Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မြန်မာ့ပထမဆုံး အရိုးပြာကိုအုတ်တံတိုင်းကာခဲ့သည့် သချိုင်း
လူတချို့ပြောတတ်ကြတဲ့ တီထွင် ကြံဆ နည်းလမ်းရတဲ့။ ဟုတ်ပါတယ် ဘယ်အရာမဆို အလဟသ မဖြစ်အောင်လို့ လူတွေက အမြဲတမ်း တီထွင် ကြံဆနေသင့်ပါတယ်။ လောကကြီးမှာ အရာအားလုံးဟာ အသုံးဝင်ပါတယ်။ အသုံးဝင်တဲ့ နေရာကို စဉ်းစားပြီး အသုံးချဖို့ပါပဲ။ ဒီလို သူ့နေရာနဲ့ သူ သင့်တင့်အောင် ဖန်တီးနိုင်မယ်ဆိုရင် ဒီလောကကြီးက အရမ်းကို လှပနေမှာပါ။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောင်ပန်းမြို့က မီးသဂြိုလ်စက်လေးအကြောင်းပါ။ စိတ်ကူးကောင်းကောင်းလေးနဲ့ တီထွင်ဖန်တီးထားပါတယ်။ အရိုးပြာတွေကို အခုလို အုတ်တံတိုင်း သဖွယ် ပြုလုပ်ထားလိုက်တော့ မြေနေရာအတွက်လည်း အခက်ခဲမဖြစ်တော့သလို၊ သန့်ရှင်းရေး လုပ်ပေးဖို့လည်း အရမ်းမကျယ်တော့ဘူးပေ့ါ။
သိပ်ကောင်းတဲ့ စိတ်ကူးလေး ဖြစ်တာကြောင့် ပရိတ်သတ်ကြီးကို မျှဝေလိုက်ပါတယ်။ လောကမှာ အသစ်အသစ်တွေ ပေါ်ထွက်နေတာ အမြဲတမ်းပါပဲ။ အသစ်တွေ ဖန်တီးနိုင်တဲ့ လူသားအဖြစ် ရှင်သန်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို အသစ်အသစ်တွေ ဖြစ်နေအောင် ပရိတ်သတ်ကြီးရော ဖန်တီးမှုတွေကို မလုပ်ချင်ကြဘူးလား ။
ဖန်တီးမှုတွေနဲ့ မြန်မာနိုင်ငံကို အလှဆင်နိုင်ကြပါစေ။ အဟောင်းတွေကြားထဲမှာပဲ နစ်မွန်းမနေဘဲ၊ အသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Writer – ME( Shwe Yaung Lan )
LEAVE A REPLY