Zawgyi ျဖင့္ဖတ္ရန္

 

ေခြးေတြဟာ လူေတြထက္ပိုၿပီး သစၥာရွိတယ္ဆိုတာ မွန္ကန္ေၾကာင္း အထပ္အခါခါ သက္ေသျပဖို႔ လိုပါေသးလား..?လိုေသးတယ္ဆိုရင္ေတာ့ ဒီ႐ုပ္သံေလးကို ၾကည့္လိုက္ပါ။ ရင္ထဲမွာ ဆို႔နင့္သြားေအာင္ သနားစရာခ်စ္စရာေကာင္းတဲ့ စြန႔္ပစ္ခံလမ္းေဘး ေခြးေလးတစ္ေကာင္က ကားအလြန္ရႈပ္တဲ့ လမ္းမေပၚမွာ ကားတိုက္ၿပီး ေသသြားခဲ့တဲ့ သူ႔သူငယ္ခ်င္းေခြးေလးရဲ႕ အေလာင္းေဘးနားမွာ သူပါကားတိုက္ခံရမွာကို မမႈပဲ ၃ နာရီေက်ာ္ၾကာ ရပ္ေစာင့္ေပးေနခဲ့ပါတယ္။

ဒီျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က တ႐ုတ္ႏိုင္ငံ ဂြီက်ိဳးစီရင္စုမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေခြးေလးဟာ သူ႔အေဖာ္ရဲ႕အနားမွာ တၿငီးၿငီးတျငဴျငဴ အသံျပဳရင္း လွ်က္ေပးတာေတြ လုပ္ေပးေနခဲ့ပါတယ္။ သူ႔ရဲ႕အေဖာ္ ေသသြားၿပီဆိုတာကို သူမသိပဲ နာရီအေတာ္ၾကာ ႏႈိးေနခဲ့တာ ျဖစ္ပါတယ္။

ေသသြားတဲ့ေခြးေလးရဲ႕ ပိုင္ရွင္ျဖစ္သူက လမ္းေဘးေခြးေလးဟာ သူ႔ေခြးနဲ႔ ကစားေနက် သူငယ္ခ်င္းျဖစ္တယ္လို႔ဆိုပါတယ္။ လမ္းသြားလမ္းလာေတြက ေခြးေလးရဲ႕ အေလာင္းကို ၾသဂႋုလ္ေပးဖို႔ သယ္သြားတဲ့အခါ ေခြးေလးကလည္း ေနာက္ကေနေတာက္ေလ်ာက္ လိုက္ပါသြားတယ္လို႔ မ်က္ျမင္ေတြ႕ခဲ့သူေတြက ဆိုပါတယ္။

သစၥာရွိၿပီး အစြဲလန္းႀကီးတတ္တဲ့ ေခြးေလးဟာ ေနာက္ထပ္အခ်ိန္ ဘယ္ေလာက္ၾကာေအာင္ တေျမ့ေျမ့နဲ႔ ခံစားေနရဦးမလဲဆိုတာ မခန႔္မွန္းတတ္ေတာ့ပါဘူး။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကားလမ်းမလယ်မှာ ကစားဖော်ရဲ့ အလောင်းနားကမခွာပဲ စောင့်ပေးနေတဲ့ခွေးလေး

ခွေးတွေဟာ လူတွေထက်ပိုပြီး သစ္စာရှိတယ်ဆိုတာ မှန်ကန်ကြောင်း အထပ်အခါခါ သက်သေပြဖို့ လိုပါသေးလား..?
လိုသေးတယ်ဆိုရင်တော့ ဒီရုပ်သံလေးကို ကြည့်လိုက်ပါ။ ရင်ထဲမှာ ဆို့နင့်သွားအောင် သနားစရာချစ်စရာကောင်းတဲ့ စွန့်ပစ်ခံလမ်းဘေး ခွေးလေးတစ်ကောင်က ကားအလွန်ရှုပ်တဲ့ လမ်းမပေါ်မှာ ကားတိုက်ပြီး သေသွားခဲ့တဲ့ သူ့သူငယ်ချင်းခွေးလေးရဲ့ အလောင်းဘေးနားမှာ သူပါကားတိုက်ခံရမှာကို မမှုပဲ ၃ နာရီကျော်ကြာ ရပ်စောင့်ပေးနေခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံ ဂွီကျိုးစီရင်စုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ခွေးလေးဟာ သူ့အဖော်ရဲ့အနားမှာ တငြီးငြီးတငြူငြူ အသံပြုရင်း လျှက်ပေးတာတွေ လုပ်ပေးနေခဲ့ပါတယ်။ သူ့ရဲ့အဖော် သေသွားပြီဆိုတာကို သူမသိပဲ နာရီအတော်ကြာ နှိုးနေခဲ့တာ ဖြစ်ပါတယ်။

သေသွားတဲ့ခွေးလေးရဲ့ ပိုင်ရှင်ဖြစ်သူက လမ်းဘေးခွေးလေးဟာ သူ့ခွေးနဲ့ ကစားနေကျ သူငယ်ချင်းဖြစ်တယ်လို့ဆိုပါတယ်။ လမ်းသွားလမ်းလာတွေက ခွေးလေးရဲ့ အလောင်းကို သြင်္ဂိုလ်ပေးဖို့ သယ်သွားတဲ့အခါ ခွေးလေးကလည်း နောက်ကနေတောက်လျောက် လိုက်ပါသွားတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ဆိုပါတယ်။

သစ္စာရှိပြီး အစွဲလန်းကြီးတတ်တဲ့ ခွေးလေးဟာ နောက်ထပ်အချိန် ဘယ်လောက်ကြာအောင် တမြေ့မြေ့နဲ့ ခံစားနေရဦးမလဲဆိုတာ မခန့်မှန်းတတ်တော့ပါဘူး။

Credit : popolay

LEAVE A REPLY