Zawgyi ျဖင့္ဖတ္ရန္

 

ဗစ္တိုးရီးယားအမႈတြင္ တရားခံဟုစြဲခ်က္တင္ခံထားရသည့္ ေအာင္ႀကီးဘက္မွ ေရွ႕ေန႔အျဖစ္လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္မွ တရားစြဲဆိုမႈတစ္ခု ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့ပါတယ္။

ေရွ႕ေနေဒၚစုဒါလီေအာင္ကို တရားစြဲရသည့္အေၾကာင္းရင္းမွာ ဗစ္တိုးရီးယားဖခင္ကို စစ္ေဆးေမးျမန္းသည့္ေန႔က သတင္းမီဒီယာမ်ားတြင္ ေဒၚဥမၼာလႈိင္၏သားမ်ားႏွင့္ပတ္သက္ၿပီး ေျဖၾကားမႈမွာ ၁၈ ႏွစ္မျပည့္ေသးသည့္ သား(၂)ဦး၏ ဂုဏ္သိကၡာကို က်ဆင္းေစျခင္း၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားေစျခင္း၊ လူ႔ပတ္ဝန္းက်င္၌ အရွက္ရေစျခင္းမ်ား ျဖစ္ေပၚကာ နစ္နာေစသည့္အတြက္ ႏိုင္လြတ္လုံပုဒ္မအျပင္ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မ (၂) ခုျဖင့္ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။ ပထမစြဲဆိုသည့္ ႏိုင္လြတ္လုံပုဒ္မက တရားဥပေဒနဲ႔မညီသည့္အတြက္ ပယ္ခ်ခံခဲ့ရၿပီး ကေလးသူငယ္မ်ားအခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မနဲ႔စြဲခ်က္တင္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

မေန႔က စက္တင္ဘာလ (၂၆) ရက္ေန႔မွာေတာ့ ေဒၚဥမၼာလႈိင္က ေနာက္ထပ္ လူ (၆) ဦးကို ထပ္မံတရားစြဲဆိုခဲ့ပါတယ္။ ေဒၚဥမၼာလႈိင္ဘက္မွ တရားစြဲဆိုသည့္အထဲတြင္ ေအာင္ႀကီးရဲ႕ေရွ႕ေနတစ္ဦးထဲမဟုတ္ပဲ ဗစ္တိုးရီးယားဘက္မွလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္အျပင္၊ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္နဲ႔ ဗစ္တိုးရီးယားရဲ႕ ဖခင္ျဖစ္သူ၊ ဦးေလး၊ အေဒၚနဲ႔အတူ သကၠမိုးညိဳတို႔အပါအဝင္ လူ (၆) ဦးကို ထပ္မံတရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ ထိုအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ရဲ႕ေျပာၾကားခ်က္ ဗီဒီယိုကို ထည့္သြင္းေဖာ္ျပေပးလိုက္ပါတယ္….

credit : popolay

Unicode ဖြင့်ဖတ်ရန်

ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီယားရဲ့ရှေ့နေနဲ့ ဖခင်ဖြစ်သူအပါအဝင် လူ (၆) ဦးကို ထပ်မံတရားစွဲဆို

ဗစ်တိုးရီးယားအမှုတွင် တရားခံဟုစွဲချက်တင်ခံထားရသည့် အောင်ကြီးဘက်မှ ရှေ့နေ့အဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ တရားစွဲဆိုမှုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။

ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲရသည့်အကြောင်းရင်းမှာ ဗစ်တိုးရီးယားဖခင်ကို စစ်ဆေးမေးမြန်းသည့်နေ့က သတင်းမီဒီယာများတွင် ဒေါ်ဥမ္မာလှိုင်၏သားများနှင့်ပတ်သက်ပြီး ဖြေကြားမှုမှာ ၁၈ နှစ်မပြည့်သေးသည့် သား(၂)ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက်ရစေခြင်းများ ဖြစ်ပေါ်ကာ နစ်နာစေသည့်အတွက် နိုင်လွတ်လုံပုဒ်မအပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ (၂) ခုဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပထမစွဲဆိုသည့် နိုင်လွတ်လုံပုဒ်မက တရားဥပဒေနဲ့မညီသည့်အတွက် ပယ်ချခံခဲ့ရပြီး ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနဲ့စွဲချက်တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မနေ့က စက်တင်ဘာလ (၂၆) ရက်နေ့မှာတော့ ဒေါ်ဥမ္မာလှိုင်က နောက်ထပ် လူ (၆) ဦးကို ထပ်မံတရားစွဲဆိုခဲ့ပါတယ်။ ဒေါ်ဥမ္မာလှိုင်ဘက်မှ တရားစွဲဆိုသည့်အထဲတွင် အောင်ကြီးရဲ့ရှေ့နေတစ်ဦးထဲမဟုတ်ပဲ ဗစ်တိုးရီးယားဘက်မှလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အပြင်၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူ၊ ဦးလေး၊ အဒေါ်နဲ့အတူ သက္ကမိုးညိုတို့အပါအဝင် လူ (၆) ဦးကို ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ရှေ့နေဒေါ်ရွက်နုအောင်ရဲ့ပြောကြားချက် ဗီဒီယိုကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်….

credit : popolay

LEAVE A REPLY