Zawgyi ျဖင့္ဖတ္ရန္

အရက္ အရည္အေသြးေကာင္းေကာင္း ေသာက္မွ သာ တေန႔ ေခါင္းႏွစ္ဆၾကည္မည္ ျဖစ္သျဖင့္ အရက္တစ္လီတာ၏ တန္ဖိုးကို ၆၀ ရာခိုင္ႏႈန္း အခြန္ေကာက္မႈကို ၂၅ ရာခိုင္ႏႈန္းသာေကာက္ခံသင့္ေၾကာင္း စမ္းေခ်ာင္းမဲဆႏၵနယ္မွ ကိုယ္စားလွယ္ဦးဘိုဘိုဦးက အႀကံျပဳေျပာၾကားလိုက္သည္။

“အရက္အရည္အေသြးေကာင္းေကာင္းေသာက္မွ တစ္ေန႔ ေခါင္းႏွစ္ဆ ၾကည္ပါမယ္။အထက္ေဖာ္ျပပါ အရက္ တစ္လီတာ တန္ဖိုး ၁၅၀၁ က်ပ္မွ အထက္မွ ကို တစ္လီတာ တန္ဖိုး၏ ၆၀ ရာခိုင္ႏႈန္း အစား ၂၅ ရာခိုင္ႏႈန္း ေကာက္ခံသင့္ပါေၾကာင္း အႀကံျပဳအပ္ပါတယ္”ဟု ဦးဘိုဘိုဦး ကေျပာသည္။

ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းႏွင့္ စပ္လ်ဥ္း ၍ ေဆြးေႏြးရာတြင္ ဦးဘိုဘိုဦးမွ အထက္ပါအတိုင္းထည့္သြင္းေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။ထို႔ျပင္ အခြန္ေကာက္ျခင္းသဘာ၀ အရ အခြန္မ်ားအားေလ်ာ့ေကာက္မွသာလွ်င္ အခြန္မ်ားမ်ားရရွိႏိုင္မည္ျဖစ္ၿပီး တရားမဝင္ တင္သြင္းမႈမ်ားလည္းေလ်ာ့နည္းလာမည္ျဖစ္ရာ အတုအပ တိုးပြားလာမႈမ်ားသည္လည္း ေလ်ာ့နည္းလာမည္ ေၾကာင္း ဦးဘိုဘိုဦးကေျပာသည္။

“အခြန္ ျမႇင့္မားျခင္းေၾကာင့္ တင္သြင္းမႈနည္းပါးသြားကာ အခြန္ရလမ္းနည္းပါးပါသည္။တရားမဝင္ တင္သြင္းမႈ ရွိလာပါသည္။တရားမဝင္ တင္သြင္းမႈႏွင့္ အတူ ကုန္ပစၥည္းအတု အပ တိုးပြားလာပါမည္။ ႏိုင္ငံေတာ္၏ ရည္မွန္းခ်က္ျဖစ္ေသာ အခြန္တိုးျမႇင့္ရရွိေရး တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး ျပည္သူ႔ က်န္းမာေရးထိခိုင္မႈေလ်ာ့ခ်ေရးတို႔ကို ထိခိုက္ေစပါတယ္။အခြန္ေကာက္ခံျခင္းသဘာ၀ အရ အခြန္ဟာေလ်ာ့ေကာက္မွ အခြန္မ်ားမ်ားရပါမယ္”ဟု ၎ က ေျပာသည္။ထို႔အတူ ျမန္မာ့ စီးပြားေရးသည္ macro အဆင့္တိုးတက္မႈႏႈန္းတြင္ အားေကာင္းလ်က္ရွိေနသည့္ အတြက္ macro စီးပြားေရးကိုလည္း ယခုထက္ပိုမို သြက္လက္ေကာင္းမြန္ တိုးတက္ေစရန္ အတြက္ အခြန္အေကာက္ ဥပေဒ မွ တဆင့္ အေထာက္အပံ့ျဖစ္ေစလိုေၾကာင္း ဦးဘိုဘိုဦးကေျပာဆိုခဲ့သည္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

အရက်ကောင်းသောက်မှ ခေါင်းနှစ်ဆ ကြည်မည်ဖြစ်၍ အရက်အခွန်အား လျော့ပေးရန် စမ်းချောင်းအမတ် အကြံပြု

အရက် အရည်အသွေးကောင်းကောင်း သောက်မှ သာ တနေ့ ခေါင်းနှစ်ဆကြည်မည် ဖြစ်သဖြင့် အရက်တစ်လီတာ၏ တန်ဖိုးကို ၆၀ ရာခိုင်နှုန်း အခွန်ကောက်မှုကို ၂၅ ရာခိုင်နှုန်းသာကောက်ခံသင့်ကြောင်း စမ်းချောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဦးဘိုဘိုဦးက အကြံပြုပြောကြားလိုက်သည်။

“အရက်အရည်အသွေးကောင်းကောင်းသောက်မှ တစ်နေ့ ခေါင်းနှစ်ဆ ကြည်ပါမယ်။အထက်ဖော်ပြပါ အရက် တစ်လီတာ တန်ဖိုး ၁၅၀၁ ကျပ်မှ အထက်မှ ကို တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း အစား ၂၅ ရာခိုင်နှုန်း ကောက်ခံသင့်ပါကြောင်း အကြံပြုအပ်ပါတယ်”ဟု ဦးဘိုဘိုဦး ကပြောသည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ဦးဘိုဘိုဦးမှ အထက်ပါအတိုင်းထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ထို့ပြင် အခွန်ကောက်ခြင်းသဘာ၀ အရ အခွန်များအားလျော့ကောက်မှသာလျှင် အခွန်များများရရှိနိုင်မည်ဖြစ်ပြီး တရားမဝင် တင်သွင်းမှုများလည်းလျော့နည်းလာမည်ဖြစ်ရာ အတုအပ တိုးပွားလာမှုများသည်လည်း လျော့နည်းလာမည် ကြောင်း ဦးဘိုဘိုဦးကပြောသည်။

“အခွန် မြှင့်မားခြင်းကြောင့် တင်သွင်းမှုနည်းပါးသွားကာ အခွန်ရလမ်းနည်းပါးပါသည်။တရားမဝင် တင်သွင်းမှု ရှိလာပါသည်။တရားမဝင် တင်သွင်းမှုနှင့် အတူ ကုန်ပစ္စည်းအတု အပ တိုးပွားလာပါမည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အခွန်တိုးမြှင့်ရရှိရေး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ပြည်သူ့ ကျန်းမာရေးထိခိုင်မှုလျော့ချရေးတို့ကို ထိခိုက်စေပါတယ်။အခွန်ကောက်ခံခြင်းသဘာ၀ အရ အခွန်ဟာလျော့ကောက်မှ အခွန်များများရပါမယ်”ဟု ၎င်း က ပြောသည်။ထို့အတူ မြန်မာ့ စီးပွားရေးသည် macro အဆင့်တိုးတက်မှုနှုန်းတွင် အားကောင်းလျက်ရှိနေသည့် အတွက် macro စီးပွားရေးကိုလည်း ယခုထက်ပိုမို သွက်လက်ကောင်းမွန် တိုးတက်စေရန် အတွက် အခွန်အကောက် ဥပဒေ မှ တဆင့် အထောက်အပံ့ဖြစ်စေလိုကြောင်း ဦးဘိုဘိုဦးကပြောဆိုခဲ့သည်။

share from :burmese.asia

LEAVE A REPLY