Zawgyiဖြင့်ဖတ်ရန်
၁၁။ လမ်းလျှောက်ခြင်း
၆။ရေချိုးခြင်း
၎။ ကီဝီသီးစားခြင်း
၂။ခေါင်းဖြီးခြင်း
Credit:Lyhealth Care
Unicodeဖြင့်ဖတ်ရန်
မနက်ပိုင်းထက် ညပိုင်းမှာ ပြုလုပ်တာက ပိုကောင်းသော အရာ ၁၂ခု
စကားလက် အိုဟာရာ က ငါ အဲဒါကို မနက်ဖြန်မှစဉ်းစားမယ် လို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ တခါတလေ သူမ မှားနေတယ်လို့ ထင်တာပဲ။ ရေချိုးခြင်းလိုမျိုး ကျွန်တော်တို့ မနက်ပိုင်းမှာ လုပ်တဲ့ အရာများစွာ ရှိပါတယ် ဒါပေမဲ့ သုတေသီတွေက ညနေပိုင်းမှာ ပြုလုပ်တာက ပိုကောင်းတယ်လို့ သက်သေပြပါတယ်။ မနက်ပိုင်းထက် ညပိုင်းမှာ ပြုလုပ်တာက ပိုကောင်းသော အရာ ၁၂ခုကို ဖော်ပြပါမယ်။
၁၂။ အသား သို့ ဒိန်ခဲပျော့ စားခြင်း
အိပ်ရာမဝင်ခင် နာရီအနည်းငယ်အတွင်း တခုခုမစားရရင် ကောင်းကောင်း အိပ်မပျော်တော့ပါဘူး ။ အသားအချို့ သို့ ဒိန်ခဲပျော့စားခြင်းဟာ ကောင်းပါတယ်။ ဒီပစ္စည်း၂မျိုးစလုံးမှာ ပရိုတိန်းဓာတ်များစွာနဲ့ အိပ်ပျော်စေသော အမီနို အက်ဆစ်ဓာတ်တွေ ပါဝင်လို့ပါပဲ။ ဟင်းသီးဟင်းရွက်တွေ များစွာ စားပေးခြင်းကတော့ ပြည့်အင့်လာနိုင်လို့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး ။
၁၁။ လမ်းလျှောက်ခြင်း
အိပ်ရာမဝင်ခင် ခရီးတိုလေး လမ်းလျှောက်ပေးပါ။ တစ်နေတာ၏ ပူပန်သောကတွေ ကို လျှော့ချရာမှာ ကူညီပေးပါလိမ့်မယ်။ တိတ်ဆိတ်မှုကို ခံစားပြီး စိတ်အနှောက်ယှက်ပေးတဲ့အရာများအကြောင်းကို စဉ်းစားပါ။ ညနေခင်း လမ်းလျှောက်ထွက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်စေပြီး အိပ်မပျော်ရောဂါကိုလည်း သက်သာစေပါတယ်။
၁၀။ မနက်ဖြန်အတွက် လုပ်ရမည့် အစီအစဉ်များ တွေးခြင်း (ချရေးခြင်း)
စာရေးဆရာ ဒါရမ်ဟာဒီ ကတော့ ညဘက်မှာ အစီအစဉ်ဆွဲခြင်းဟာ ဘဝမှာ စီစဉ်တကျဖြစ်စေဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့က အစီအစဉ်တွေကို အသည်းအသန် မနက်ပိုင်းမှာ ပြုလုပ်လေ့ရှိပြီး ရလဒ်အနေနဲ့ အဓိကကိုင်တွယ်ရမယ့် တာဝန်တွေ အရေးကြီးတဲ့အရာတွေ မေ့တတ်ကြပါတယ်။ စေ့စေ့စပ်စပ် အစီအစဉ်ဆွဲထားခြင်းက မနက်ပိုင်းမှာ စိတ်အေးအေးငြိမ်ငြိမ် နေနိုင်ပြီး တန်ဖိုးရှိတဲ့ အချိန်တွေ အားအင်တွေ မဖြုန်းတီးပဲ လုပ်ရမယ့်အလုပ်တွေကို တဆင့်ချင်း လုပ်ဆောင်နိုင်တယ်။
၉။ အခန်းကို လေဝင်လေထွက်ကောင်းစေခြင်း
လူသားတွေရဲ့ ခန္ဓာကိုယ်မှာ အဆီဖြူတွေ ပါဝင်တယ်။ ဒီအဆီတွေက ကျွန်တော်တို့ မထွက်ပေါ်စေချင်ဆုံး အချိန်မှာမှ မကြာခဏပေါ်လာတတ်တယ်။ ဒါပေမဲ့ အညိုရောင်အဆီ တမျိုးလည်း ရှိပါသေးတယ်။ ၎င်းက ခန္ဓာကိုယ် ရဲ့ အပူလှည့်လည်ခြင်းဖြစ်စဉ်မှာ ပါဝင်ပြီး အားအင်ရင်းမြစ်အဖြစ်လည်း ဆောင်ရွက်တယ်။ များစွာသော စမ်းသပ်ချက်တွေအရ ဇီဝကမ္မဗေဒဖြစ်စဉ်ကို တိုးမြင့်စေသော အပူချိန်အေးခြင်းကြောင့် အဆီဖြူတွေက အညိုရောင် အဆီတွေအဖြစ် ပြောင်းလဲနိုင်တယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ လေအေးဝင်စေရန် ညဘက်မှာ အိပ်ခန်းပြတင်းပေါက်တွေဖွင့်ထားနိုင်တယ်။ ဒီနည်းနဲ့ အညိုရောင်အဆီတွေ လျင်မြန်စွာ ဖြစ်ပေါ်ပြီး အိပ်စက်ချိန်မှာတောင် အင်အားတွေ တိုးနိုင်တယ်။
၈။ နေ့လည်စာနှင့် အဝတ်အစားအတွက် ပြင်ဆင်ထားခြင်း
သင်က အကုန်လုံးကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ပိုင်းမှာ အချိန်ကုန်သက်သာကာ ခေါင်းကိုက်ခဲစရာလည်း လျော့နည်းပါလိမ့်မယ်။ စိတ်ရှုပ်စရာ ဆုံးဖြတ်ချက်ချရခြင်းများလည်း ကင်းဝေးပါလိမ့်မယ်။ ကိုယ်ဝတ်ချင်တဲ့ အဝတ်အစားကလည်း အဆင့်သင့်ဖြစ်ကာ ကော်ဖီသောက်ချိန်တောင် ၁၅မိနစ်လောက် ပိုနေပါလိမ့်မယ်။ ရုံးတက်ရတယ်ဆိုရင် နေ့လည်စာအတွက်ပါ ညကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ အရာရာတိုင်းကိုပြင်ဆင်ထားပါ။ လွတ်နေသောရေခဲသေတ္တာက ကောင်းတဲ့စိတ်အခြေအနေ သို့ အားအင်တွေကို ပေးမှာ မဟုတ်ပါဘူး
၇။ ယောဂ သို့ တရားထိုင်ခြင်း
ကျွန်တော်တို့တွေ မကြာခဏဆိုသလို အချိန်မရှိလို့ မနက်ပိုင်း လေ့ကျင့်ခန်းတွေဆို လွတ်ကုန်တာများပါတယ်။ ဒါပေမဲ့ ညနေပိုင်း ယောဂကျင့်ခြင်းဟာ အတွေးတွေ ခံစားချက်တွေကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေကာ နောက်တနေ့ကို နှုတ်ဆက်ဖို့ အဆင်သင့် ဖြစ်နေစေပါတယ် ။ ယနေ့ခေတ်မှာတော့ တရားထိုင် စိတ်လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ကျော်ကြားလာပါတယ်။ အိပ်ရာမဝင်ခင် ၁၀မိနစ်လောက် ဒီလို ရိုးရှင်းသော လေ့ကျင့်ခန်းလေး လုပ်ကြည့်ပါ။ များစွာသောသူတွေက စိတ်ပျံ့နှံ့မှုတွေ ဆူညံမှုတွေကြောင့် တရားမထိုင်နိုင်ကြပါဘူး။ တရားထိုင်ရာမှာ ကိုယ့်ရဲ့ အတွင်းစိတ်သဏ္ဍာန်ကိုပဲ အာရုံပြုထားဖို့ အရေးကြီးပါတယ်။
၆။ရေချိုးခြင်း
မနက်ပိုင်းမှာ ရေပူချိုးခြင်းဟာ အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ပူသောအပူချိန်က အိပ်စက်ခြင်းကို အထောက်အကူပြုလို့ပါပဲ။ ညပိုင်းမှာ ချိုးရင် ပိုကောင်းပါတယ်။ ခန္ဓာကိုယ်တွင်းအပူပြောင်းလဲခြင်းက လျင်လျင်မြန်မြန် အိပ်ပျော်စေဖို့ ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးလို့ပဲဖြစ်ပါတယ်။ ရေနွေးကန်က အိပ်မပျော်ရောဂါကို ကုသရာမှာ နည်းလမ်းကောင်းဖြစ်တယ်။ အိပ်ရာမဝင်ခင် ရေနွေးဖြင့်ရေချိုးခြင်းက အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ အာရုံကြောတွေကို ငြိမ်စေတယ်၊ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတယ်၊ နောက်ကျော အရိုးတွေကို ဖြေလျော့စေတယ်၊ တနေကုန် ရုံးမှာ အလုပ်လုပ်ရတဲ့သူတွေဆို ပိုအရေးကြီးပါတယ်။
၅။ မှတ်မိစေချင်တဲ့ အရာတခုခုကို ဖတ်ခြင်း
သိပ္ပံပညာရှင်တွေက စာဖတ်ခြင်းက ကောင်းသောအနားယူခြင်းလို့ ဆိုပါတယ်။ မတူညီသော ကမ္ဘာတခုကို ရောက်ရှိသွားခြင်းဟာ လက်ဖက်ရည်နဲ့ဂီတ ထက် နေ့စဉ်ပြသာနာတွေက စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ရန် ကူညီပေးလို့ပါပဲ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုဒဏ်ကို လျှော့ချပြီး ကြွက်သားတွေကို အနားပေးဖို့ စာအုပ်တအုပ်နဲ့ ၆မိနစ်လောက်သာ ကုန်ဆုံးဖို့ လိုပါတယ်။
ဦးနှောက်ဟာ ညဘက်မှာ ပိုပြီးမှတ်မိလွယ်ပါတယ်။ ညဘက်မှာ စာလုပ်တဲ့ကျောင်းသားတွေက စာမေးပွဲအောင်နိုင်ချေ များပါတယ်။ ဖန်သားပြင်မှ အလင်းကြောင့် ဖြစ်တဲ့ ပြသာနာတွေကို ကာကွယ်ရန် စမတ်ဖုန်း သို့ လက်ပ်တော့ ကို မသုံးပဲ သာမန်ရိုးရိုး စာအုပ်ကိုသာ သုံးပါ။
၄။ ကီဝီသီးစားခြင်း
လူတွေက မနက်ပိုင်းမှာ အသီးစားရတာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ တချို့အသီးတွေဟာ ညဘက်စားတာ ပိုကောင်းပါတယ်။ ကီဝီသီးလိုမျိုးပေါ့။ လေ့လာချက်တွေအရ အိပ်ရာမဝင်ခင် ၁နာရီအတွင်း ကီဝီသီး ၂လုံးစားခြင်းက မြန်မြန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဗီတာမင်အေနဲ့ စီက ကောင်းမွန်စွာ အိပ်ပျော်စေခြင်းနှင့် serotonin (ဦးနှောက်မှထုတ်ပေးသော ပျော်ရွှင်စေသည့် chemical) ထုတ်လုပ်ခြင်းကို ဖြစ်စေသော ဦးနှောက် အာရုံကြော ဆက်သွယ်ချက်ကို ကောင်းမွန်စေပါတယ်။
၃။ ချယ်ရီဖျော်ရည် တစ်ဖန်ခွက် သောက်သုံးခြင်း
ချယ်ရီဖျော်ရည် ၂ဖန်ခွက်သောက်ခြင်းကလည်း တညမှာ ၉၀ မိနစ်လောက်ပိုပြီး အိပ်ပျော်စေပါတယ်။ ချယ်ရီမှာ ပါရှိတဲ့ ပတ္တမြား အနီရောင်သဘာဝဆိုးဆေး ဓာတ်က Tryptophan ပြိုကွဲမှုကို လျော့ကျစေပြီး ၎င်းကို ရေရှည်ခံစေကာ ပိုမို အလုပ်လုပ်စေပါတယ်။ ချယ်ရီဖျော်ရည်မကြိုက်နှစ်သက်ပါက ညစာတွင် ကျောက်ပွင့်စားနိုင်ပါတယ်။ ကျောက်ပွင့်မှာလည်း အိုမီဂါ၃ အက်ဆစ်ပါဝင်တဲ့အတွက် ကောင်းမွန်ကြာရှည်စွာ အိပ်စက်စေပါတယ်။
၂။ခေါင်းဖြီးခြင်း
အိပ်ရာမဝင်ခင် ခေါင်းဖြီးခြင်းကလည်း ဆဲလ်သေတွေ၊ ဖုန်တွေ၊ အရေပြားအဆီ တွေကို ဖယ်ရှားစေပါတယ်။ ချောမွေ့သောဘီးဖြင့် ညင်ညင်သာသာ နှိပ်နယ်ပေးခြင်းကလည်း ဆံကေသာ အမြစ်ကို လိုအပ်တဲ့ အဟာရတွေနဲ့ အောက်စီဂျင်တွေ သယ်ပို့ပေးပါတယ်။ မနက်ပိုင်းမှာလည်း ဆံပင်ပုံစံကို အလောတကြီး ပြင်စရာ မလိုတော့ဘူးပေါ့ ။
၁။ တနေ့တာကို သုံးသပ်ခြင်း
တနေ့တာကိုသုံးသပ်ပါ။ ကိုယ့်မှာဖြစ်ခဲ့တဲ့ ကောင်းတာတွေကို ပြန်တွေးပါ။ ဘာတွေပြောင်းလဲသင့်လဲဆိုတာ စဉ်းစားပြီး နေ့စဉ်မှတ်တမ်းမှာ ရေးပါ။ လေ့လာချက်တွေအရ တနေ့တာပြန်လည်စမ်းသပ်ချက်တွေဟာ အလွန် အသုံးဝင်ပါတယ်။ အိပ်ရာမဝင်ခင် အပြုသဘောဆောင် အကောင်းမြင်တဲ့ ခံစားချက်တွေ မရှိဖူးလို့ ခံစားနေရတယ်ဆိုရင် ကောင်းမွန်တဲ့ အရာတခုခုပြုလုပ်ပါ။ ဥပမာအားဖြင့် ကြောင်လေးကို ချစ်ခင်ပေးခြင်းလိုမျိုးပေါ့ ။ ပျော်ရွှင်မှုဆိုတာ လက်ရှိအချိန်အတွင်းမှာ ပျော်နေတာပါ။ မနက်ဖြန်ဆိုတာ ဘာမှ ကြိုပြောလို့ မရပါဘူး ။ ကျွန်တော်တို့အများစုက ညနေခင်းတွေကို မိသားစုတွေ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးကြတယ်။ သူတို့ကို ချစ်ကြောင်း ကျေးဇူးတင်ကြောင်း ပြောဖို့လည်း မမေ့ပါနဲ့ ။
Credit:Lyhealth Care
LEAVE A REPLY