Zawgyi ျဖင့္ဖတ္ရန္

F4 မင္းသမီးေလး ဂင္ဂ်န္ဒီဆိုၿပီး ျမန္မာပရိတ္သတ္ေတြ သိၾကတဲ့ သ႐ုပ္ေဆာင္ ဂူဟဲေဆာင္းန္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၈ ရက္ေန႔မွာ ခင္ပြန္းသည္ အန္ဂ်ယ္ဟြန္းက သူမကို ကြာရွင္းလိုတဲ့အေၾကာင္း အင္တာဂရမ္ကေနတစ္ဆင့္ အသိေပးေျပာၾကားလာပါတယ္။

ဂူဟဲေဆာင္းန္ ဘက္က အန္ဂ်ယ္ဟြန္းကို ကြာရွင္းဖို႔ သေဘာတူညီထားျခင္းမရွိေၾကာင္းကိုလဲ ေရွ႕ေနမွတစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

လတ္တေလာ Suwon District Family Court ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ အန္ဂ်ယ္ဟြန္းဟာ ဂူဟဲေဆာင္းန္ ကြာရွင္းဖို႔ သေဘာမတူတာနဲ႔ ပတ္သတ္ၿပီး တရားစြဲဆိုသြားမယ္လို႔သိရပါတယ္။ ဂူဟဲေဆာင္းန္ဟာ ဒီအေတာအတြင္း အန္ဂ်ယ္ဟြန္း ဂုဏ္သိကၡာပ်က္ျပားေစမယ့္ စကားမ်ိဳးေတြ ျဖန႔္ခ်ီခဲ့တာေၾကာင့္ အန္ဂ်ယ္ဟြန္းဘက္က တရားစြဲဆိုရတာျဖစ္ေၾကာင္း တရား႐ုံးမွ ရွင္းျပထားပါတယ္။

တစ္ဖန္ ဂူဟဲေဆာင္းန္ဘက္ကလဲ အန္ဂ်ယ္ဟြန္း လက္ရွိ ဇာတ္လမ္းတြဲ႐ိုက္ကူးေနတဲ့ မင္းသမီး အိုယြန္းေဆာနဲ႔ ေဖာက္ျပန္တာေၾကာင့္ သူမဘက္က အမွားမရွိတဲ့အတြက္ ကြာရွင္းေပးဖို႔ သေဘာမတူႏိုင္ေသးေၾကာင္း ေျပာထားပါတယ္။

ႏွစ္ေယာက္မွာ တစ္ေယာက္က လိမ္ေနတယ္လို႔ ဒီအမႈရဲ႕ စုံစမ္းစစ္ေဆးေရးမႉးက လတ္တေလာ မီဒီယာေတြကို ေျပာျပလာပါတယ္။ ဂူဟဲေဆာင္းန္ဘက္က အန္ဂ်ယ္ဟြန္း ေဖာက္ျပန္ေၾကာင္း သက္ေသ အေထာက္အထားခိုင္လုံရင္ အမႈႏိုင္မွာျဖစ္ၿပီး ကြာရွင္းဖို႔မလိုဘဲ လင္မယား ဆက္လက္ေပါင္းသင္းသြားရမွာျဖစ္ပါတယ္။

အန္ဂ်ယ္ဟြန္းဘက္က ဂူဟဲေဆာင္းန္သူ႔ကို လူမႈကြန္ယက္မွာ မဟုတ္မမွန္ စြပ္စြဲေျပာဆိုထားတာေတြကို သက္ေသအျဖစ္ ျပၿပီး အမႈရင္ဆိုင္သြားမယ္လို႔ အန္ဂ်ယ္ဟြန္း တရားေရးရာေရွ႕ေနက ေျပာၾကားထားပါတယ္။ မၾကာခင္ တရား႐ုံးတက္ အမႈရင္ဆိုင္ရေတာ့မွာျဖစ္လို႔ ဘယ္သူကလိမ္ေနတယ္ အျမန္ဆုံးသိရွိခြင့္ရေတာ့မွာပါ။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

ကွာရှင်းခွင့် မပေးတဲ့ ဇနီးသည်ကို တရားစွဲသွားမယ့် အန်ဂျယ်ဟွန်း

F4 မင်းသမီးလေး ဂင်ဂျန်ဒီဆိုပြီး မြန်မာပရိတ်သတ်တွေ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း အင်တာဂရမ်ကနေတစ်ဆင့် အသိပေးပြောကြားလာပါတယ်။

ဂူဟဲဆောင်းန် ဘက်က အန်ဂျယ်ဟွန်းကို ကွာရှင်းဖို့ သဘောတူညီထားခြင်းမရှိကြောင်းကိုလဲ ရှေ့နေမှတစ်ဆင့် ထုတ်ဖော်ပြောကြားထားပါတယ်။

လတ်တလော Suwon District Family Court ရဲ့ ထုတ်ပြန်ကြေညာချက်အရ အန်ဂျယ်ဟွန်းဟာ ဂူဟဲဆောင်းန် ကွာရှင်းဖို့ သဘောမတူတာနဲ့ ပတ်သတ်ပြီး တရားစွဲဆိုသွားမယ်လို့သိရပါတယ်။ ဂူဟဲဆောင်းန်ဟာ ဒီအတောအတွင်း အန်ဂျယ်ဟွန်း ဂုဏ်သိက္ခာပျက်ပြားစေမယ့် စကားမျိုးတွေ ဖြန့်ချီခဲ့တာကြောင့် အန်ဂျယ်ဟွန်းဘက်က တရားစွဲဆိုရတာဖြစ်ကြောင်း တရားရုံးမှ ရှင်းပြထားပါတယ်။

တစ်ဖန် ဂူဟဲဆောင်းန်ဘက်ကလဲ အန်ဂျယ်ဟွန်း လက်ရှိ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ မင်းသမီး အိုယွန်းဆောနဲ့ ဖောက်ပြန်တာကြောင့် သူမဘက်က အမှားမရှိတဲ့အတွက် ကွာရှင်းပေးဖို့ သဘောမတူနိုင်သေးကြောင်း ပြောထားပါတယ်။

နှစ်ယောက်မှာ တစ်ယောက်က လိမ်နေတယ်လို့ ဒီအမှုရဲ့ စုံစမ်းစစ်ဆေးရေးမှူးက လတ်တလော မီဒီယာတွေကို ပြောပြလာပါတယ်။ ဂူဟဲဆောင်းန်ဘက်က အန်ဂျယ်ဟွန်း ဖောက်ပြန်ကြောင်း သက်သေ အထောက်အထားခိုင်လုံရင် အမှုနိုင်မှာဖြစ်ပြီး ကွာရှင်းဖို့မလိုဘဲ လင်မယား ဆက်လက်ပေါင်းသင်းသွားရမှာဖြစ်ပါတယ်။

အန်ဂျယ်ဟွန်းဘက်က ဂူဟဲဆောင်းန်သူ့ကို လူမှုကွန်ယက်မှာ မဟုတ်မမှန် စွပ်စွဲပြောဆိုထားတာတွေကို သက်သေအဖြစ် ပြပြီး အမှုရင်ဆိုင်သွားမယ်လို့ အန်ဂျယ်ဟွန်း တရားရေးရာရှေ့နေက ပြောကြားထားပါတယ်။ မကြာခင် တရားရုံးတက် အမှုရင်ဆိုင်ရတော့မှာဖြစ်လို့ ဘယ်သူကလိမ်နေတယ် အမြန်ဆုံးသိရှိခွင့်ရတော့မှာပါ။

Credit :popolay

LEAVE A REPLY