Zawgyi ဖြင့်ဖတ်ရန်

 




Unicode ဖြင့်ဖတ်ရန်

တိုင်းနဲ့ပြည်နယ်ကိုးခုကို မိုးတိမ်တောင်အန္တရာယ် သတိပေးလိုက်တဲ့ ဒေါက်တာဦးထွန်းလွင်

မြန်မာနိုင်ငံရဲ့ မိုးနတ်မင်းလို့ အများက တင်စားခေါ်ဝေါ်ကြတဲ့ ဒေါက်တာ ဦးထွန်းလွင်ကို အားလုံး က ကောင်းစွာ သိကြမှာပါ။ သူဟာဆိုရင်မြန်မာနိုင်ငံရဲ့ ရာသီဥတု ထူးခြားချက်လေးတွေ ရှိလာတဲ့အခါတိုင်း ပြည်သူလူထုကို အသိပေးတတ်သူမို့ အားလုံးကလည်း ချစ်ခင်ကြတဲ့ မိုးနတ်မင်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ အနောက်တောင် မုတ်သုံလေမြန်မာနိုင်ငံက ဆုတ်ခွနေတာကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်နေပြီးတော့ မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်ကိုးခုမှာ မိုးတိမ်တောင် များဖြစ်ပေါ်နေပြီး သတိပြုနေကြရန် ဒေါက်တာ ထွန်းလွင်က တိုက်တွန်းလိုက်ပါတယ်။ ဒီဒေသတွေကတော့ ရခိုင်၊ ချင်း၊ မွန်နှင့် ကရင်ပြည်နယ်၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ဖြစ်ပြီးတော့ လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် နေရာ ကွက်မိုးကြီးခြင်းတို့ ဖြစ်စေတတ်တဲ့ မိုးတိမ်တောင် အန္တရာယ် ရှိတာကြောင့် ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းနဲ့ ပြည်နယ်ကိုးခုက ပရိသတ်များ ဘေးအန္တရယ်ကင်းစေဖို့ ပြန်လည်မျှဝေဖော်ပြလိုက်ရပါတယ်နော်။

share from : burmese.asia

LEAVE A REPLY