Zawgyi ျဖင့္ဖတ္ရန္

ေမွ်ာ္လင့္မထားမယ့္ သတင္းတစ္ပုဒ္ ခင္ဗ်ားတို႔ေတာ့ ဖတ္ရေတာ့မယ္။ ဒီ သတင္းကို တင္ဆက္ရသူအတြက္ပါ ေပ်ာ္႐ႊင္ရတဲ့ သတင္းေပါ့။ ထိုင္းႏိုင္ငံက အြန္လိုင္းအားကစားဗီဒီယိုဂိမ္းၿပိဳင္ပြဲ Esport မွာ အမွန္တကယ္ ဗိုလ္စြဲသြားတဲ့အသင္းကေတာ့ ဘုန္းဘုန္းေတြရဲ႕ အသင္းပဲ ျဖစ္ပါတယ္။ အလန္းစားပဲေပါ့။

Khon Kaen တကၠသိုလ္ Nong Khai တကၠသိုလ္နယ္ေျမခြဲမွာ က်င္းပတဲ့ ဒီ Esport ၿပိဳင္ပြဲမွာ Balee Sathit Suksa စာသင္တိုက္မွာ စာဝါလိုက္ေနတဲ့ ဦးဇင္းေတြ ပါ၀င္တဲ့ အသင္းက အႏိုင္ရသြားတာပါ။

ၿပိဳင္ပြဲရဲ႕ ကိုယ္ပိုင္ဝက္ဘ္ဆိုက္ World of Buzz သတင္းမွာ အြန္လိုင္းဂိမ္းၿပိဳင္ပြဲမွာ ဗိုလ္စြဲတဲ့ အသင္းဟာ ဗုဒၶဘာသာ ဦးဇင္းေတြျဖစ္တယ္လို႔ ေၾကညာခ်က္ဟာ အႏွံ႔အျပား ျပန႔္ႏွံ႔ေနပါတယ္။
စာသင္တိုက္က တိုက္အုပ္ဘုန္းေတာ္ႀကီးက “ဒီဦးဇင္းေတြဟာ အဲဒီ ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္လိုၾကတယ္။ ဒါနဲ႔ ဘုန္းဘုန္းတို႔လည္း အခြင့္အေရး ေပးလိုက္ပါတယ္။ ဒါေပမယ့္ တကယ္ ဗိုလ္စြဲလာမယ္လို႔ေတာ့ မထင္ထားဘူး။”လို႔ မိန႔္ပါတယ္။

ကိုုယ္ေတာ္ေတြအေနနဲ႔ ဗုဒၶဘာသာ စာဝါလိုက္ရာမွာ ကြန္ျပဴတာနဲ႔ သင္အံ့ရတာျဖစ္ၿပီး စာဝါလိုက္အၿပီး Esport အြန္လိုင္းဂိမ္းေတြဆီ ေရာက္ေတာ့တာ ျဖစ္ပါတယ္။ အဲဒီကေန ကိုယ္ေတာ္တို႔ဟာ အားလပ္ခ်ိန္ေတြမွာ Speed Drifters မိုဘိုင္းဂိမ္းၿပိဳင္ပြဲေတြ ၀င္ၿပိဳင္ျဖစ္လာတာပါ။

ပဇင္းပ်ိဳေတြျဖစ္တဲ့ အခု ဦးဇင္းေတြဟာ တစ္ရက္မွာ စာဝါ နာရီ ၂၀ သင္အံ့ရတာပါ။ က်န္နားခ်ိန္ေတြမွာ ပုံမွန္ပညာေရးေတြကို လိုက္စားၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သကၤန္းေတာ္ လႊမ္းလ်က္ အြန္လိုင္းဂိမ္းၿပိဳင္ပြဲဆုကို တက္ေရာက္လက္ခံတဲ့ အခု ကိုယ္ေတာ္ေတြနဲ႔ ပတ္သက္လို႔ တစ္ခ်ိဳ႕ကေတာ့ သာသနာေတာ္အတြက္ စိတ္မေကာင္း ျဖစ္ၾကပါတယ္။

Writer_ ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

အွန်လိုင်း Esport ဂိမ်း ပြိုင်ပွဲမှာဗိုလ်စွဲသွားတဲ့ ထိုင်းဘုန်းကြီးအသင်း

မျှော်လင့်မထားမယ့် သတင်းတစ်ပုဒ် ခင်ဗျားတို့တော့ ဖတ်ရတော့မယ်။ ဒီ သတင်းကို တင်ဆက်ရသူအတွက်ပါ ပျော်ရွှင်ရတဲ့ သတင်းပေါ့။ ထိုင်းနိုင်ငံက အွန်လိုင်းအားကစားဗီဒီယိုဂိမ်းပြိုင်ပွဲ Esport မှာ အမှန်တကယ် ဗိုလ်စွဲသွားတဲ့အသင်းကတော့ ဘုန်းဘုန်းတွေရဲ့ အသင်းပဲ ဖြစ်ပါတယ်။ အလန်းစားပဲပေါ့။

Khon Kaen တက္ကသိုလ် Nong Khai တက္ကသိုလ်နယ်မြေခွဲမှာ ကျင်းပတဲ့ ဒီ Esport ပြိုင်ပွဲမှာ Balee Sathit Suksa စာသင်တိုက်မှာ စာဝါလိုက်နေတဲ့ ဦးဇင်းတွေ ပါဝင်တဲ့ အသင်းက အနိုင်ရသွားတာပါ။

ပြိုင်ပွဲရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက် World of Buzz သတင်းမှာ အွန်လိုင်းဂိမ်းပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းဟာ ဗုဒ္ဓဘာသာ ဦးဇင်းတွေဖြစ်တယ်လို့ ကြေညာချက်ဟာ အနှံ့အပြား ပြန့်နှံ့နေပါတယ်။
စာသင်တိုက်က တိုက်အုပ်ဘုန်းတော်ကြီးက “ဒီဦးဇင်းတွေဟာ အဲဒီ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုကြတယ်။ ဒါနဲ့ ဘုန်းဘုန်းတို့လည်း အခွင့်အရေး ပေးလိုက်ပါတယ်။ ဒါပေမယ့် တကယ် ဗိုလ်စွဲလာမယ်လို့တော့ မထင်ထားဘူး။”လို့ မိန့်ပါတယ်။

ကိုယ်တော်တွေအနေနဲ့ ဗုဒ္ဓဘာသာ စာဝါလိုက်ရာမှာ ကွန်ပြူတာနဲ့ သင်အံ့ရတာဖြစ်ပြီး စာဝါလိုက်အပြီး Esport အွန်လိုင်းဂိမ်းတွေဆီ ရောက်တော့တာ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်တော်တို့ဟာ အားလပ်ချိန်တွေမှာ Speed Drifters မိုဘိုင်းဂိမ်းပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်လာတာပါ။

ပဇင်းပျိုတွေဖြစ်တဲ့ အခု ဦးဇင်းတွေဟာ တစ်ရက်မှာ စာဝါ နာရီ ၂၀ သင်အံ့ရတာပါ။ ကျန်နားချိန်တွေမှာ ပုံမှန်ပညာရေးတွေကို လိုက်စားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်္ကန်းတော် လွှမ်းလျက် အွန်လိုင်းဂိမ်းပြိုင်ပွဲဆုကို တက်ရောက်လက်ခံတဲ့ အခု ကိုယ်တော်တွေနဲ့ ပတ်သက်လို့ တစ်ချို့ကတော့ သာသနာတော်အတွက် စိတ်မကောင်း ဖြစ်ကြပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

LEAVE A REPLY