Zawgyi ျဖင့္ဖတ္ရန္

 

( Video ဖိုင္ကို ေအာက္ဆံုးမွာတြဲျပီး တင္ေပးထားပါတယ္ )

“ေရႊစြန္ညိဳ..ဘာကိုလိုလို႔ ..ဝဲတယ္….
မေထြးလိုလို႔ ..ဝဲပါတယ္…
မေထြးမပါ …ဒို႔ခ်ည္းသာ…
ပါပါလ်က္သား..ေနာက္ကထား…
မေထြးအသားခါးလွတယ္…
ေခ်ာင္းငယ္ေရနဲ႔ ေဆးပါ့မယ္..
ေခ်ာင္းငယ္ေရခ်မ္း ေႏြမွာခမ္း….”

ဆိုတဲ့ ေရႊစြန္ညိဳသီခ်င္းေလးကို သားေခ်ာ့ေတးေလး အျဖစ္ ပရိသတ္ႀကီးတို႔ ငယ္ငယ္က နားဆင္ၿပီး အိပ္ခဲ့ၾကဖူးမွာပါ….ေမေမဆိုျပခဲ့တဲ့ ေရႊစြန္ညိဳသီခ်င္းေလးထဲက မေထြးေလးကို စားဖို႔ ဖမ္းတဲ့ ေရႊစြန္ညိဳႀကီးကိုလည္း ပရိသတ္တို႔ ေၾကာက္ခဲ့ၾကမွာပါ…အဲဒီလို နာမည္ေက်ာ္ ေရႊစြန္ညိဳ သီခ်င္းေလးကို ခုခါမွာေတာ့ တရုတ္ႏိုင္ငံရဲ႕ နာမည္ႀကီး ရုပ္သံလိုင္းတစ္ခုမွာ ျပသခဲ့ပါတယ္လို႔ သိရပါတယ္..…..

ျမန္မာ့ယဥ္ေက်းမႈ သရုပ္သကန္ေတြကို ႏိုင္ငံျခားတိုင္းျပည္ေတြမွာ တကူးတက ျပသေလာက္ရေအာင္ ေရႊစြန္ညိဳ သီခ်င္းက ဘာေတြမ်ားထူးဆန္းပါသလဲ….ေမးသင့္တဲ့ ေမးခြန္းတစ္ခုပါပဲ…. ေရႊစြန္ညိဳသီခ်င္းဟာ ျမန္မာလူမ်ိဳးတိုင္း ငယ္ငယ္က နားေထာင္ဖူးခဲ့ၾကတဲ့ သီခ်င္းျဖစ္ျခင္း… အဲဒီသီခ်င္းကိုမွ ေရွးေခတ္ လွပ်ိဳျဖဴေလးမ်ားရဲ႕ ေတးသရုပ္ေဖာ္မႈက ဆြဲေဆာင္မႈရွိျခင္း…..ယေန႔ေခတ္ေလာက္ ေခတ္မီမႈမရွိေသးတဲ့ အရင္ေခတ္မွာေတာင္ လွပ်ိဳျဖဴမ်ားရဲ႕ အလွတရားဟာ အေနာက္တုိင္းသူမ်ားေအာက္ မေလ်ာ့ဘဲ က်က္သေရရွိ အဆင့္အတန္းရွိတဲ့ ျမန္မာမိန္းမပ်ိဳဟန္ပန္ကို ျပသႏိုင္ျခင္းတို႔ေၾကာင့္ ဒီသီခ်င္းကို ခုလို တင္ဆက္ခဲ့တာပဲ ျဖစ္ပါတယ္…

က်ေနာ္ေျပာတာ မယံုရင္ ေအာက္ကဗီဒီယိုေလးကို ၾကည့္ၾကည့္လိုက္ပါ…. ပရိသတ္ႀကီးတို႔သာ ၁၉၆၀-၇၀ မွာ ေမြးဖြားခဲ့သူဆိုရင္ ငယ္ဘဝကိုလြမ္းဆြတ္တမ္းတမိမွာ ျဖစ္သလို 90s 20s ေတြဆိုရင္လည္း ေရွးျမန္မာမိန္းမပ်ိဳေလးမ်ားရဲ႕ ယေန႔ေခတ္နဲ႔ မတူ က်က္သေရရွိစြာ လွပတဲ့ အလွတရားေတြကိုလည္း ေလ့လာခြင့္ရမွာ ျဖစ္ပါတယ္…ကဲ…ၫႊန္းေနတာနဲ႔မလံုေလာက္ပါဘူး ကိုယ္တိုင္သာ ၾကည့္ၾကည့္လိုက္ပါေနာ္….

ရုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)

Unicode ဖြင့်ဖတ်ရန်

တရုတ်ရုပ်သံမှာ ပြသွားပြီး နာမည်ကြီးခဲ့တဲ့ ရှေးမြန်မာ့လှပျိုဖြူများရဲ့ ရွှေစွန်ညို တေးသရုပ်ဖော်

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

“ရွှေစွန်ညို..ဘာကိုလိုလို့ ..ဝဲတယ်….
မထွေးလိုလို့ ..ဝဲပါတယ်…
မထွေးမပါ …ဒို့ချည်းသာ…
ပါပါလျက်သား..နောက်ကထား…
မထွေးအသားခါးလှတယ်…
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်..
ချောင်းငယ်ရေချမ်း နွေမှာခမ်း….”

ဆိုတဲ့ ရွှေစွန်ညိုသီချင်းလေးကို သားချော့တေးလေး အဖြစ် ပရိသတ်ကြီးတို့ ငယ်ငယ်က နားဆင်ပြီး အိပ်ခဲ့ကြဖူးမှာပါ….မေမေဆိုပြခဲ့တဲ့ ရွှေစွန်ညိုသီချင်းလေးထဲက မထွေးလေးကို စားဖို့ ဖမ်းတဲ့ ရွှေစွန်ညိုကြီးကိုလည်း ပရိသတ်တို့ ကြောက်ခဲ့ကြမှာပါ…အဲဒီလို နာမည်ကျော် ရွှေစွန်ညို သီချင်းလေးကို ခုခါမှာတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုမှာ ပြသခဲ့ပါတယ်လို့ သိရပါတယ်..…..

မြန်မာ့ယဉ်ကျေးမှု သရုပ်သကန်တွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ တကူးတက ပြသလောက်ရအောင် ရွှေစွန်ညို သီချင်းက ဘာတွေများထူးဆန်းပါသလဲ….မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ…. ရွှေစွန်ညိုသီချင်းဟာ မြန်မာလူမျိုးတိုင်း ငယ်ငယ်က နားထောင်ဖူးခဲ့ကြတဲ့ သီချင်းဖြစ်ခြင်း… အဲဒီသီချင်းကိုမှ ရှေးခေတ် လှပျိုဖြူလေးများရဲ့ တေးသရုပ်ဖော်မှုက ဆွဲဆောင်မှုရှိခြင်း…..ယနေ့ခေတ်လောက် ခေတ်မီမှုမရှိသေးတဲ့ အရင်ခေတ်မှာတောင် လှပျိုဖြူများရဲ့ အလှတရားဟာ အနောက်တိုင်းသူများအောက် မလျော့ဘဲ ကျက်သရေရှိ အဆင့်အတန်းရှိတဲ့ မြန်မာမိန်းမပျိုဟန်ပန်ကို ပြသနိုင်ခြင်းတို့ကြောင့် ဒီသီချင်းကို ခုလို တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်…

ကျနော်ပြောတာ မယုံရင် အောက်ကဗီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါ…. ပရိသတ်ကြီးတို့သာ ၁၉၆၀-၇၀ မှာ မွေးဖွားခဲ့သူဆိုရင် ငယ်ဘဝကိုလွမ်းဆွတ်တမ်းတမိမှာ ဖြစ်သလို 90s 20s တွေဆိုရင်လည်း ရှေးမြန်မာမိန်းမပျိုလေးများရဲ့ ယနေ့ခေတ်နဲ့ မတူ ကျက်သရေရှိစွာ လှပတဲ့ အလှတရားတွေကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်…ကဲ…ညွှန်းနေတာနဲ့မလုံလောက်ပါဘူး ကိုယ်တိုင်သာ ကြည့်ကြည့်လိုက်ပါနော်….

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

LEAVE A REPLY