Zawgyi ျဖင့္ဖတ္ရန္

 

ႏိုင္ငံတကာမွာ ျမန္မာ့႐ိုးရာလက္ေဝွ႔ဆိုတာ အၾကမ္းတမ္းဆုံး…အခက္ခဲဆုံး…လို႔ ဆိုရမယ့္ တိုက္ခိုက္ေရးအားကစားနည္းတစ္မ်ိဳးပါ.. ဘယ္တိုက္ခိုက္နည္းနဲ႔ မွ မတူတဲ့ အထူးျခားဆုံး တစ္ခုကေတာ့ ၿပိဳင္ဘက္ကို ဦးေခါင္းသုံးၿပီး တိုက္ခိုက္လို႔ရတာပဲ ျဖစ္ပါတယ္ ေျခေထာက္မပါ လက္အိတ္စြပ္ၿပီး ထိုးသတ္ရတဲ့ Boxing လိုမ်ိဳး အေနာက္တိုင္းလက္ေဝွ႔ထက္ အေရွ႕တိုင္း ျမန္မာႏိုင္ငံက လက္ေဝွ႔ကစားနည္းက ပိုၿပီး ၾကမ္းတမ္းခက္ခဲပါတယ္လို႔လည္း တိုက္ခိုက္ေရးေလာက က လူေတြက ဝန္ခံထားၾကတာပါ ဒီလိုၾကမ္းတမ္းခက္ခဲၿပီး အနာခံမွ အသာစံရမယ့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ကို ႏိုင္ငံတကာ ကစားသမားအခ်ိဳ႕လည္း ကစားလာၾကၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ WLC ကမာၻ႔လက္ေဝွ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲတစ္ခုမွာ ဥဇဘက္ကစၥတန္သား မိမိထက္ ေခါင္းတစ္လုံးပိုသာတဲ့ ၿပိဳင္ဘက္ကို ျမန္မာ့႐ိုးရာလက္ေဝွ႔ကစားသမားက အနာခံၿပီး ပုဝါမကူ ေရမရွဴဘဲ လဲက်ေနရာကေနထၿပီး အႏိုင္ထိုးသြားတဲ့ ျဖစ္စဥ္က လက္ေဝွ႔ဝါသနာရွင္ေတြသာမက ျမန္မာျပည္သူေတြအၾကားမွာပါ ေရပန္းစားေနခဲ့တာပါ။

ဟုတ္ပါတယ္ အဲဒီပြဲမွာ ျမန္မာ့႐ိုးရာလက္ေဝွ႔ကစားသမား သေျပညိဳဟာ ၿပိဳင္ဘက္ဥဇဘက္ကစၥတန္ လက္ေဝွ႔သမားရဲ႕ ေျခကန္ခ်က္ ေခါင္းကို ထိၿပီး ၾကမ္းျပင္ေပၚ မူးေဝကာ အ႐ုပ္ႀကိဳးျပတ္လဲက်ခဲ့ပါတယ္ ၿပိဳင္ဘက္ႏိုင္ငံျခားသားအပါအဝင္ ပြဲ႐ုံထဲမွာရွိတဲ့ ပရိသတ္ေတြကပါ သေျပညိဳရႈံးၿပီ ျပန္မထႏိုင္ေတာ့ဘူးလို႔ ထင္ခဲ့ၾကပါတယ္ ဒါေပမဲ့ အားလုံးအံအားသင့္သြားေအာင္ ဒိုင္လူႀကီးရဲ႕ အမွတ္စဥ္ေရတြက္သံမဆုံးခင္မွာပဲ ျပန္ထလာၿပီး ႏိုင္ငံျခားသားနဲ႔ ဆက္ထိုးခဲ့ပါတယ္ ၿပိဳင္ဘက္က ေခါင္းတစ္လုံးပိုသာတာေၾကာင့္ သေျပညိဳအတြက္ အေတာ္ခက္ခဲခဲ့တာပါ။

 

ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ မယုံၾကည္ႏိုင္ေလာက္ေအာင္ မာဂုဏ္ေကာင္းတဲ့ သေျပညိဳက ဥဇဘက္ကစၥတန္သားကို အႏိုင္ထိုးၿပီး ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္ လက္ေဝွ႔႐ုံတခုလုံး အံ့ၾသမွင္သက္ခဲ့ရၿပီးေတာ့ ျမန္မာ့သတၱိနဲ႔ ခံႏိုင္ရည္ကို သေျပညိဳက ျပသႏိုင္ခဲ့ပါတယ္ အေကာင္းဆုံးျပန္လာႏိုင္သူအျဖစ္ သေျပညိဳရဲ႕ပြဲကို ခ်ီးက်ဴးခဲ့ၾကသလို Epic Fighter လို႔ေတာင္ ဂုဏ္ျပဳခဲ့ၾကတာပါ။

ကရင္တိုင္းရင္းသား သေျပညိဳဟာ ႐ိုးရာလက္ေဝွ႔ပြဲေတြမွာ ၄၅ ပြဲႏိုင္ ၁၅ ပြဲသေရ၊ ၄ ပြဲသာ ရႈံးထားတာျဖစ္ၿပီး ေအာင္လအန္ဆန္တို႔ၿပိဳင္ေနတဲ့ MMA ၿပိဳင္ပြဲေတြမွာလည္း ၄ ပြဲထိ ဝင္ေရာက္ထိုးသတ္ဖူးၿပီး ရႈံးပြဲမရွိေသးတဲ့ ျမန္မာ့႐ိုးရာလက္ေဝွ႔သမား တစ္ေယာက္ျဖစ္ပါတယ္။

ခုလို ကမာၻေပၚမွာ အၾကမ္းတမ္းဆုံး အခက္အခဲဆုံး တိုက္ခိုက္ေရးၿပိဳင္ပြဲလို႔ ဆိုရမယ့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ၿပိဳင္ပြဲမွာ ျမန္မာေတြဟာ ခံႏိုင္ရည္ဘယ္ေလာက္ရွိလဲ…ေတာ္႐ုံသန္မာကြၽမ္းက်င္မႈနဲ႔ လာၿပိဳင္လို႔မရဘူးဆိုတာကို သေျပညိဳပြဲက သက္ေသျပခဲ့ပါတယ္…ခုဆို WLC ပြဲေတြေၾကာင့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ဟာ ကမာၻ႔အလယ္မွာ နာမည္ရလာၿပီ ျဖစ္ပါတယ္…ႏွစ္ေပါင္း ေထာင္ခ်ီတည္းက ေပၚထြန္းခဲ့တဲ့ ျမန္မာ့လက္ေဝွ႔ကို ႏိုင္ငံတကာသိေအာင္ ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္က ႀကိဳးပမ္းေနသလို WLC လို႔ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံရွစ္ၿပိဳင္ပြဲေတြ က်င္းပေပးၿပီး တစ္ဖက္တလမ္းက ကူညီေနတဲ့ ဦးေဇသီဟ လို ပုဂၢိဳလ္ေတြ…ထြန္းထြန္းမင္း…ေဒဝတို႔လို လက္ေဝွ႔အေက်ာ္အေမာ္ေတြေၾကာင့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ကို ႏိုင္ငံတကာကလည္း စိတ္ဝင္စားလာၾကၿပီျဖစ္ပါတယ္….။ ေအာက္ကဗီဒီယိုဖိုင္ေလးကေတာ့ မထင္မွတ္ မယုံၾကည္ဖြယ္ေကာင္းေလာက္ေအာင္ လဲက်ရာကေန ျပထၿပီး ထိုးသတ္တဲ့ သေျပညိဳနဲ႔ ႏိုင္ငံျခားသားတို႔ရဲ႕ WLC ပြဲစဥ္ေလးပဲ ျဖစ္ပါတယ္….ၾကည့္လိုက္ရေအာင္ေနာ္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

လဲနေရာကနေ အံ့အားသင့်ဖွယ် ပြန်ထပြီး နိုင်ငံခြားသားကို အနိုင်ထိုးကာ မြန်မာ့သွေးပြခဲ့တဲ့ သပြေညို ( ရုပ်သံ )

နိုင်ငံတကာမှာ မြန်မာ့ရိုးရာလက်ဝှေ့ဆိုတာ အကြမ်းတမ်းဆုံး…အခက်ခဲဆုံး…လို့ ဆိုရမယ့် တိုက်ခိုက်ရေးအားကစားနည်းတစ်မျိုးပါ.. ဘယ်တိုက်ခိုက်နည်းနဲ့ မှ မတူတဲ့ အထူးခြားဆုံး တစ်ခုကတော့ ပြိုင်ဘက်ကို ဦးခေါင်းသုံးပြီး တိုက်ခိုက်လို့ရတာပဲ ဖြစ်ပါတယ် ခြေထောက်မပါ လက်အိတ်စွပ်ပြီး ထိုးသတ်ရတဲ့ Boxing လိုမျိုး အနောက်တိုင်းလက်ဝှေ့ထက် အရှေ့တိုင်း မြန်မာနိုင်ငံက လက်ဝှေ့ကစားနည်းက ပိုပြီး ကြမ်းတမ်းခက်ခဲပါတယ်လို့လည်း တိုက်ခိုက်ရေးလောက က လူတွေက ဝန်ခံထားကြတာပါ ဒီလိုကြမ်းတမ်းခက်ခဲပြီး အနာခံမှ အသာစံရမယ့် မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာ ကစားသမားအချို့လည်း ကစားလာကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ WLC ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုမှာ ဥဇဘက်ကစ္စတန်သား မိမိထက် ခေါင်းတစ်လုံးပိုသာတဲ့ ပြိုင်ဘက်ကို မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားက အနာခံပြီး ပုဝါမကူ ရေမရှူဘဲ လဲကျနေရာကနေထပြီး အနိုင်ထိုးသွားတဲ့ ဖြစ်စဉ်က လက်ဝှေ့ဝါသနာရှင်တွေသာမက မြန်မာပြည်သူတွေအကြားမှာပါ ရေပန်းစားနေခဲ့တာပါ။

ဟုတ်ပါတယ် အဲဒီပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား သပြေညိုဟာ ပြိုင်ဘက်ဥဇဘက်ကစ္စတန် လက်ဝှေ့သမားရဲ့ ခြေကန်ချက် ခေါင်းကို ထိပြီး ကြမ်းပြင်ပေါ် မူးဝေကာ အရုပ်ကြိုးပြတ်လဲကျခဲ့ပါတယ် ပြိုင်ဘက်နိုင်ငံခြားသားအပါအဝင် ပွဲရုံထဲမှာရှိတဲ့ ပရိသတ်တွေကပါ သပြေညိုရှုံးပြီ ပြန်မထနိုင်တော့ဘူးလို့ ထင်ခဲ့ကြပါတယ် ဒါပေမဲ့ အားလုံးအံအားသင့်သွားအောင် ဒိုင်လူကြီးရဲ့ အမှတ်စဉ်ရေတွက်သံမဆုံးခင်မှာပဲ ပြန်ထလာပြီး နိုင်ငံခြားသားနဲ့ ဆက်ထိုးခဲ့ပါတယ် ပြိုင်ဘက်က ခေါင်းတစ်လုံးပိုသာတာကြောင့် သပြေညိုအတွက် အတော်ခက်ခဲခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ မယုံကြည်နိုင်လောက်အောင် မာဂုဏ်ကောင်းတဲ့ သပြေညိုက ဥဇဘက်ကစ္စတန်သားကို အနိုင်ထိုးပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ် လက်ဝှေ့ရုံတခုလုံး အံ့သြမှင်သက်ခဲ့ရပြီးတော့ မြန်မာ့သတ္တိနဲ့ ခံနိုင်ရည်ကို သပြေညိုက ပြသနိုင်ခဲ့ပါတယ် အကောင်းဆုံးပြန်လာနိုင်သူအဖြစ် သပြေညိုရဲ့ပွဲကို ချီးကျူးခဲ့ကြသလို Epic Fighter လို့တောင် ဂုဏ်ပြုခဲ့ကြတာပါ။

ကရင်တိုင်းရင်းသား သပြေညိုဟာ ရိုးရာလက်ဝှေ့ပွဲတွေမှာ ၄၅ ပွဲနိုင် ၁၅ ပွဲသရေ၊ ၄ ပွဲသာ ရှုံးထားတာဖြစ်ပြီး အောင်လအန်ဆန်တို့ပြိုင်နေတဲ့ MMA ပြိုင်ပွဲတွေမှာလည်း ၄ ပွဲထိ ဝင်ရောက်ထိုးသတ်ဖူးပြီး ရှုံးပွဲမရှိသေးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမား တစ်ယောက်ဖြစ်ပါတယ်။

ခုလို ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး အခက်အခဲဆုံး တိုက်ခိုက်ရေးပြိုင်ပွဲလို့ ဆိုရမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာတွေဟာ ခံနိုင်ရည်ဘယ်လောက်ရှိလဲ…တော်ရုံသန်မာကျွမ်းကျင်မှုနဲ့ လာပြိုင်လို့မရဘူးဆိုတာကို သပြေညိုပွဲက သက်သေပြခဲ့ပါတယ်…ခုဆို WLC ပွဲတွေကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ဟာ ကမ္ဘာ့အလယ်မှာ နာမည်ရလာပြီ ဖြစ်ပါတယ်…နှစ်ပေါင်း ထောင်ချီတည်းက ပေါ်ထွန်းခဲ့တဲ့ မြန်မာ့လက်ဝှေ့ကို နိုင်ငံတကာသိအောင် ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြိုးပမ်းနေသလို WLC လို့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတွေ ကျင်းပပေးပြီး တစ်ဖက်တလမ်းက ကူညီနေတဲ့ ဦးဇေသီဟ လို ပုဂ္ဂိုလ်တွေ…ထွန်းထွန်းမင်း…ဒေဝတို့လို လက်ဝှေ့အကျော်အမော်တွေကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာကလည်း စိတ်ဝင်စားလာကြပြီဖြစ်ပါတယ်….။ အောက်ကဗီဒီယိုဖိုင်လေးကတော့ မထင်မှတ် မယုံကြည်ဖွယ်ကောင်းလောက်အောင် လဲကျရာကနေ ပြထပြီး ထိုးသတ်တဲ့ သပြေညိုနဲ့ နိုင်ငံခြားသားတို့ရဲ့ WLC ပွဲစဉ်လေးပဲ ဖြစ်ပါတယ်….ကြည့်လိုက်ရအောင်နော်။

share from :burmese.asia

LEAVE A REPLY