Zawgyi ဖြင့်ဖတ်ရန်
Source – momolay tv
Unicode ဖြင့်ဖတ်ရန်
ဒေါင်းနဲ့ကစ်ကစ်တို့ကြားက ဖျောက်ထားခဲ့တဲ့ အရာလေးကို ဖော်ထုတ်မှာ ဆိုတဲ့ ဒါရိုက်တာ ချာချိုင်
ပရိသတ်တွေကြားမှာ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ သရဲကားတစ်ကားဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယပိုင်းကို ထပ်မံရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်နဲ့ ပထမကားမှာတုန်းကဝှက်ထားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ရိုက်ကူးပုံဖော်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းတစ်ချိုု့ကို ပြောပြသွားခဲ့ပါတယ်။
ဒါရိုက်တာ ချာချိုင် ပြောခဲ့တာကတော့ “ လိပ်ပြာစံအိမ်(၂) နဲ့ ပတ်သက်ပြီး အများကြီးတော့ပြောလို့မရဘူး ။ ဒီဇာတ်ကားရဲ့ အကြောင်းလေးက ဒီကာရိုက်တာ နှစ်ခု ဖြစ်တဲ့ ကိုဒေါင်းနဲ့ မကစ်တို့ရဲ့ ကာရိုက်တာနှစ်ခုကြားထဲမှာ ကျွန်မတို့ ဖျောက်ထားခဲ့တဲ့ လင့်လေးကို ချပြသွားမှာဖြစ်တယ် ။ကြောက်ဖို့ကောင်းတာလဲ ဖြစ်နိုင်သလို ပိုပြီးတော့ အသစ်ဆိုတာမျိုးလဲ ဖြစ်နိုင်တယ် ။ ပိုပြီးကြောက်ဖို့ကောင်းတာတွေ စိတ်လှုပ်ရှားဖို့ကောင်းတာတွေ ဝမ်းနည်းဖို့ကောင်းတာတွေ ဖြစ်နိုင်တယ်”
“ ဇာတ်လမ်းကိုခုမှသေသေချာချာလေး တည်ဆောက်နေတုန်းဘဲ ရှိသေးတယ် ။ ခဏလေးတော့စောင့်ပါအုံး ။ ဒီဇာတ်လမ်းလေးက ခုစောင့်နေရင်းနဲ့ ပြောင်းသွားနိုင်တာလေးရှိတော့ ပြောလို့မရသေးပါဘူး ။ ဒီဇာတ်ကားဆိုလဲ ပုံစံလေးက မပြီးသလိုလို ပြီးသလိုလို ပုံစံလေးနဲ့ ပြီးသွားတယ် ဆိုတော့ ဘဝကို ကြည့်မယ်ဆိုရင် ပြီးတယ်ဆိုတာမရှိဘဲ ဘဝကဆက်ပြီးသွားနေတယ် လုပ်စရာတွေ များနေတယ် ဘယ်တော့မှမပြီးဆုံးသွားဘူး”
“ သေသွားတယ်ဆိုရင်တောင်မှ လိပ်ပြာတွေ ဝိညာဉ်တွေကလဲ ဆက်ပြီးရှင်သန်နေရတာဘဲဆိုတဲ့ idea လေးကို သဘောကြတာကြောင့် အဲ့ဒီ Plan လေးနဲ့ဘဲသွားတာပါ။ နောက်နှစ်နှစ်လည် လောက်မှာရိုက်ကူးနိုင်မယ်။လောလောဆ ယ်ဇာတ်လမ်းက အကြမ်းဘဲရှိတယ် ။ဒီအကြမ်းကိုလဲ ပြန်တည်ဆောက်ဖို့အတွက် လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုတော့ အချိန်တွေထပ်ပြီး လိုအပ်သေးတယ်” လို့လဲ ပြောပြသွားခဲ့ပါတယ်။
Source – momolay tv
LEAVE A REPLY