Zawgyi ျဖင့္ဖတ္ရန္

ႏိုဗယ္လ္ဆုေပးတဲ့စနစ္က သူဆုမရေအာင္ ရည္႐ြယ္ခ်က္ရွိရွိ တမင္အကြက္ဆင္ထားတဲ့အတြက္ သူ ႏိုဗယ္လ္ဆု မရေသးတာျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က လတ္တေလာမွာ မေက်မနပ္နဲ႔ သတင္းေထာက္ေတြကို ေျပာၾကားလိုက္ပါတယ္။

ပါကစၥတန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံဖို႔ နယူးေရာ့ခ္မွာရွိတဲ့ ယူႏိုက္တက္ေနးရွင္းဌါနခ်ဳပ္ကို အသြားမွာ ‘ထရမ့္’ က သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။ သူေျပာခဲ့တဲ့ စကားေတြထဲမွာေတာ့ သူဟာ အလြန္တရာမွ သမာသမတ္ရွိတဲ့သူျဖစ္ၿပီး သူလုပ္ေဆာင္ခဲ့တဲ့ ကိစၥေတာ္ေတာ္မ်ားမ်ားဟာ ႏိုဗလ္ဆုနဲ႔ ထိုက္တန္တဲ့ အရာေတြခ်ည္းပဲျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ႏိုဗယ္လ္ဆု ေ႐ြးခ်ယ္တဲ့ပုံစံက တရားမွ်တမႈမရွိဘူးလို႔ ဆိုပါတယ္။

ဒါ့အျပင္ ယခင္သမၼတေဟာင္း ‘ဘားရက္အိုဘားမား’ ေတာင္ ႏိုဗလ္ဆုရခဲ့ေသးရင္ သူလည္း ႏိုဗလ္ဆု ရသင့္တယ္လို႔ဆိုပါတယ္။ ‘အိုဘားမား’ ကို ဘာျဖစ္လို႔ ႏိုဗလ္ဆုေပးရတာလဲဆိုတာ သူ႔အေနနဲ႔ စဥ္းစားလို႔ေတာင္မရဘူးလို႔ ေျပာဆိုခဲ့ၿပီး ‘အိုဘားမား’ ရဲ႕ လုပ္ရပ္ေတြထဲမွာ သူသေဘာတူတာ တစ္ခုပဲရွိခဲ့တယ္လို႔ ဆိုပါတယ္။

သမၼတေဟာင္း ‘ဘားရက္အိုဘားမား’ ဟာ ႏိုင္ငံတစ္ကာ သံတမန္ေရးနဲ႔ လူထုေတြၾကားမွာ ပူးေပါင္းေဆာင္႐ြက္မႈရွိလာေအာင္ စြမ္းစြမ္းတမံလုပ္ေဆာင္ခဲ့တဲ့အတြက္ ၂၀၀၉ ခုႏွစ္မွာ ႏိုဗလ္ဆု ခ်ီးျမႇင့္ျခင္း ခံခဲ့ရပါတယ္။

သမၼတေဒၚနယ္ထရမ့္ ရဲ႕ ေ႐ြးေကာက္ပြဲ မတိုင္ခင္ကာလ လႈပ္ရွားမႈေတြမွာ ေရပန္းစားခဲ့တဲ့ “အေမရိကန္ႏိုင္ငံကို ႀကီးျမတ္ေအာင္ တဖန္ျပန္လုပ္မယ္” ဆိုတဲ့ ေဆာင္ပုဒ္ဟာ အခုအခ်ိန္မွာေတာ့ အမုန္းတရား၊ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ မ်ိဳးခ်စ္စိတ္ဓာတ္ကို လြဲမွားစြာေဖာ္က်ဴးတဲ့ ျပယုခ္ေတြအျဖစ္သာ ျပည္သူေတြရဲ႕ အသိမွတ္ျပဳျခင္း ခံလိုက္ရပါတယ္။

လက္တေလာမွာေတာ့ အျခားႏိုင္ငံေတြကေန နယ္စပ္ျဖတ္ေက်ာ္ ေျပာင္းေ႐ြ႕လာသူ ၅၀,၀၀၀ ခန႔္ကို အေမရိကန္ျပည္အႏွံ႔မွာရွိတဲ့ ေထာင္ေပါင္း ၂၀၀ ေက်ာ္မွာ ထိန္းသိမ္းထားပါတယ္။ ဒါ့အျပင္ ထိန္းသိမ္းခံ ကေလးငယ္ေတြနဲ႔ မိဘေတြဟာ တကြဲတျပားစီျဖစ္ေနတာေၾကာင့္ လူသားမဆန္တဲ့လုပ္ရပ္အျဖစ္ ရႈျမင္ေနၾကပါတယ္။

တိုင္ျပည္တြင္းမွာ ဒီလိုအေျခအေနေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ သူ႔ရဲ႕လုပ္ရပ္ေတြဟာ ႏိုဗလ္ဆုနဲ႔ ထိုက္တန္တယ္လို႔ ေဒၚနယ္ထရမ့္ က အခိုင္အမာယုံၾကည္ေနတာျဖစ္ေၾကာင္း The Independent သတင္းမွာေဖာ္ျပထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

“အိုဘားမား” တောင် နိုဗယ်လ်ဆုရရင် သူလည်းရသင့်တယ်ဆိုတဲ့ “ဒေါ်နယ်ထရမ့်”

နိုဗယ်လ်ဆုပေးတဲ့စနစ်က သူဆုမရအောင် ရည်ရွယ်ချက်ရှိရှိ တမင်အကွက်ဆင်ထားတဲ့အတွက် သူ နိုဗယ်လ်ဆု မရသေးတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလောမှာ မကျေမနပ်နဲ့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ နယူးရော့ခ်မှာရှိတဲ့ ယူနိုက်တက်နေးရှင်းဌါနချုပ်ကို အသွားမှာ ‘ထရမ့်’ က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ သူပြောခဲ့တဲ့ စကားတွေထဲမှာတော့ သူဟာ အလွန်တရာမှ သမာသမတ်ရှိတဲ့သူဖြစ်ပြီး သူလုပ်ဆောင်ခဲ့တဲ့ ကိစ္စတော်တော်များများဟာ နိုဗလ်ဆုနဲ့ ထိုက်တန်တဲ့ အရာတွေချည်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုဗယ်လ်ဆု ရွေးချယ်တဲ့ပုံစံက တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ယခင်သမ္မတဟောင်း ‘ဘားရက်အိုဘားမား’ တောင် နိုဗလ်ဆုရခဲ့သေးရင် သူလည်း နိုဗလ်ဆု ရသင့်တယ်လို့ဆိုပါတယ်။ ‘အိုဘားမား’ ကို ဘာဖြစ်လို့ နိုဗလ်ဆုပေးရတာလဲဆိုတာ သူ့အနေနဲ့ စဉ်းစားလို့တောင်မရဘူးလို့ ပြောဆိုခဲ့ပြီး ‘အိုဘားမား’ ရဲ့ လုပ်ရပ်တွေထဲမှာ သူသဘောတူတာ တစ်ခုပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း ‘ဘားရက်အိုဘားမား’ ဟာ နိုင်ငံတစ်ကာ သံတမန်ရေးနဲ့ လူထုတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုရှိလာအောင် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ်မှာ နိုဗလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

သမ္မတဒေါ်နယ်ထရမ့် ရဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလ လှုပ်ရှားမှုတွေမှာ ရေပန်းစားခဲ့တဲ့ “အမေရိကန်နိုင်ငံကို ကြီးမြတ်အောင် တဖန်ပြန်လုပ်မယ်” ဆိုတဲ့ ဆောင်ပုဒ်ဟာ အခုအချိန်မှာတော့ အမုန်းတရား၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ မျိုးချစ်စိတ်ဓာတ်ကို လွဲမှားစွာဖော်ကျူးတဲ့ ပြယုခ်တွေအဖြစ်သာ ပြည်သူတွေရဲ့ အသိမှတ်ပြုခြင်း ခံလိုက်ရပါတယ်။

လက်တလောမှာတော့ အခြားနိုင်ငံတွေကနေ နယ်စပ်ဖြတ်ကျော် ပြောင်းရွေ့လာသူ ၅၀,၀၀၀ ခန့်ကို အမေရိကန်ပြည်အနှံ့မှာရှိတဲ့ ထောင်ပေါင်း ၂၀၀ ကျော်မှာ ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် ထိန်းသိမ်းခံ ကလေးငယ်တွေနဲ့ မိဘတွေဟာ တကွဲတပြားစီဖြစ်နေတာကြောင့် လူသားမဆန်တဲ့လုပ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။

တိုင်ပြည်တွင်းမှာ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့လုပ်ရပ်တွေဟာ နိုဗလ်ဆုနဲ့ ထိုက်တန်တယ်လို့ ဒေါ်နယ်ထရမ့် က အခိုင်အမာယုံကြည်နေတာဖြစ်ကြောင်း The Independent သတင်းမှာ ဖော်ပြထားပါတယ်။

Credit : popolay

LEAVE A REPLY