Zawgyi ျဖင့္ဖတ္ရန္

 

၁၉၃၈ ခုႏွစ္ ဇန္နဝါရီ ၈ ရက္ ၁၂၉၉ ခုႏွစ္၊ ျပာသိုလဆန္း ၈ ရက္္၊ စေနေန႔ သခင္ဖိုးလွႀကီး ေခါင္းေဆာင္၍ ေရနံေျမသပိတ္ႀကီး စတင္ေပၚေပါက္လာခဲ့သည္။ သခင္ဖိုးလွႀကီးသည္ သပိတ္တပ္ကို ေခါင္းေဆာင္ကာ ရန္ကုန္အထိ ခ်ီတက္လာခဲ့သည္။ မေကြးအေရာက္တြင္ သခင္ဖိုးလွႀကီးကို ျမင္းစီးအဂၤလိပ္စစ္သားမ်ားက ၀ိုင္းဝန္း႐ိုက္ႏွက္ၿပီး လက္ကိုႀကိဳးတုပ္ကာ ဖမ္းေခၚသြားသည္။ ထိုျမင္ကြင္းကို ၁၅ ႏွစ္ေက်ာ္အ႐ြယ္ ေမာင္ေက်ာ္ၫြန႔္ေလး ျမင္ေတြ႕သည့္အခါ ငုပ္လွ်ိဳးေနသည့္ မ်ိဳးခ်စ္စိတ္ဓာတ္ ႐ုန္းကန္ထႂကြသြားသည္။ အဂၤလိပ္မ်က္ႏွာျဖဴမ်ားကို အမုန္းႀကီးမုန္းသြားမိခဲ့သည္။ လြတ္လပ္ေရးအတြက္ တိုက္ပြဲ ၀င္ခ်င္သည့္စိတ္ ေပၚေပါက္လာသည္။ အံကို တင္းတင္းႀကိတ္လိုက္မိသည္။

”အဘိုးတပ္မေတာ္ထဲေရာက္တဲ့ အေၾကာင္းအရင္းက သခင္ဖိုးလွႀကီးကို အဘိုးေရွ႕မွာအဂၤလိပ္ ျမင္းစီး စစ္သားေတြက ထိုးႀကိတ္ၿပီး ႀကိဳးနဲ႔ ဆြဲသြားတာက စတာပဲ။ အဲဒီတုန္းက တပ္မေတာ္ဆိုတာ အဘိုးတို႔ဆီမွာ မရွိေသးေတာ့ နီးစပ္တဲ့ေတာ္လွန္ေရးသမားေတြနဲ႔ သြားေပါင္းတာေပါ့”ဟု အဘိုးက မာန္ပါပါႏွင့္ သူ၏လြတ္လပ္ေရးတိုက္ပြဲဝင္လမ္းေၾကာင္း အစကို ေျပာျပသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ အမွတ္ ၈ ရပ္ကြက္ရွိ ေခ်ာင္က်က်ေနရာေလးရွိ ၁၀ ေပပတ္လည္အခန္းေလး၏ ေလးေပအက်ယ္မွ်ရွိေသာ ခုတင္ေလးေပၚမွာ သခင္ေလးေသာင္ (ခ) လြတ္လပ္ေရးေမာ္ကြန္းဝင္ (ပထမအဆင့္)ႏိုင္ငံ့ဂုဏ္ရည္(ဒုတိယအဆင့္) ဗိုလ္ႀကီးေက်ာ္ၫြန႔္ထိုင္ေနသည္။ လြတ္လပ္ေရးတိုက္ပြဲဝင္ခဲ့သည့္အတြက္ရရွိခဲ့ေသာ ဆုတံဆိပ္မ်ားကို အျမတ္တႏိုးထိုင္ၾကည့္ေနသည္။ အဘိုး၏ဇနီး ေဒၚဂြမ္းပုံက အဘိုး၏ခုတင္ေအာက္တြင္ မီးေသြးမီးဖိုႏွင့္ ထမင္းအိုးတည္ေနသည္။ သားျဖစ္သူ ကအျပင္တြင္ ပန္းရန္သြားလုပ္ေနသည္ဟု သိရသည္။ အသက္ ၁၀၅ ႏွစ္အ႐ြယ္ရွိေပမဲ့ လြတ္လပ္ေရး တိုက္ပြဲဝင္ စစ္ျပန္ေဟာင္းႀကီးျဖစ္သည့္အတြက္ အားမာန္ကေတာ့ ျပည့္ေနတုန္းပင္။ သို႔ေသာ္ အၾကား အာ႐ုံကေတာ့ ခ်ိဳ႕ယြင္းရွာေနသည္။ ဂ်ပန္ေခတ္ကို ထဲထဲဝင္ဝင္ျဖတ္သန္းခဲ့သည္ဟု ခိုင္မာသည့္အခ်က္က ဂ်ပန္စကားကိုေကာင္းစြာ ေျပာတတ္ျခင္းျဖစ္သည္။ ထိုသို႔ေသာႏိုင္ငံ့ဂုဏ္ေဆာင္အဘိုးသည္ တလေလး ေသာင္းခြဲႏွင့္ ငွားေနရေသာ ၁၀ ေပပတ္လည္အခန္းေလးတြင္ ဘဝေနဝင္ခ်ိန္ကို ညႇိဳးညႇိဳးငယ္ငယ္ျဖင့္ ျဖတ္သန္းေနရရွာသည္။

 

 

ေမာ္ကြန္းဝင္ပုဂၢိဳလ္ႀကီးျဖစ္လာမည့္ ေမာင္ေက်ာ္ၫြန႔္ေလးကို ျမန္မာသကၠရာဇ္ ၁၂၈၄ ခုႏွစ္၊ နယုန္လဆန္း ၁၁ ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕တြင္ ကုန္သည္အဘဦးဘဒင္၊ အမိေဒၚႏွင္းဥတို႔မွ ေမြးဖြားခဲ့သည္။ ေမြးခ်င္းေလးဦးအနက္ အငယ္ဆုံးသားျဖစ္သည္။ ေမာင္ေက်ာ္ၫြန႔္အ႐ြယ္ေရာက္စ ၁၅ ႏွစ္ေက်ာ္ ၁၆ ႏွစ္အ႐ြယ္တြင္ ေရနံေျမသပိတ္ႀကီးႏွင့္ ၁၃၀၀ ျပည့္အေရးေတာ္ပုံကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရသည္။ အလုပ္သမားမ်ားအေပၚ အဂၤလိပ္စစ္သားမ်ား၏ ဖမ္းဆီးႏွိပ္စက္သည္ကို ျမင္ရသည့္အခါ တိုင္း ႀကိတ္မႏိုင္ ခဲမရျဖစ္ခဲ့ရသည္။ ထို႔ေၾကာင့္ ၁၆ ႏွစ္အ႐ြယ္ ေမာင္ေက်ာ္ၫြန႔္သည္ လြတ္လပ္ေရးအတြက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။

ႏိုင္ငံလြတ္လပ္ေရးဆုံးရႈံး၍ ကြၽန္ျဖစ္ေနရသည့္အခ်ိန္တြင္ လူငယ္တဦးျဖစ္ခဲ့ရေသာ ေမာင္ေက်ာ္ၫြန႔္သည္ ထိုစဥ္အခ်ိန္က အဂၤလိပ္နယ္ခ်ဲ႕အား ဆန႔္က်င္သူအခ်ိဳ႕ႏွင့္ပူးေပါင္း၍ ရရာလက္နက္ကိုကိုင္ကာ နယ္ခ်ဲ႕တို႔ကို ေတာ္လွန္ခဲ့သည္။ ၁၉၄၂ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္သည့္ ရဲေဘာ္သုံးက်ိပ္သည္ ဂ်ပန္ တပ္မေတာ္ႏွင့္အတူ ျမန္မာႏိုင္ငံတြင္းသို႔ ၀င္ေရာက္လာသည္ဟု သိရသည့္အခါ ကိုေက်ာ္ၫြန႔္ အားတက္မိ သည္။ အဂၤလိပ္တပ္မ်ား ျမန္မာႏိုင္ငံထြက္ခြာသြားသည့္အခါတြင္ ဖက္ဆစ္ဂ်ပန္တို႔၏ ဘီလူးေခါင္းေပၚလာ သည္။ ျမန္မာအမ်ိဳးေကာင္းသမီးေတြကို အဓမၼျပဳက်င့္သည္။ ထင္ရာစိုင္းၾကသည္။ က်ားေၾကာက္လို႔ ဆင္ႀကီးကိုး ဆင္ႀကီးက က်ားထက္ပင္ ဆိုးေနသည္။ ဖက္ဆစ္တို႔၏ ရက္စက္ယုတ္မာမႈကို ေန႔တိုင္းျမင္လာရ သည့္အခါ မေကြးနယ္၊ ေက်ာက္ပန္းေတာင္းသား ကိုေက်ာ္ၫြန႔္တေယာက္ ဗိုလ္ခ်ဳပ္ကိုပင္ အျပစ္ျမင္မိသည္။

၁၉၄၅ မတ္ ၂၇ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္က ဂ်ပန္တို႔ကို စတင္ေတာ္လွန္သည့္အခါ သူအားတတ္သေရာပါ၀င္ဖို႔ ဆုံးျဖတ္လိုက္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတည္ေထာင္ထားသည့္ ဗမာ့တပ္မေတာ္ကိုဝင္ေရာက္ရန္ အဆက္အသြယ္မ်ား၏ အကူအညီျဖင့္ တြံေတးနယ္ဘက္ရွိ ဖက္ဆစ္မ်ားကိုေတာ္လွန္ေနေသာ ရဲေဘာ္ သုံးက်ိပ္ဝင္ ဗိုလ္မင္းေခါင္တပ္သို႔ဝင္ရန္ အေၾကာင္းဖန္လာခဲ့သည္။ ေက်ာက္ပန္းေတာင္းမွ တြံေတးသို႔ ေျခလ်င္ထြက္လာခဲ့သည္။ လမ္းတေလွ်ာက္ အခက္အခဲမ်ိဳးစုံႀကဳံရသည္။ ထမင္းငတ္တဲ့ရက္ေတြ လည္းရွိခဲ့သည္။ လမ္းခရီးတဝက္တြင္ ဂ်ပန္တပ္သားမ်ားႏွင့္ေတြ႕၍ အသက္လု၍သတ္ပုတ္ခဲ့ရသည္။ သို႔ေသာ္ ကိုေက်ာ္ၫြန႔္ မေၾကာက္မ႐ြံ႕ တြံေတးသို႔ အေရာက္လွမ္းခဲ့သည္။ သူဆုံးျဖတ္ထားသည့္ လြတ္လပ္ေရး အစစ္အမွန္အတြက္ တိုက္ပြဲဝင္ရန္ အခက္အခဲအားလုံးကို ေက်ာ္လႊားခဲ့သည္။

”တြံေတးကို သြားတယ္။ ဗိုလ္မင္းေခါင္တပ္နဲ႔ သြားေပါင္းမလို႔ေရာက္ခါနီး ဂ်ပန္စစ္သားႏွစ္ေယာက္နဲ႔ ေတြ႕တယ္။ သူတို႔ေသနတ္ေတြမွာ လွံစြပ္ေတြနဲ႔၊ မင္းဘယ္ကလဲေမးေတာ့ ကြၽန္ေတာ္႐ြာသားပါလို႔ ဂ်ပန္လို ျပန္ေျဖမိေတာ့ ေအာင္ဆန္းေကဒါ၊ ေအာင္ဆန္းဘက္ေတာ္သားဆိုၿပီး လွံစြပ္နဲ႔ထိုးတယ္။ အဘိုး ကတေယာက္ သူတို႔က ႏွစ္ေယာက္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္လုံးကို သတ္ႏိုင္ခဲ့တယ္။ အဲဒီမွာ လက္ကို ဒဏ္ရာရတာပဲ”ဟု အဘိုးေက်ာ္ၫြန႔္က ဒဏ္ရာရထားေသာသူ၏ ဘယ္ဖက္လက္ကိုကိုင္၍ ေျပာျပသည္။

ဂ်ပန္စစ္သားႏွစ္ဦးႏွင့္ အသက္လု သတ္ပုတ္လာခဲ့ၿပီး လက္တြင္ဒဏ္ရာရလာသည္။ တြံေတးသို႔ ေရာက္သည့္ အခါ လက္မွဒဏ္ရာကို ေဆးတပ္သားကၾကည့္ေပး၍ ျဖတ္ရမည္ေျပာသည့္အခါ အလြန္ပင္စိတ္ဓာတ္က်ဆင္း သြားသည္။ ထိုအေၾကာင္းကို ဗိုလ္မင္းေခါင္ကိုေျပာျပသည့္အခါ ေဆးတပ္သားကိုေခၚဆူသည္။ လက္တဖက္လည္း မဆုံးရႈံးရေတာ့ေပ။ လက္ကို ေဆးပတ္တီးစည္း၍ထားရသည္။ စစ္အတြင္း ေဆးပစၥည္းရွားပါးသည့္အတြက္ အဘိုးေက်ာ္ၫြန႔္၏လက္သည္ မိေမြးတိုင္း ဖေမြးတိုင္း ျပန္ မေကာင္းႏိုင္ ေတာ့ေပ။ ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးကာလတြင္ လက္မေကာင္းသည့္ၾကားမွ ဗိုလ္မင္းေခါင္၏ တပ္ႏွင့္အတူ စြန႔္စားတိုက္ခိုက္ခဲ့သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္သည့္ ဗမာတပ္မေတာ္ႀကီးသည္ ဂ်ပန္တို႔ကို ေတာ္လွန္တိုက္ထုတ္ႏိုင္ သည့္အခါ ဗိုလ္မင္းေခါင္၏အကူအညီႏွင့္ ဗဟန္းရွိ ဗိုလ္ခ်ဳပ္၏ေနအိမ္တြင္ ေနခြင့္ရခဲ့သည္။ ဗိုလ္ခ်ဳပ္၏အိမ္တြင္ ေနခြင့္ရေသာ္လည္း ေအာက္ေျခသိမ္းအလုပ္ဘာတခုမွ မလုပ္ရေပ။ အဘိုး၏တာဝန္သည္ ကေလး ထိန္းမွ် သာ။ ဗိုလ္ခ်ဳပ္၏ သားသမီးမ်ားကို ထိန္းေပးရသည္။ အတူကစားရသည္။ အဘိုးတာဝန္သည္ ထိုမွ်သာ။ ကိုေက်ာ္ၫြန႔္ကို ၁၉၄၅ ခုႏွစ္ ေအာက္တိုဘာ ၅ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ဂုဏ္ထူးေဆာင္ လက္မွတ္ ခ်ီးျမႇင့္ခဲ့သည္။ ”၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ မွ ၁၉၄၅ ခုႏွစ္ ေအာက္တိုဘာလအတြင္း ဗမာ့အေရးေတာ္ပုံႀကီးတြင္ ငါႏွင့္အတူ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ခဲ့သည့္ ရဲေဘာ္၏စြမ္းရည္သတၱိႏွင့္ ေစတနာတို႔ကို ငါမေမ့သည့္အျပင္ ရဲေဘာ္၏စြန႔္စားမႈကို ေလးစားခ်ီးက်ဴးေသာအားျဖင့္ ဤဂုဏ္ထူးေဆာင္လက္မွတ္ကို ခ်ီးျမႇင့္လိုက္သည္”ဟု အဆိုစာပါတြင္ ေဖာ္ျပထားသည္။

ဗိုလ္ခု်ပ္လုပ္ႀကံခံရမည့္ေန႔တြင္ ကိုေက်ာ္ၫြန႔္၏ စိတ္ေလးလံေနသည္။ ဗိုလ္ခ်ဳပ္ႏွင့္အတူ လိုက္ပါခြင့္ျပဳရန္ ဗိုလ္ခ်ဳပ္၏အပါးေတာ္ၿမဲ ဗိုလ္ထြန္းလွ (စာေရးဆရာတကၠသိုလ္ေနဝင္း)အား ေျပာသည့္အခါ ကေလးေတြသာ အႏၲရာယ္ကင္းေအာင္ ဂ႐ုစိုက္ဖို႔ မွာၾကားခဲ့သည္။ ကေလးေတြႏွင့္အတူေနရေသာ္လည္း ဗိုလ္ခ်ဳပ္အတြက္ စိတ္မခ်ႏိုင္ခဲ့ေပ။ ဗိုလ္ခ်ဳပ္လုပ္ႀကံခံခဲ့ရသည္ဟု သတင္းၾကားရသည့္အခါတြင္ ၀မ္းနည္းေၾကကြဲ ရသည္။ ေ႐ႊေတာင္ႀကီးၿပိဳခဲ့ၿပီဟု ကိုေက်ာ္ၫြန႔္ ခံစားရသည္။”ဗိုလ္ခ်ဳပ္က်ဆုံးေတာ့ အဘိုးလည္း ဘဝပ်က္တာပဲ။ ႐ြာျပန္ခဲ့တယ္။ အခု မင္းအဘြားနဲ႔ ေတြ႕တာေပါ့ကြာ။ အဘိုး ၄၀ ေက်ာ္မွ အိမ္ေထာင္က်တာ။ သူက အဘိုးထက္ အႏွစ္ ၂၀ ေလာက္ငယ္တယ္”ဟု အဘိုး က အတိတ္ကိုျပန္ေတြးရင္း ေျပာျပသည္။

၁၉၄၈ ခုႏွစ္ ဇန္နဝါ၇ီ ၄ ရက္ေန႔တြင္ ျမန္မာ ႏိုင္ငံလြတ္လပ္ေရးရရွိသည့္အခါ အဘိုးသည္အညာ ေက်းလက္ေလးတြင္သာေနခဲ့သည္။ တပ္မေတာ္အေပၚ စိတ္မကုန္ေသးသည့္အဘိုးသည္ သာမန္ တပ္သားေလးအျဖစ္ တပ္မေတာ္သို႔ျပန္ဝင္ရန္ ရန္ကုန္သို႔ တေက်ာ့ျပန္လာခဲ့သည္။ ၀န္ႀကီးခ်ဳပ္ဦးႏု၏အစိုးရ အဖြဲ႕ကို ရန္ကုန္အစိုးရဟု တင္စားေနၾကသည့္ေခတ္တြင္ အင္းစိန္၊ ခဝဲၿခံရွိ KIDO မ်ားႏွင့္ တိုက္ပြဲတြင္ ပါ၀င္ဆင္ႏႊဲခဲ့သည္။ ၁၉၄၁ ခုႏွစ္မွ ၁၉၇၃ ခုႏွစ္အထိ ႏိုင္ငံတာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ခဲ့သည့္အတြက္ လြတ္လပ္ေရးေမာ္ကြန္းဝင္ (ပထမအဆင့္)၊ ႏိုင္ငံ့ဂုဏ္ရည္(ဒုတိယအဆင့္)တို႔ကို ရရွိခဲ့သည္။ အဘိုးဦးေက်ာ္ ၫြန႔္သည္ သူရဲေကာင္းမွတ္တမ္းဝင္အမွတ္ ၃၁ ျဖစ္ၿပီး ျပန္တမ္းဝင္အမွတ္မွာ ၁၆၃ ျဖစ္သည္။ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္း(YMBA)၏ အသင္းဝင္တဦးလည္းျဖစ္ၿပီး အသင္းဝင္အမွတ္မွာ ရာ/၈၀၆ ျဖစ္သည္။ ကိုယ္ပိုင္အမွတ္မွာ ၂၃၂၂၇၅ ျဖစ္သည္။ သို႔ေသာ္ ျမန္မာ့သမိုင္းတြင္ သဲတပြင့္မက ပါ၀င္ခဲ့ေသာအဘိုး၏ ယခုလက္ရွိေနဝင္ခ်ိန္သည္ မ်ားစြာအက်ည္းတန္လွသည္။

”ေအာင္ဆန္းစုၾကည္ အခုလုပ္ေနတာဟုတ္တယ္။ သူမွာ အကုန္လုံးအာဏာရွိရင္ေအာင္ျမင္မွာ၊ ခုက တဝက္ပဲရွိတယ္။ သူ႔မွာ အာဏာအျပည့္ရွိရင္ ျမန္မာျပည္လက္ခေမာင္းခတ္ရမယ္။ သူ႔ကို ခ်ဳပ္ကိုင္ထား တာေတြ ရွိေသးတယ္။ စစ္တပ္က တိုင္းျပည္ကိုကာကြယ္ရမွာဒါပဲ။ တပ္မေတာ္က အုပ္ခ်ဳပ္ေရးလိုင္းနဲ႔ ဘာမွမဆိုင္ဘူး။ အဘိုးတို႔ေခတ္တုန္းက ဒီလိုပဲ။ တပ္္မေတာ္က ႏိုင္ငံေတာ္ကာကြယ္ဖို႔၊ အုပ္ခ်ဳပ္ဖို႔ မဟုတ္ဘူး။ ဗိုလ္ခ်ဳပ္ေျပာခဲ့တာ စစ္တပ္က စစ္တပ္ပဲ။ ကာကြယ္မယ္ ဒါပဲ။ အဘိုးတို႔ေခတ္တုန္းကဆိုရင္ လစာေတာင္ မရဘူး။ ႏိုင္ငံကိုခ်စ္တဲ့စိတ္နဲ႔ ၀င္ခဲ့တာ။ ဘာမွမရဘူး”ဟု လက္ရွိ ႏိုင္ငံေရးအေျခအေနကို ေမးျမန္းရာတြင္ ေမာ္ကြန္းဝင္အဘိုးေက်ာ္ၫြန႔္က ျပန္ေျဖသည္။

လြတ္လပ္ေရးတိုက္ပြဲဝင္ ေမာ္ကြန္းဝင္စစ္ျပန္ေဟာင္းႀကီးအဘိုး၊ လက္ရွိႏိုင္ငံေခါင္းေဆာင္ ကေလးဘဝအ႐ြယ္က ထိန္းေပးခဲ့ရတဲ့အဘိုး၊ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ လက္မွတ္ထိုး၍ ဂုဏ္ျပဳလႊာေပးအပ္ျခင္းခံခဲ့ရ သည့္အဘိုး၊ လြတ္လပ္ေရးေမာ္ကြန္းဝင္ (ပထမ အဆင့္)၊ ႏိုင္ငံဂုဏ္ရည္ (ဒုတိယအဆင့္) ရရွိခဲ့သည့္ အဘိုး၊ ထိုထိုေသာဂုဏ္ပုဒ္မ်ားႏွင့္ အဘိုးေက်ာ္ၫြန႔္သည္ ယခုအခါ ေခ်ာင္က်က်ရပ္ကြက္ေလးမွာ ၁၀ ေပ ပတ္လည္ အေဆာင္သာသာအခန္းေလးကို တလေလးေသာင္းခြဲႏွင့္ ငွား၍ေနရသည္။ ဘဝကို ဆင္းရဲႀကီးစြာ ျဖတ္သန္းေန ရသည္။ အက်ိဳးခံစားခြင့္ဆို၍ ၿပီးခဲ့သည့္လြတ္လပ္ေရးေန႔ ႏွစ္ႀကိမ္တြင္ တႀကိမ္လွ်င္ ၃ သိန္းႏႈန္းႏွင့္ ၆ သိန္း ရရွိခဲ့သည္။ ငွက္သိုက္ေဆးဘူးအနည္းငယ္ရရွိခဲ့သည္။ လူမႈေရးပင္စင္ တလတေသာင္းရရွိသည္။ ထိုမွ်သာ။

အဘိုးဦးေက်ာ္ၫြန႔္သည္ ျမန္မာ့လြတ္လပ္ေရးတြင္ က်ရာေနရာတြင္ ပါ၀င္ခဲ့သည္။ အဘိုးသည္ လြတ္လပ္ေရးတိုက္ပြဲဝင္ မည္သည့္အက်ိဳးခံစားမႈမွရရွိလို၍ ပါ၀င္ခဲ့ျခင္းမဟုတ္ေပ။ အဘိုးဦးေက်ာ္ၫြန႔္တို႔လို ပုဂၢိဳလ္မ်ားက စြန႔္လႊတ္အနစ္နာခံခဲ့ေသာေၾကာင့္ စာေရးသူတို႔ေတြ ယခုလိုေအးေအးခ်မ္းခ်မ္းေနထိုင္ ရျခင္းျဖစ္သည္။ သို႔ေသာ္ အဘိုးဦးေက်ာ္ၫြန႔္ကဲ့သို႔ေသာ ပုဂၢိဳလ္မ်ား လူမသိသူမသိ ဆင္းရဲခ်ိဳ႕တဲ့စြာ ေနေနၾကရသည္။ ေလာကႀကီးမွ တိတ္တဆိတ္ထြက္ ခြာေနၾကရသည္။ ဒီမိုကေရစီအစိုးရအေနႏွင့္ ထိုကဲ့သို႔ ေသာ ပုဂၢိဳလ္ႀကီးမ်ားကို ရွာေဖြေဖာ္ထုတ္၍ သူေကာင္းျပဳသင့္ေပသည္။ အဘိုးေက်ာ္ၫြန႔္ကဲ့သို႔ ပုဂၢိဳလ္ႀကီး မ်ားသည္ ယခုအခါ ႏိုင္ငံတဝန္းလုံးတြင္ လက္ခ်ိဳးေရတြက္ႏိုင္သည္အထိ တဦးစ၊ ႏွစ္ဦးစသာရွိေတာ့သည္။ အဘိုးဘဝေနဝင္ခ်ိန္သည္ ယခုထက္ပို၍ လွပႏိုင္ပါေစေၾကာင္း ဆုေတာင္းအပ္ပါသည္။

D Khit (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ဖြင့်ဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်ကို ငယ်စဉ်ကထိန်းခဲ့ဖူးသည့် လွတ်လပ်ရေးမော်ကွန်းဝင်အဖိုးဦးကျော်ညွန့်

၁၉၃၈ ခုနှစ် ဇန်နဝါရီ ၈ ရက် ၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ စနေနေ့ သခင်ဖိုးလှကြီး ခေါင်းဆောင်၍ ရေနံမြေသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့သည်။ သခင်ဖိုးလှကြီးသည် သပိတ်တပ်ကို ခေါင်းဆောင်ကာ ရန်ကုန်အထိ ချီတက်လာခဲ့သည်။ မကွေးအရောက်တွင် သခင်ဖိုးလှကြီးကို မြင်းစီးအင်္ဂလိပ်စစ်သားများက ဝိုင်းဝန်းရိုက်နှက်ပြီး လက်ကိုကြိုးတုပ်ကာ ဖမ်းခေါ်သွားသည်။ ထိုမြင်ကွင်းကို ၁၅ နှစ်ကျော်အရွယ် မောင်ကျော်ညွန့်လေး မြင်တွေ့သည့်အခါ ငုပ်လျှိုးနေသည့် မျိုးချစ်စိတ်ဓာတ် ရုန်းကန်ထကြွသွားသည်။ အင်္ဂလိပ်မျက်နှာဖြူများကို အမုန်းကြီးမုန်းသွားမိခဲ့သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ချင်သည့်စိတ် ပေါ်ပေါက်လာသည်။ အံကို တင်းတင်းကြိတ်လိုက်မိသည်။

”အဘိုးတပ်မတော်ထဲရောက်တဲ့ အကြောင်းအရင်းက သခင်ဖိုးလှကြီးကို အဘိုးရှေ့မှာအင်္ဂလိပ် မြင်းစီး စစ်သားတွေက ထိုးကြိတ်ပြီး ကြိုးနဲ့ ဆွဲသွားတာက စတာပဲ။ အဲဒီတုန်းက တပ်မတော်ဆိုတာ အဘိုးတို့ဆီမှာ မရှိသေးတော့ နီးစပ်တဲ့တော်လှန်ရေးသမားတွေနဲ့ သွားပေါင်းတာပေါ့”ဟု အဘိုးက မာန်ပါပါနှင့် သူ၏လွတ်လပ်ရေးတိုက်ပွဲဝင်လမ်းကြောင်း အစကို ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ရှိ ချောင်ကျကျနေရာလေးရှိ ၁၀ ပေပတ်လည်အခန်းလေး၏ လေးပေအကျယ်မျှရှိသော ခုတင်လေးပေါ်မှာ သခင်လေးသောင် (ခ) လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)နိုင်ငံ့ဂုဏ်ရည်(ဒုတိယအဆင့်) ဗိုလ်ကြီးကျော်ညွန့်ထိုင်နေသည်။ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့်အတွက်ရရှိခဲ့သော ဆုတံဆိပ်များကို အမြတ်တနိုးထိုင်ကြည့်နေသည်။ အဘိုး၏ဇနီး ဒေါ်ဂွမ်းပုံက အဘိုး၏ခုတင်အောက်တွင် မီးသွေးမီးဖိုနှင့် ထမင်းအိုးတည်နေသည်။ သားဖြစ်သူ ကအပြင်တွင် ပန်းရန်သွားလုပ်နေသည်ဟု သိရသည်။ အသက် ၁၀၅ နှစ်အရွယ်ရှိပေမဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် စစ်ပြန်ဟောင်းကြီးဖြစ်သည့်အတွက် အားမာန်ကတော့ ပြည့်နေတုန်းပင်။ သို့သော် အကြား အာရုံကတော့ ချို့ယွင်းရှာနေသည်။ ဂျပန်ခေတ်ကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သည်ဟု ခိုင်မာသည့်အချက်က ဂျပန်စကားကိုကောင်းစွာ ပြောတတ်ခြင်းဖြစ်သည်။ ထိုသို့သောနိုင်ငံ့ဂုဏ်ဆောင်အဘိုးသည် တလလေး သောင်းခွဲနှင့် ငှားနေရသော ၁၀ ပေပတ်လည်အခန်းလေးတွင် ဘဝနေဝင်ချိန်ကို ညှိုးညှိုးငယ်ငယ်ဖြင့် ဖြတ်သန်းနေရရှာသည်။

မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးဖြစ်လာမည့် မောင်ကျော်ညွန့်လေးကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် ကုန်သည်အဘဦးဘဒင်၊ အမိဒေါ်နှင်းဥတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ မောင်ကျော်ညွန့်အရွယ်ရောက်စ ၁၅ နှစ်ကျော် ၁၆ နှစ်အရွယ်တွင် ရေနံမြေသပိတ်ကြီးနှင့် ၁၃၀၀ ပြည့်အရေးတော်ပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ အလုပ်သမားများအပေါ် အင်္ဂလိပ်စစ်သားများ၏ ဖမ်းဆီးနှိပ်စက်သည်ကို မြင်ရသည့်အခါ တိုင်း ကြိတ်မနိုင် ခဲမရဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၁၆ နှစ်အရွယ် မောင်ကျော်ညွန့်သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

နိုင်ငံလွတ်လပ်ရေးဆုံးရှုံး၍ ကျွန်ဖြစ်နေရသည့်အချိန်တွင် လူငယ်တဦးဖြစ်ခဲ့ရသော မောင်ကျော်ညွန့်သည် ထိုစဉ်အချိန်က အင်္ဂလိပ်နယ်ချဲ့အား ဆန့်ကျင်သူအချို့နှင့်ပူးပေါင်း၍ ရရာလက်နက်ကိုကိုင်ကာ နယ်ချဲ့တို့ကို တော်လှန်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည် ဂျပန် တပ်မတော်နှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟု သိရသည့်အခါ ကိုကျော်ညွန့် အားတက်မိ သည်။ အင်္ဂလိပ်တပ်များ မြန်မာနိုင်ငံထွက်ခွာသွားသည့်အခါတွင် ဖက်ဆစ်ဂျပန်တို့၏ ဘီလူးခေါင်းပေါ်လာ သည်။ မြန်မာအမျိုးကောင်းသမီးတွေကို အဓမ္မပြုကျင့်သည်။ ထင်ရာစိုင်းကြသည်။ ကျားကြောက်လို့ ဆင်ကြီးကိုး ဆင်ကြီးက ကျားထက်ပင် ဆိုးနေသည်။ ဖက်ဆစ်တို့၏ ရက်စက်ယုတ်မာမှုကို နေ့တိုင်းမြင်လာရ သည့်အခါ မကွေးနယ်၊ ကျောက်ပန်းတောင်းသား ကိုကျော်ညွန့်တယောက် ဗိုလ်ချုပ်ကိုပင် အပြစ်မြင်မိသည်။

၁၉၄၅ မတ် ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်က ဂျပန်တို့ကို စတင်တော်လှန်သည့်အခါ သူအားတတ်သရောပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ထားသည့် ဗမာ့တပ်မတော်ကိုဝင်ရောက်ရန် အဆက်အသွယ်များ၏ အကူအညီဖြင့် တွံတေးနယ်ဘက်ရှိ ဖက်ဆစ်များကိုတော်လှန်နေသော ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်တပ်သို့ဝင်ရန် အကြောင်းဖန်လာခဲ့သည်။ ကျောက်ပန်းတောင်းမှ တွံတေးသို့ ခြေလျင်ထွက်လာခဲ့သည်။ လမ်းတလျှောက် အခက်အခဲမျိုးစုံကြုံရသည်။ ထမင်းငတ်တဲ့ရက်တွေ လည်းရှိခဲ့သည်။ လမ်းခရီးတဝက်တွင် ဂျပန်တပ်သားများနှင့်တွေ့၍ အသက်လု၍သတ်ပုတ်ခဲ့ရသည်။ သို့သော် ကိုကျော်ညွန့် မကြောက်မရွံ့ တွံတေးသို့ အရောက်လှမ်းခဲ့သည်။ သူဆုံးဖြတ်ထားသည့် လွတ်လပ်ရေး အစစ်အမှန်အတွက် တိုက်ပွဲဝင်ရန် အခက်အခဲအားလုံးကို ကျော်လွှားခဲ့သည်။

”တွံတေးကို သွားတယ်။ ဗိုလ်မင်းခေါင်တပ်နဲ့ သွားပေါင်းမလို့ရောက်ခါနီး ဂျပန်စစ်သားနှစ်ယောက်နဲ့ တွေ့တယ်။ သူတို့သေနတ်တွေမှာ လှံစွပ်တွေနဲ့၊ မင်းဘယ်ကလဲမေးတော့ ကျွန်တော်ရွာသားပါလို့ ဂျပန်လို ပြန်ဖြေမိတော့ အောင်ဆန်းကေဒါ၊ အောင်ဆန်းဘက်တော်သားဆိုပြီး လှံစွပ်နဲ့ထိုးတယ်။ အဘိုး ကတယောက် သူတို့က နှစ်ယောက်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးကို သတ်နိုင်ခဲ့တယ်။ အဲဒီမှာ လက်ကို ဒဏ်ရာရတာပဲ”ဟု အဘိုးကျော်ညွန့်က ဒဏ်ရာရထားသောသူ၏ ဘယ်ဖက်လက်ကိုကိုင်၍ ပြောပြသည်။

ဂျပန်စစ်သားနှစ်ဦးနှင့် အသက်လု သတ်ပုတ်လာခဲ့ပြီး လက်တွင်ဒဏ်ရာရလာသည်။ တွံတေးသို့ ရောက်သည့် အခါ လက်မှဒဏ်ရာကို ဆေးတပ်သားကကြည့်ပေး၍ ဖြတ်ရမည်ပြောသည့်အခါ အလွန်ပင်စိတ်ဓာတ်ကျဆင်း သွားသည်။ ထိုအကြောင်းကို ဗိုလ်မင်းခေါင်ကိုပြောပြသည့်အခါ ဆေးတပ်သားကိုခေါ်ဆူသည်။ လက်တဖက်လည်း မဆုံးရှုံးရတော့ပေ။ လက်ကို ဆေးပတ်တီးစည်း၍ထားရသည်။ စစ်အတွင်း ဆေးပစ္စည်းရှားပါးသည့်အတွက် အဘိုးကျော်ညွန့်၏လက်သည် မိမွေးတိုင်း ဖမွေးတိုင်း ပြန် မကောင်းနိုင် တော့ပေ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် လက်မကောင်းသည့်ကြားမှ ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ စွန့်စားတိုက်ခိုက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာတပ်မတော်ကြီးသည် ဂျပန်တို့ကို တော်လှန်တိုက်ထုတ်နိုင် သည့်အခါ ဗိုလ်မင်းခေါင်၏အကူအညီနှင့် ဗဟန်းရှိ ဗိုလ်ချုပ်၏နေအိမ်တွင် နေခွင့်ရခဲ့သည်။ ဗိုလ်ချုပ်၏အိမ်တွင် နေခွင့်ရသော်လည်း အောက်ခြေသိမ်းအလုပ်ဘာတခုမှ မလုပ်ရပေ။ အဘိုး၏တာဝန်သည် ကလေး ထိန်းမျှ သာ။ ဗိုလ်ချုပ်၏ သားသမီးများကို ထိန်းပေးရသည်။ အတူကစားရသည်။ အဘိုးတာဝန်သည် ထိုမျှသာ။ ကိုကျော်ညွန့်ကို ၁၉၄၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ဗိုလ်ချုပ်ကိုယ်တိုင်ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခဲ့သည်။ ”၁၉၄၁ ခုနှစ် ဒီဇင်ဘာလ မှ ၁၉၄၅ ခုနှစ် အောက်တိုဘာလအတွင်း ဗမာ့အရေးတော်ပုံကြီးတွင် ငါနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့် ရဲဘော်၏စွမ်းရည်သတ္တိနှင့် စေတနာတို့ကို ငါမမေ့သည့်အပြင် ရဲဘော်၏စွန့်စားမှုကို လေးစားချီးကျူးသောအားဖြင့် ဤဂုဏ်ထူးဆောင်လက်မှတ်ကို ချီးမြှင့်လိုက်သည်”ဟု အဆိုစာပါတွင် ဖော်ပြထားသည်။

ဗိုလ်ခုျပ်လုပ်ကြံခံရမည့်နေ့တွင် ကိုကျော်ညွန့်၏ စိတ်လေးလံနေသည်။ ဗိုလ်ချုပ်နှင့်အတူ လိုက်ပါခွင့်ပြုရန် ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှ (စာရေးဆရာတက္ကသိုလ်နေဝင်း)အား ပြောသည့်အခါ ကလေးတွေသာ အန္တရာယ်ကင်းအောင် ဂရုစိုက်ဖို့ မှာကြားခဲ့သည်။ ကလေးတွေနှင့်အတူနေရသော်လည်း ဗိုလ်ချုပ်အတွက် စိတ်မချနိုင်ခဲ့ပေ။ ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရသည်ဟု သတင်းကြားရသည့်အခါတွင် ဝမ်းနည်းကြေကွဲ ရသည်။ ရွှေတောင်ကြီးပြိုခဲ့ပြီဟု ကိုကျော်ညွန့် ခံစားရသည်။”ဗိုလ်ချုပ်ကျဆုံးတော့ အဘိုးလည်း ဘဝပျက်တာပဲ။ ရွာပြန်ခဲ့တယ်။ အခု မင်းအဘွားနဲ့ တွေ့တာပေါ့ကွာ။ အဘိုး ၄၀ ကျော်မှ အိမ်ထောင်ကျတာ။ သူက အဘိုးထက် အနှစ် ၂၀ လောက်ငယ်တယ်”ဟု အဘိုး က အတိတ်ကိုပြန်တွေးရင်း ပြောပြသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ အဘိုးသည်အညာ ကျေးလက်လေးတွင်သာနေခဲ့သည်။ တပ်မတော်အပေါ် စိတ်မကုန်သေးသည့်အဘိုးသည် သာမန် တပ်သားလေးအဖြစ် တပ်မတော်သို့ပြန်ဝင်ရန် ရန်ကုန်သို့ တကျော့ပြန်လာခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၏အစိုးရ အဖွဲ့ကို ရန်ကုန်အစိုးရဟု တင်စားနေကြသည့်ခေတ်တွင် အင်းစိန်၊ ခဝဲခြံရှိ KIDO များနှင့် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်(ဒုတိယအဆင့်)တို့ကို ရရှိခဲ့သည်။ အဘိုးဦးကျော် ညွန့်သည် သူရဲကောင်းမှတ်တမ်းဝင်အမှတ် ၃၁ ဖြစ်ပြီး ပြန်တမ်းဝင်အမှတ်မှာ ၁၆၃ ဖြစ်သည်။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)၏ အသင်းဝင်တဦးလည်းဖြစ်ပြီး အသင်းဝင်အမှတ်မှာ ရာ/၈၀၆ ဖြစ်သည်။ ကိုယ်ပိုင်အမှတ်မှာ ၂၃၂၂၇၅ ဖြစ်သည်။ သို့သော် မြန်မာ့သမိုင်းတွင် သဲတပွင့်မက ပါဝင်ခဲ့သောအဘိုး၏ ယခုလက်ရှိနေဝင်ချိန်သည် များစွာအကျည်းတန်လှသည်။

”အောင်ဆန်းစုကြည် အခုလုပ်နေတာဟုတ်တယ်။ သူမှာ အကုန်လုံးအာဏာရှိရင်အောင်မြင်မှာ၊ ခုက တဝက်ပဲရှိတယ်။ သူ့မှာ အာဏာအပြည့်ရှိရင် မြန်မာပြည်လက်ခမောင်းခတ်ရမယ်။ သူ့ကို ချုပ်ကိုင်ထား တာတွေ ရှိသေးတယ်။ စစ်တပ်က တိုင်းပြည်ကိုကာကွယ်ရမှာဒါပဲ။ တပ်မတော်က အုပ်ချုပ်ရေးလိုင်းနဲ့ ဘာမှမဆိုင်ဘူး။ အဘိုးတို့ခေတ်တုန်းက ဒီလိုပဲ။ တပ်မတော်က နိုင်ငံတော်ကာကွယ်ဖို့၊ အုပ်ချုပ်ဖို့ မဟုတ်ဘူး။ ဗိုလ်ချုပ်ပြောခဲ့တာ စစ်တပ်က စစ်တပ်ပဲ။ ကာကွယ်မယ် ဒါပဲ။ အဘိုးတို့ခေတ်တုန်းကဆိုရင် လစာတောင် မရဘူး။ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ဝင်ခဲ့တာ။ ဘာမှမရဘူး”ဟု လက်ရှိ နိုင်ငံရေးအခြေအနေကို မေးမြန်းရာတွင် မော်ကွန်းဝင်အဘိုးကျော်ညွန့်က ပြန်ဖြေသည်။

လွတ်လပ်ရေးတိုက်ပွဲဝင် မော်ကွန်းဝင်စစ်ပြန်ဟောင်းကြီးအဘိုး၊ လက်ရှိနိုင်ငံခေါင်းဆောင် ကလေးဘဝအရွယ်က ထိန်းပေးခဲ့ရတဲ့အဘိုး၊ ဗိုလ်ချုပ်ကိုယ်တိုင် လက်မှတ်ထိုး၍ ဂုဏ်ပြုလွှာပေးအပ်ခြင်းခံခဲ့ရ သည့်အဘိုး၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်)၊ နိုင်ငံဂုဏ်ရည် (ဒုတိယအဆင့်) ရရှိခဲ့သည့် အဘိုး၊ ထိုထိုသောဂုဏ်ပုဒ်များနှင့် အဘိုးကျော်ညွန့်သည် ယခုအခါ ချောင်ကျကျရပ်ကွက်လေးမှာ ၁၀ ပေ ပတ်လည် အဆောင်သာသာအခန်းလေးကို တလလေးသောင်းခွဲနှင့် ငှား၍နေရသည်။ ဘဝကို ဆင်းရဲကြီးစွာ ဖြတ်သန်းနေ ရသည်။ အကျိုးခံစားခွင့်ဆို၍ ပြီးခဲ့သည့်လွတ်လပ်ရေးနေ့ နှစ်ကြိမ်တွင် တကြိမ်လျှင် ၃ သိန်းနှုန်းနှင့် ၆ သိန်း ရရှိခဲ့သည်။ ငှက်သိုက်ဆေးဘူးအနည်းငယ်ရရှိခဲ့သည်။ လူမှုရေးပင်စင် တလတသောင်းရရှိသည်။ ထိုမျှသာ။

အဘိုးဦးကျော်ညွန့်သည် မြန်မာ့လွတ်လပ်ရေးတွင် ကျရာနေရာတွင် ပါဝင်ခဲ့သည်။ အဘိုးသည် လွတ်လပ်ရေးတိုက်ပွဲဝင် မည်သည့်အကျိုးခံစားမှုမှရရှိလို၍ ပါဝင်ခဲ့ခြင်းမဟုတ်ပေ။ အဘိုးဦးကျော်ညွန့်တို့လို ပုဂ္ဂိုလ်များက စွန့်လွှတ်အနစ်နာခံခဲ့သောကြောင့် စာရေးသူတို့တွေ ယခုလိုအေးအေးချမ်းချမ်းနေထိုင် ရခြင်းဖြစ်သည်။ သို့သော် အဘိုးဦးကျော်ညွန့်ကဲ့သို့သော ပုဂ္ဂိုလ်များ လူမသိသူမသိ ဆင်းရဲချို့တဲ့စွာ နေနေကြရသည်။ လောကကြီးမှ တိတ်တဆိတ်ထွက် ခွာနေကြရသည်။ ဒီမိုကရေစီအစိုးရအနေနှင့် ထိုကဲ့သို့ သော ပုဂ္ဂိုလ်ကြီးများကို ရှာဖွေဖော်ထုတ်၍ သူကောင်းပြုသင့်ပေသည်။ အဘိုးကျော်ညွန့်ကဲ့သို့ ပုဂ္ဂိုလ်ကြီး များသည် ယခုအခါ နိုင်ငံတဝန်းလုံးတွင် လက်ချိုးရေတွက်နိုင်သည်အထိ တဦးစ၊ နှစ်ဦးစသာရှိတော့သည်။ အဘိုးဘဝနေဝင်ချိန်သည် ယခုထက်ပို၍ လှပနိုင်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

D Khit (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY