Zawgyi ျဖင့္ဖတ္ရန္

တကၠသိုလ္ဝင္တန္းစာေမးပြဲတစ္ ႀကိမ္ေျဖဖူးသည့္ ေက်ာင္းသားမ်ား သက္ေမြးပညာရပ္အတြက္ အခက္အခဲမရွိေစရန္ ဂ်ပန္အေထာက္အပံ့ျဖင့္ AGTI ေက်ာင္းသားေဟာင္းမ်ားအသင္းက ဖြင့္ထားသည့္ လွ်ပ္စစ္ကြၽမ္းက်င္မႈသင္တန္းသို႔ တက္ေရာက္ႏိုင္ေၾကာင္း ဆာကူရာ အသက္ေမြးမႈသင္တန္းေက်ာင္းထံမွ သိရသည္။

ပညာေရးဝန္ႀကီးဌာန (နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန)ႏွင့္ ဂ်ီတီအိုင္ ေက်ာင္းသားေဟာင္းမ်ားအသင္းတို႔ပူးေပါင္းၿပီး ၇ လတစ္ႀကိမ္ (သင္တန္းကာလ ၇ လ)ဖြင့္သည့္ Sakura- Insein Technical Course ကို တကၠသိုလ္ဝင္တန္း ေျဖဆိုဖူးသည့္ေက်ာင္းသားမ်ားမွစ၍ B.E ဘြဲ႕ရေက်ာင္းသားအထိ တက္ေရာက္ႏိုင္မည္ျဖစ္သည္။

ယင္းသင္တန္းေက်ာင္း အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္ျမင့္က “ပထမတုန္းက GTI ေက်ာင္းဆင္းေတြကို ေပါလစ္တင္တယ္ေပါ့။ လက္ေတြ႕လုပ္ႏိုင္ေအာင္ ရည္႐ြယ္ဖြင့္ေပးလိုက္တာ ျဖစ္တယ္။ ဒါေပမဲ့ ေနာက္က်ေတာ့ ႏိုင္ငံေတာ္လိုအပ္ခ်က္အရ ဆယ္တန္းမေအာင္တဲ့ကေလးေတြက အနာဂတ္ေပ်ာက္သြားတယ္။ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရွားပါးသြားလို႔ အဲ့ဒါကို အဓိကထားၿပီး သူတို႔ဘဝေတြ ရပ္တည္ႏိုင္ေအာင္ ဒီကေန သက္ေမြးသင္တန္းေက်ာင္း လုပ္ေပးတာျဖစ္တယ္”ဟု ေျပာၾကားသည္။

သင္တန္းတြင္ မီတာေဘာက္မွ အိမ္တြင္း၊ စက္႐ုံတြင္း လွ်ပ္စစ္မီးသြယ္တန္းျခင္း၊ PLC ပိုင္း၊ ေမာ္တာထိန္းခ်ဳပ္မႈတို႔ကို သင္ေပးမည့္ Commercial Electrical Wiring Course ႏွင့္ မီတာေဘာက္အျပင္ဘက္ ဓာတ္တိုင္ထူျခင္း၊ ထရန္စေဖာ္မာ ထိုင္ျခင္းကို သင္ေပးမည့္ Electrical Power Distribution Line Course ဟူ၍ အတန္းႏွစ္ခုကို သင္ၾကားႏိုင္မည္ျဖစ္သည္။

သင္တန္းတက္လိုသူမ်ားအေနႏွင့္ ဝင္ခြင့္ေျဖဆိုရမည္ျဖစ္ၿပီး ဝင္ခြင့္ေအာင္ျမင္ပါက သင္တန္းေၾကး ပထမအရစ္ က်ပ္ ၇ သိန္းေပးသြင္းကာ သင္တန္းကာလ သုံးလအၾကာတြင္ က်န္ရွိသည့္ သင္တန္းေၾကး ဒုတိယအရစ္အေနႏွင့္ သင္တန္းေၾကး စုစုေပါင္း က်ပ္ ၁၄ သိန္း ေပးသြင္းရမည္ျဖစ္သည္။

သင္တန္းတြင္ သင္ၾကားေရးသင္႐ိုးကို လက္ေတြ႕ပိုင္း ၇၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္း သီအိုရီပိုင္းႏွင့္ On Job Training ပါ ေပးသြားမည္ျဖစ္ၿပီး သင္တန္းကို ျမန္မာႏိုင္ငံ လုပ္သားမ်ားကြၽမ္းက်င္မႈ “စံ”သတ္မွတ္ျပ႒ာန္းေရးအဖြဲ႕ (NSSA) ၏ လွ်ပ္စစ္ပိုင္းကြၽမ္းက်င္မႈအဆင့္ ၁ ကို ဝင္ေရာက္ေျဖဆိုႏိုင္ေရး ခ်ိတ္ဆက္ထားေၾကာင္း အဆိုပါသင္တန္းအဖြဲ႕ထံမွ သိရသည္။

“NSSA နဲ႔ခ်ိတ္တယ္ဆိုတာက လွ်ပ္စစ္နဲ႔ပတ္သက္တဲ့ အဆင့္ ၁ ေပါ့ေနာ္။ ေျဖႏိုင္ေအာင္ ေလ့က်င့္ေပးတယ္။ ဒီကေန အသိအမွတ္ျပဳလက္မွတ္ရမယ္။ NSSA ကေန လက္မွတ္ရမယ္။ ေနာက္ NSSA ကေန ေက်ာင္းကိုလက္ခံတယ္။ ေနာက္ Assessment Center ဖြင့္ဖို႔ ႀကိဳးပမ္းေနတယ္။ Transmission and Distri-bution ကို စစ္ေဆးႏိုင္ဖို႔ လုပ္ေနတာရွိတယ္”ဟု ဦးသန္းေဇာ္ျမင့္က ေျပာၾကားသည္။

သင္တန္းအတန္းတစ္တန္းလွ်င္ ေက်ာင္းသား ၄၀ ဦး ေလ့က်င့္သင္ၾကားသျဖင့္ လက္ရွိအခ်ိန္အထိ သင္တန္းေအာင္ျမင္ၿပီးသူ သင္တန္းသား ၂၅၀ ဦးထိရွိၿပီး ၎တို႔ထဲမွ ၈၀ ရာခိုင္ႏႈန္းခန႔္မွာ ျပည္တြင္းျပည္ပရွိ လွ်ပ္စစ္ပိုင္းဆိုင္ရာ ကုမၸဏီမ်ားတြင္ သင္ၾကားေနၾကၿပီး က်န္ ၂၀ ရာခိုင္ႏႈန္းခန႔္မွာ အတန္းပညာ ဆက္လက္သင္ယူေနၾကေၾကာင္း ဆိုသည္။

(ယခုေဖာ္ျပပါသတင္းကို The Voice Daily ၏တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပပါသည္။)

Unicode ဖြင့်ဖတ်ရန်

ဆယ်တန်းဖြေဆိုဖူးရုံဖြင့် လျှပ်စစ်သက်မွေးမှုသင်တန်းကျောင်း တက်ရောက်နိုင်မည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ် ကြိမ်ဖြေဖူးသည့် ကျောင်းသားများ သက်မွေးပညာရပ်အတွက် အခက်အခဲမရှိစေရန် ဂျပန်အထောက်အပံ့ဖြင့် AGTI ကျောင်းသားဟောင်းများအသင်းက ဖွင့်ထားသည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်နိုင်ကြောင်း ဆာကူရာ အသက်မွေးမှုသင်တန်းကျောင်းထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန (နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန)နှင့် ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်းတို့ပူးပေါင်းပြီး ၇ လတစ်ကြိမ် (သင်တန်းကာလ ၇ လ)ဖွင့်သည့် Sakura- Insein Technical Course ကို တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသည့်ကျောင်းသားများမှစ၍ B.E ဘွဲ့ရကျောင်းသားအထိ တက်ရောက်နိုင်မည်ဖြစ်သည်။

ယင်းသင်တန်းကျောင်း အုပ်ချုပ်ရေးမှူး ဦးသန်းဇော်မြင့်က “ပထမတုန်းက GTI ကျောင်းဆင်းတွေကို ပေါလစ်တင်တယ်ပေါ့။ လက်တွေ့လုပ်နိုင်အောင် ရည်ရွယ်ဖွင့်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ နောက်ကျတော့ နိုင်ငံတော်လိုအပ်ချက်အရ ဆယ်တန်းမအောင်တဲ့ကလေးတွေက အနာဂတ်ပျောက်သွားတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးသွားလို့ အဲ့ဒါကို အဓိကထားပြီး သူတို့ဘဝတွေ ရပ်တည်နိုင်အောင် ဒီကနေ သက်မွေးသင်တန်းကျောင်း လုပ်ပေးတာဖြစ်တယ်”ဟု ပြောကြားသည်။

သင်တန်းတွင် မီတာဘောက်မှ အိမ်တွင်း၊ စက်ရုံတွင်း လျှပ်စစ်မီးသွယ်တန်းခြင်း၊ PLC ပိုင်း၊ မော်တာထိန်းချုပ်မှုတို့ကို သင်ပေးမည့် Commercial Electrical Wiring Course နှင့် မီတာဘောက်အပြင်ဘက် ဓာတ်တိုင်ထူခြင်း၊ ထရန်စဖော်မာ ထိုင်ခြင်းကို သင်ပေးမည့် Electrical Power Distribution Line Course ဟူ၍ အတန်းနှစ်ခုကို သင်ကြားနိုင်မည်ဖြစ်သည်။

သင်တန်းတက်လိုသူများအနေနှင့် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်အောင်မြင်ပါက သင်တန်းကြေး ပထမအရစ် ကျပ် ၇ သိန်းပေးသွင်းကာ သင်တန်းကာလ သုံးလအကြာတွင် ကျန်ရှိသည့် သင်တန်းကြေး ဒုတိယအရစ်အနေနှင့် သင်တန်းကြေး စုစုပေါင်း ကျပ် ၁၄ သိန်း ပေးသွင်းရမည်ဖြစ်သည်။

သင်တန်းတွင် သင်ကြားရေးသင်ရိုးကို လက်တွေ့ပိုင်း ၇၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း သီအိုရီပိုင်းနှင့် On Job Training ပါ ပေးသွားမည်ဖြစ်ပြီး သင်တန်းကို မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ လျှပ်စစ်ပိုင်းကျွမ်းကျင်မှုအဆင့် ၁ ကို ဝင်ရောက်ဖြေဆိုနိုင်ရေး ချိတ်ဆက်ထားကြောင်း အဆိုပါသင်တန်းအဖွဲ့ထံမှ သိရသည်။

“NSSA နဲ့ချိတ်တယ်ဆိုတာက လျှပ်စစ်နဲ့ပတ်သက်တဲ့ အဆင့် ၁ ပေါ့နော်။ ဖြေနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒီကနေ အသိအမှတ်ပြုလက်မှတ်ရမယ်။ NSSA ကနေ လက်မှတ်ရမယ်။ နောက် NSSA ကနေ ကျောင်းကိုလက်ခံတယ်။ နောက် Assessment Center ဖွင့်ဖို့ ကြိုးပမ်းနေတယ်။ Transmission and Distri-bution ကို စစ်ဆေးနိုင်ဖို့ လုပ်နေတာရှိတယ်”ဟု ဦးသန်းဇော်မြင့်က ပြောကြားသည်။

သင်တန်းအတန်းတစ်တန်းလျှင် ကျောင်းသား ၄၀ ဦး လေ့ကျင့်သင်ကြားသဖြင့် လက်ရှိအချိန်အထိ သင်တန်းအောင်မြင်ပြီးသူ သင်တန်းသား ၂၅၀ ဦးထိရှိပြီး ၎င်းတို့ထဲမှ ၈၀ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းပြည်ပရှိ လျှပ်စစ်ပိုင်းဆိုင်ရာ ကုမ္ပဏီများတွင် သင်ကြားနေကြပြီး ကျန် ၂၀ ရာခိုင်နှုန်းခန့်မှာ အတန်းပညာ ဆက်လက်သင်ယူနေကြကြောင်း ဆိုသည်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)

LEAVE A REPLY