Zawgyi ဖြင့်ဖတ်ရန်



 




Writer – Min Thu ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

လိင်ပြောင်း အမျိုးသမီးက သူမကို ယောက်ျားဘဝတုန်းက ငြင်းခဲ့သူနဲ့ ချစ်သူတွေဖြစ်လာ

အမေရိကန်နိုင်ငံ Owensboro မြို့ က Erin အမည်ရှိသူ ၂၂ နှစ်အရွယ် လိင်ပြောင်း အမျိုးသမီး က သူမ ယောက်ျား ဘဝက ချစ်ခဲ့ရသူ ၂၈ နှစ်အရွယ် ကွန်ပျူတာ သိပ္ပံကျောင်းသားကို ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Facebook မှာ လည်းစကားသွားပြောခဲ့ပါတယ်။ဒါပေမယ့် သူငြင်းခဲ့လို့ သူမနောက်ဆုတ်ခဲ့ရပါတယ်။ Erin က ယောက်ျားဘဝနဲ့ မွေးဖွားလာတာပါ။

သူဟာ ယောက်ျားအဖြစ်နေခဲ့ပေမယ့်အမြဲတမ်းမိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။သူမက ကျွန်မသုံးနှစ်အရွယ်မှာ ပန်းချီဆွဲတာဝါသနာပါခဲ့ပါတယ်။ကျွန်မကိုယ်ကျွန်မ မိန်းကလေးအဖြစ်သာယူဆပြီး ပုံတွေဆွဲခဲ့ပါတယ်။အဲ့အချိန်ကကျွန်မ အဖွား အဝတ်တွေ အမေ့ မိတ်ကပ်တွေသုံးခဲ့ ဝတ်ခဲ့ပြီး သူတို့အံ့အားသင့်ခဲ့ရပါတယ်။ကျွန်မက အားလုံးရဲ့အနိုင်ကျင့်မှုတွေခံခဲ့ရပြီးကျွန်မကိုလှောင်ခဲ့ကြပါတယ်။နောက်တော့ကောင်မလေးတွေက ကျွန်မကိုကောင်လေးအဖြစ်သာမြင်ပြီး ဝေးရာကိုထွက်ပြေးကြပါတယ်။

သူမ ၁၈ နှစ်မှာတော့ ဆုံးဖြတ်ချက်ချခဲ့ပြီးသူမရဲ့ယောက်ျားလေးခန္ဓာကိုယ်ကို မုန်းခဲ့ပါတယ်။သူမကဒါကိုပြောင်းလဲချင်ခဲ့ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိခဲ့ပါဘူး။ဒါကို စလုပ်ဖို့ အသက်ကြီးပြီ ထင်ခဲ့ပြီး ဘဝကတိုလွန်းတာမို့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။မုတ်ဆိတ်မွေးတွေ ဟိုမုန်းပြောာင်းလဲမှုကိုနှစ်နှစ်ကြာ အစားထိုးပြီးနောက်မှာတော့ သူ့အရင် ချစ်ခဲ့ရသူရဲ့ သတိပြုမှုကိုခံရလာပါတယ်။

နောက်နှစ်နှစ်အကြာမှာ အဲ့ကောင်လေးက သူမဓာတ်ပုံတွေကို like တွေပေးလာခဲ့ပါတယ်။ဒါကြောင့် သူနဲ့ကျွန်မ ဆက်သွယ်နိုင်ခဲ့ပြီး ကျွန်မမွေးနေ့အပြီး နောက်တစ်ပတ်မှာတော့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သူတို့အချစ်ဟာ အခုဆိုရင် နှစ်နှစ် ရှိနေပါပြီ။ဒါပေမယ့် အခြားအတွဲတွေလိုတော့ မဟုတ်ခဲ့ပါဘူး။ပြည်သူတွေရဲ့ဝေဖန်မှုကိုအစကခံခဲ့ရပါတယ်။အခုတော့ သူတို့ဟာ ပျော်ရွှင်စွာနေထိုင်နေပါပြီ။သူမဟာ ခွဲစိတ်မှုတွေ ဆက်ပြုလုပ်ပြီး ယုံကြည်မှုတိုးလာအောင်ပြုလုပ်မှာပါတဲ့။သူမဟာ ခွဲစိတ်ထားတာဖြစ်ကြောင်း မိသားစုကိုရိုးရိုးသားသားဖွင့်ပြောခဲ့ပေမယ့် မိသားစုကကြည်ဖြူစွာလက်ခံခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ အလွန်ကြည်နူးဖွယ် relationship လေးကိုရရှိနေပါပြီ။

အရင်ကနဲ့ ဆန့်ကျင်စွာနဲ့ပဲ ကောင်လေးက မငြင်းတော့ပဲ လက်ခံခဲ့ပါတယ်။အခုဆို အခြားသူတွေကပင်သူတို့ကို လက်ခံလာကြတဲ့
အပြင် ဒီ့ထက်ပိုချစ်ဖို့တွန်းအားပေးလာပါပြီ။

Writer – Min Thu ( XYZ NEWS )

LEAVE A REPLY