Zawgyi ျဖင့္ဖတ္ရန္

ေလာကမွာ ျပီးျပည့္စံုတဲ့ လူရယ္လို႔ မရွိၾကပါဘူး။ ကိုယ္ဆီကိုယ္ငွာ အားနည္းခ်က္ေလးေတြ ရွိၾကပါတယ္။ ေမြးရာမွာ စကားမပီတဲ့လူ၊ ေထာ့နဲ႔တဲ့လူ၊ မ်က္စိေဆြတဲ့လူ စသည္ျဖင့္ အားနည္းခ်က္ ကိုယ္ဆီရွိပါတယ္။ ဒါေတြက တကယ္ေတာ့ အားငယ္စရာ စိတ္ပ်က္စရာလို႔ မရွိပါဘူး။ ေမြးရာပါ ေလာကေပးလိုက္တဲ့ စိတ္ထားေလးလွဖို႔ကတာ အဓိကပါ။

တစ္ခ်ိဳ႕ေတြက ရွိၾကတယ္။ “ငါ့ရဲ့ ဆိုးတဲ့ရုပ္ေၾကာင့္ လူေတြက ငါ့အနားမကပ္ၾကဘူး”။ တကယ္ေတာ့ အဲ့လိုမေတြးသင့္ပါဘူး။ “ငါ့မွာ ေမြးရာပါ ေလာကၾကီးကေပးလိုက္တဲ့ ျဖဴစင္တဲ့ စိတ္ထားေလးရွိတယ္၊ ငါဟာ ေလာကေကာင္းက်ိဳး၊ လူသားေတြေကာင္းက်ိဳးကို အမ်ားၾကီးသယ္ပိုးႏိုင္ေသးတယ္၊ ငါ့မွာ ေရာဂါအနာကင္းရွင္းေနေသးတယ္၊ ဘယ္ေလာက္ ကံေကာင္းလိုက္တဲ့ငါလဲ” ထိုကဲ့သို႔ ေတြးသင့္ပါတယ္။ ဒီေနရာမွာ မိမိဥပမာ တစ္ခု ေပးခ်င္ပါတယ္။တခါတုန္းက အမ်ိဳးသမီးႀကီးတစ္ေယာက္ဆီမွာ သူမ ေရခပ္တုိင္း သံုးေလ့ရွိိတဲ့အိုးကေလးႏွစ္အိုးရွိတယ္တဲ့။

အိုးတစ္အိုးက စင္းလံုးေခ်ာေကာင္းမြန္လွပၿပီးက်န္တစ္အိုးကေတာ့ အက္ရာေလးနဲ႔ အျပစ္အနာအဆာ အနည္းငယ္ရွိသတဲ့။အမ်ိဳးသမီးႀကီးက အဲ့ဒီ အိုးႏွစ္လံုးကို ဝါးပိုးတဖက္တခ်က္မွာ ခ်ိတ္ၿပီးစမ္းေခ်ာင္းမွာ ေရသြားငင္ေလ့ရွိတယ္။ အိမ္ေရာက္တဲ့အခါ အိုးေကာင္းတစ္လံုးကေရအျပည့္ပါေပမဲ့ က်န္တစ္အိုးကေတာ့ ေရေတြ စိမ့္က်က်န္ေနခဲ့တာနဲ႔ ေရတဝက္ပဲပါတာေပါ့။

အဲ့ေတာ့ ျပည့္စံုေကာင္းမြန္တဲ့အိုးေလးက သူ႕ရဲ႕ စြမ္းေဆာင္ႏုိင္မႈအေပၚသူ႕ကိုယ္သူ ဂုဏ္ယူ၀င့္ႂကြားေနခ်ိန္မွာ က်န္တဲ့အိုးကေလးကေတာ့စိတ္ပ်က္အားငယ္ေနရွာတယ္။ႏွစ္အနည္းငယ္ၾကာၿပီးတဲ့ေနာက္ တေန႔မွာ အမ်ိဳးသမီးႀကီးစမ္းေခ်ာင္းမွာေရခပ္ေနတံုး အနာအဆာရွိတဲ့ အုိးကေလးက သူ႕သခင္မကို ေျပာသတဲ့ “ငါ နင့္အတြက္ ဘယ္ေတာ့မွ ေရအျပည့္ မသယ္ေပးႏုိင္တာကို ေတြးမိတုိင္းစိတ္မေကာင္းျဖစ္မိသလို ငါ့ကိုယ္ငါလဲ ရွက္မိတယ္” လို႔ ေျပာေတာ့အမ်ိဳးသမီးက သူ႕ကို ၿပံဳးၾကည့္ၿပီး “ငါတို႔ ေရခပ္ရာလမ္းတေလွ်ာက္နင္ရွိတဲ့ လမ္းဘက္ကပဲ ပန္းပင္ေလးေတြေပါင္းစံု ေဝဆာလွပေနတာကိုနင္သတိထားမိလား” လို႔ ျပန္ေမးတယ္။

ၿပီးေတာ့ ဆက္ေျပာတယ္။”နင့္မွာရွိတဲ့ အဲ့ဒီအားနည္းခ်က္တစ္ခုကို ငါသတိထားမိလို႔ ေရခပ္တဲ့လမ္းတေလွ်ာက္ နင့္ဘက္အျခမ္းမွာ ပန္းမ်ိဳးေစ့ေလးေတြ ငါၾကဲထားခဲ့တယ္။နင္အၿမဲ ေရေလာင္းခဲ့တဲ့ မ်ိဳးေစ့ေလးေတြဟာ အခု အဲ့ဒီလမ္းကပန္းဥယ်ာဥ္ေလးပဲေပါ့။ ငါ့အိမ္က ပန္းအိုးေတြက ပန္းေတြလဲ အဲ့ဒီဥယ်ာဥ္ေလးကပဲ ငါခူးခဲ့တာေလ။ နင့္ေၾကာင့္သာ မဟုတ္ရင္ အဲ့ဒီ လမ္းကပန္းပင္ေလးေတြ ျဖစ္လာမွာ မဟုတ္သလို ငါ့အိမ္ကေလးကိုလဲ အခုလိုပန္းေပါင္းစံု ေ၀ေ၀ဆာဆာနဲ႔ ဘယ္အလွဆင္ႏုိင္ပါ့မလဲ” တဲ့။

ဒီထဲက ဥပမာေလးအတိုင္းပါပဲ။ လူသားတိုင္းမွာ အားနည္းခ်က္ ကိုယ္ဆီ ရွိတတ္ပါတယ္။ ထိုအားနည္းခ်က္ကို လူေတြဘယ္လိုၾကည့္လဲ ေလွာင္လဲဆိုတာ စိတ္ထဲမထားပဲ စိတ္ထားျဖဴစင္စြာနဲ႔ ကိုယ္ႏိုင္ရာဝန္ကေန ေလာကေကာင္းက်ိဳးကို သယ္ပိုးသင့္ပါတယ္။ စိတ္ထားေကာင္းမြန္စြာနဲ႔ ဘဝမွာ တန္ဖိုးရွိစြာ ေနသြားမယ္ဆို အခ်ိန္တန္ရင္ မိတ္ေဆြေကာင္းေတြပဲ သင့္အနားမွာ ရွိေနမွာျဖစ္ျပီး မိတ္ေကာင္းေဆြေကာင္း မဟုတ္သူေတြကေတာ့ သင့္အနားကေန အလိုလုိ ဖယ္ခြာသြားပါလိမ့္မယ္။

Credit; ဘ၀စာမ်က္နွာ

Unicode ဖြင့်ဖတ်ရန်

အားငယ်မိတိုင်း ဖတ်မိပါစေ
လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော့နဲ့တဲ့လူ၊ မျက်စိဆွေတဲ့လူ စသည်ဖြင့် အားနည်းချက် ကိုယ်ဆီရှိပါတယ်။ ဒါတွေက တကယ်တော့ အားငယ်စရာ စိတ်ပျက်စရာလို့ မရှိပါဘူး။ မွေးရာပါ လောကပေးလိုက်တဲ့ စိတ်ထားလေးလှဖို့ကတာ အဓိကပါ။

တစ်ချို့တွေက ရှိကြတယ်။ “ငါ့ရဲ့ ဆိုးတဲ့ရုပ်ကြောင့် လူတွေက ငါ့အနားမကပ်ကြဘူး”။ တကယ်တော့ အဲ့လိုမတွေးသင့်ပါဘူး။ “ငါ့မှာ မွေးရာပါ လောကကြီးကပေးလိုက်တဲ့ ဖြူစင်တဲ့ စိတ်ထားလေးရှိတယ်၊ ငါဟာ လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုးကို အများကြီးသယ်ပိုးနိုင်သေးတယ်၊ ငါ့မှာ ရောဂါအနာကင်းရှင်းနေသေးတယ်၊ ဘယ်လောက် ကံကောင်းလိုက်တဲ့ငါလဲ” ထိုကဲ့သို့ တွေးသင့်ပါတယ်။ ဒီနေရာမှာ မိမိဥပမာ တစ်ခု ပေးချင်ပါတယ်။တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိတဲ့အိုးကလေးနှစ်အိုးရှိတယ်တဲ့။

အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီးကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့။အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ဝါးပိုးတဖက်တချက်မှာ ချိတ်ပြီးစမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ်။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးကရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတဝက်ပဲပါတာပေါ့။

အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့စိတ်ပျက်အားငယ်နေရှာတယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီးစမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့ “ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်းစိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်” လို့ ပြောတော့အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး “ငါတို့ ရေခပ်ရာလမ်းတလျှောက်နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကိုနင်သတိထားမိလား” လို့ ပြန်မေးတယ်။

ပြီးတော့ ဆက်ပြောတယ်။”နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ်။နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းကပန်းဥယျာဉ်လေးပဲပေါ့။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းကပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလိုပန်းပေါင်းစုံ ဝေေ၀ဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ” တဲ့။

ဒီထဲက ဥပမာလေးအတိုင်းပါပဲ။ လူသားတိုင်းမှာ အားနည်းချက် ကိုယ်ဆီ ရှိတတ်ပါတယ်။ ထိုအားနည်းချက်ကို လူတွေဘယ်လိုကြည့်လဲ လှောင်လဲဆိုတာ စိတ်ထဲမထားပဲ စိတ်ထားဖြူစင်စွာနဲ့ ကိုယ်နိုင်ရာဝန်ကနေ လောကကောင်းကျိုးကို သယ်ပိုးသင့်ပါတယ်။ စိတ်ထားကောင်းမွန်စွာနဲ့ ဘဝမှာ တန်ဖိုးရှိစွာ နေသွားမယ်ဆို အချိန်တန်ရင် မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ကောင်းဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

Credit; ဘဝစာမျက်နှာ

LEAVE A REPLY