Zawgyi ဖြင့်ဖတ်ရန်



 





Unicode ဖြင့်ဖတ်ရန်

စုံတွဲကြော်ငြာလေးရိုက်ဖို့ ခင်ပွန်းနဲ့ ဘန်ကောက်ကို ခရီးထွက်နေတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

အအောင်မြင်ဆုံးနဲ့ အပျော်ရွှင်ဆုံး အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ ဝါသနာပါတဲ့ အနုပညာကို အကောင်းဆုံး ဖန်တီးရင်း မိသားစုကိုလည်း အချိန်ပေးဖြစ်နေတာပါ။ ရင့်ကျက်လွန်းတဲ့ သူတို့နှစ်ဦးကတော့ Romantic ဆန်ဆန် နေပြလေ့မရှိပေမယ့် ကြင်နာတတ်လွန်းတဲ့ အပြုအမူတွေကြောင့် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိတန်ဖိုးထားလဲဆိုတာ သိနိုင်ပါတယ်။ လတ်တလောမှာတော့ အိန္ဒြာကျော်ဇင်က စုံတွဲကြော်ငြာလေးရိုက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့ ဘန်ကောက်ကို ခရီးထွက်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်အချစ်တော် အနုပညာမောင်နှံလေးကတော့ ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျပြီး အရမ်းလန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ခရီးသွားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကတော့ “မနေ့က ခရီးကပြန်ရောက် ဒီနေ့ခရီးပြန်ထွက်…Bkk မှာ စုံတွဲ ကြော်ငြာလေးတဖြတ်သွားရိုက်လိုက်ဦးမယ်ညော်🖤🧡” ဆိုပြီး သူမက မနေ့ကမှ ဥရောပ ခရီးက ပြန်ရောက်ပေမယ့် ဒီနေ့ပဲ အလုပ်ကိစ္စအတွက် ခင်ပွန်းနဲ့ ဘန်ကောက်သွားနေတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အသက်၂၃ နှစ်ပြည့်မွေးနေ့မှာ မိဘကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File
ဘယ်အချိန်ကြည့်ကြည့် အမြဲလန်းနေတဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ…။

စိတ်တူကိုယ်တူရှိလှတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အရမ်းတတ်တဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘန်ကောက်ကို စုံတွဲလိုက် ကြော်ငြာရိုက်သွားကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Eaindra Kyaw Zin’s Facebook

LEAVE A REPLY