတာမျိုးမဟုတ်ဘူး။ အဆင့်ဆင့် အသေးစိတ် စိစစ်တာ။ PR ရပြီးတာတောင် အမြဲတမ်း နေထိုင်ခွင့်ရှိသူ ဆိုပေမဲ့ နိုင်ငံခြားသားပဲ ဖြစ်နေသေးလို့ စင်္ကာပူရီယန်တွေထက် အဆပေါင်းများစွာ မြင့်မားတဲ့ အခွန်ကို ပေးရတာ။ သာမန်ဝန်ထမ်းဖြစ်ခွင့် ပါမစ်ပဲရှိတဲ့ (ရေးရတာ အားတော့နာတယ်။ လခစားဘဝမှာပဲ ရှိနေသေး သမျှတော့ မန်နေဂျာလည်း ဝန်ထမ်းပဲ။) WP တို့ S Passတို့ EP တို့လောက်ဆို စင်္ကာပူမှာနေရင် လင်မယား ဆို ကလေးတောင် မယူရဲလောက်အောင် အခွန်အခ များတာ။ ထားပါတော့ စင်္ကာပူနဲ့ယှဉ်ရင် ကိုယ့်နိုင်ငံရဲ့ Loop Hole တွေများချက်ကတော့…….

ဟိုးတလောက မြေနီကုန်း စီးတီးမတ် အနားမှာ ဘာဝယ်ဝယ်ငါးထောင် လို့ဆိုင်းဘုတ်တင်ပြီး တရုတ်စာတမ်း တွေပြည့်နေတဲ့ ဆိုင်တစ်ဆိုင်တွေ့လို့ ဝင်စပ်စုတယ်။ မေးကြည့်တယ်။ မြန်မာလို မပြောတတ်ကြဘူး။ တော်တော်ကြာမှ စကားပြန် ရောက်လာပြီး အမေးအဖြေလုပ်ရတယ်။ တကယ်တမ်းလည်း ဝယ်ဖို့သွားတာမဟုတ်ဘူး။ ကိုယ့်တိုင်း ကိုယ့်ပြည်မှာ တရုတ်လို ဆိုင်းဘုတ်တင်တာတွေ့ရင် ခံပြင်းပြီး တင်းလွန်းလို့ ဝင်ပြီး ဆန်းစစ်တာ………

ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင်ထဲမှာ ပန်းအိုးတွေ အကြီးအကျယ်ရောင်းနေတယ်။ ဝင်မေးကြည့်တယ် မြန်မာလိုမတတ်ဘူး။ တရုတ်လိုဖြေနေတယ်။ ပြည်သူ့ရင်ပြင်ထဲမှာ လာပြီးတော့များ ရာရာစစ…….. နာမည်ကြီးပြီး ဆိုင်ခွဲတွေ အများကြီး ဖွင့်နေတဲ့ ဆံသဆိုင် ထဲဝင်တယ်။ ဆံပင်ညှပ်ဆရာတွေ မြန်မာစကား တစ်လုံးမှ မတတ်ဘူး။ စကားပြန်က “အစ်ကို ဘယ်လိုပုံ လိုချင်လဲ” လို့ တရုတ်သံဝဲဝဲ နဲ့လာမေးတယ်။ အံကြိတ် ခေါင်းခါပြီး ထထွက် လာခဲ့တယ်……..

လမ်းလျှောက်ရင်း လက်ထဲကြော်ငြာလာထည့်တာက 18+ ပုံတွေ စာသားတွေ ဝေဝေဆာဆာနဲ့ တရုတ်ပြည်မှ ဆရာဝန်များ ကုသပေးနေသော အထူးကုဆေးခန်းကြီးတဲ့….ဘာတွေ ဖြစ်ကုန်ပြီလဲ….အဲ့ဒီ မြန်မာလိုတစ်လုံးမှ မတတ်တဲ့ တရုတ်တွေကို ဘယ်သူက မြန်မာပြည်မှာ ဆေးကုသခွင့် ဆမ ပေးလိုက်တာတုန်း? ဆရာဝန် အစစ်တွေရော ဟုတ်လို့လား? ဆေးခန်းထောင်ခွင့်ရော ဘယ်သူတွေကပေးလိုက်တာလဲ? ရန်ကုန် ဆေး(၁) ကနေ MBBS ဘွဲ့ရပြီး စင်္ကာပူမှာ ဆေးခန်းဖွင့်ခွင့် ပါမစ် သွားလျှောက်ကြည့်လိုက်လေ။ လွယ်သလား လို့သိချင်ရင်။ မြန်မာစကား တစ်လုံးမှမတတ်ဘဲ ပြည်သူ့ရင်ပြင်မှာ ဆိုင်လာဖွင့်ရအောင် အဲ့ဒီတရုတ်တွေက ဘယ်တုန်းက မြန်မာပြည်မှာ အမြဲတမ်း နေထိုင်ခွင့် PR ရသွားတာလဲ?

ပိုင်ရှင်က မြန်မာနိုင်ငံသား ဆိုရင်လည်း အဲ့ဒီတရုတ်တွေ ဘယ်လိုပါမစ်မျိုးနဲ့ လာလုပ်စားနေတာလဲ? ဒါမျိုးကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI လို့ လာမပြောနဲ့။ လုံးဝမဟုတ်ဘူး။ ဘယ်နိုင်ငံမှာကြည့်ကြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို့ ဆိုလိုက်တာနဲ့ ဌာနေနိုင်ငံသား အချိုး ဘယ်လောက် ပါရမယ်။ မရှိမဖြစ်ပညာရှင်အဆင့်မှာမှ နိုင်ငံခြားသား ကျွမ်းကျင်သူ ပညာရှင်ခန့်ရမယ်။ အဲ့ဒီကျွမ်းကျင်သူ နေရာအတွက် ဌာနေနိုင်ငံသားတွေ လုပ်နိုင်လာအောင် ဘယ်လိုလေ့ကျင့်ပေးရမယ်။ အရည်အသွေးမီလာရင် ဌာနေနိုင်ငံသားပညာရှင်ကို နိုင်ငံခြားသားနေရာမှာ ဘယ်လို အစားထိုးပြီး နည်းပညာကို ဘယ်သို့ဘယ်ပုံ လက်လွှဲယူမယ် အစရှိသဖြင့် အမြော်အမြင်ရှိရှီစီမံကြတာချည်းပဲ…..

အခုတော့များ မြန်မာပြည်မှာ နိုင်ငံခြားသား မျက်ပေါက်ကျဉ်း ပြည်ကြီးတရုတ်တွေ ပေါက်လွှတ်ပဲစား နေချင်သလိုနေ လုပ်ချင်တိုင်းလုပ်ခွင့်ရနေတာ တာဝန်ရှိသူတွေ အလုပ်လုံးဝ မလုပ်ကြတာ သိသာလိုက်တာ။ ကိုယ်က ကွန်ပြူတာ မထုတ်နိုင်လို့ နိုင်ငံခြားက ထုတ်တဲ့ ကွန်ပြူတာကို ကျသင့်တဲ့ဈေးပေးပြီး ဝယ်ရတာ ပြဿနာ မဟုတ်ဘူး။

ဒါပေမဲ့ မြန်မာစကားတစ်လုံးမှ မတတ်တဲ့ မျက်ပေါက်ကျဉ်း နှာခေါင်းပြားတစ်ယောက်ဆီမှာ စကားပြန်နဲ့ ဆံပင်ညှပ်လိုက်တိုင်း ကိုယ့်နိုင်ငံသား ဆံသဆရာလေး တစ်ယောက် ကိုယ့်ဆီက ဆံသခ ငွေမရတော့ဘဲ ထမင်းငတ်သွားရှာပြီ။ ဒါကို အမြဲနှလုံးသွင်းပါ…….. အရည်အသွေးမရှိတဲ့ ပစ္စည်းတစ်ခုကို အဲ့ဒီငါးထောင်တန် ဆိုင်က ကိုယ်တစ်ခုခုဝယ်လိုက်တိုင်း ပစ္စည်းကောင်းကောင်းကို အဆင့်ရှိရှိ ရောင်းတဲ့ ကိုယ့်နိုင်ငံသားကုန်စုံဆိုင်လေး တစ်ဆိုင်ဟာ ကိုယ့်ကြောင့်ဝင်ငွေ ငါးထောင်လျော့သွားပြီ။ ကိုယ့်နိုင်ငံသားတစ်ယောက်ကို အဲ့ဒီနည်းနဲ့ ကိုယ်သတ်လိုက်သလို ဖြစ်သွားပြီမှတ်ပါ။

တို့မြန်မာတွေ ပေါချောင်ကောင်း သိပ်ကြိုက်တတ်တာ ကုမရတဲ့ ရောဂါပဲ။ ဒါ့ကြောင့် အဲ့ဒီလို ငါးထောင်တန် တရုတ်အစုတ်ဆိုင်မျိုးတွေတွေ့တိုင်း ဒီဂါထာကို သက်စေ့ နာနာရွတ်ပေး……”ပေါပြီးချောင်နေပြီဆိုတာနဲ့လုံးဝမကောင်းတော့ဘူး……..” လို့ ………………

ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်နဲ့ ကိုယ့်နိုင်ငံထဲ သွင်းခဲ့တဲ့သူ၊ ဝင်ခွင့်ပေးခဲ့တဲ့သူ၊ အဲ့ဒီဆိုင်မျိုးမှာ ပေါချောင်ကောင်းဝယ်တဲ့သူ၊ အရေးယူသင့် ရက်နဲ့ မယူဘဲ သိသိကြီးနဲ့ မမြင်ချင်ယောင်ဆောင်နေတဲ့တာဝန်ရှိသူတွေ အားလုံးကိုတော့…………….

Minn Aung Khant Zaw (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY