Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

လမ်းပေါ်ကပန်းကလေး ပျော်နိုင်ပါစေ
ချစ်လိုက်တာ ဓာတ်ပုံအရိုက်ခံရင်ထီထိုးမယ် ဆိုတော့ ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာထီထိုးပါတဲ့။ သူရွေးပေးတဲ့ ၁၀စောင်တွဲယူတော့ ဖုန်းနံပါတ်ရေးတယ်။ လက်ရေးက ခနော်ခနဲ့ ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့ ၅တန်းနဲ့ကျောင်းထွက်လိုက်ရတာ တဲ့။ တို့တိုင်းပြည်က မဖူးခင်ကြွေရတဲ့ပန်းတွေ သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်း နဲ့ကပ်လျက် စာသင်ခန်းထဲကစာအံသံတွေ လမ်းမကကြားနေရတယ် ကလေးရယ်။ သူလည်း ကျောင်းနေချင်ရှာမှာပဲ ။

အဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲမရှိပဲ။ လမ်းပေါ်မှာရှာဖွေစားနေရတာမြင်ရရင်လေ အလိုလိုရင်ထဲမှာမကောင်းတော့ဘူး။ လူတကာရဲ့အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ့်ကြောင့်သူ့ သောကလေး နဲနဲဖြစ်ဖြစ်သက်သာမယ်ဆိုလည်းလုပ်မယ်။ တကယ်တော့ ဒီလအတွက် ထီကရုံးက ညီမတစ်ယောက်ဆီမှာ ထိုးပြီးသား သူ့ကိုမြင်တော့ ၁၀စောင်ထပ်ထိုးတယ်။ ဆုကြီးပေါက်ရင်မင်းကိုထီရောင်းဖို့ ကားတစ်စီး ဝယ်ပေးမယ်လို့ ဆိုတော့ သားကထီပေါက်ရင် ကျောင်းပြန်တက်မှာ တဲ့ ။

Ok အန်တီပေါက်ရင်လည်း သားကိုကျောင်းပြန်တက်ရအောင်လုပ်ပေးမယ်လို့ ပြောတော့ချစ်စရာမျက်နှာပေးလေးနဲ့ ရီနေတယ် ။ ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိသလို သူလည်းသူ့အတွေးလေးနဲ့သူပျော်ပါစေ ။ ကျောင်းထဲမှာပျော်နိုင်ပါစေ ကလေးရယ်

share from : burmese.asia

LEAVE A REPLY