Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဂဋ္ဌုန်ဦးစောနေရာမှာ သူ့ကို သရုပ်ဆောင်စေချင်တယ်လို့ ပြောတဲ့သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ ယုန်လေး
အဆိုပိုင်းနဲ့ သရုပ်ဆောင်အလုပ်တွေသာမကပဲ အခုဆိုရင် ဒါရိုက်တာတစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ယုန်လေးကတော့ စကားပြောရင် အရမ်းကို ပွင့်လင်းသူတစ်ဦးပါ။ လတ်တလောမှာတော့ ယုန်လေးက ဂဋ္ဌုန်ဦးစောနေရာမှာ ယုန်လေးကို သရုပ်ဆောင်စေချင်တယ်လို့ ပြောတဲ့သူကို ပညာသားပါပါ တုံ့ပြန်လိုက်တာ တွေ့ရပါတယ်။ တစ်ခုခုဆို သေချာတွေးပြီး လေးလေးနက်နက် ပြန်ပြောတတ်တဲ့ ယုန်လေးကတော့ တကယ့်ကို လေးစားစရာ ကောင်းပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် ဂဋ္ဌုန်ဦးစောနေရာမှာ ယုန်လေးကို သရုပ်ဆောင်စေချင်တယ်လို့ ပြောတဲ့သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ယုန်လေးကတော့ “တစ်မနက်လုံး Cb မှာဒါတွေပဲ လာလာပို့နေကျလို့ ရီစရာ အနေနဲ့ကြည့်ရင် ရီစရာပါ။ ဒါကို အတွေးတစ်ခုဝင်လာတယ် ။ဗိုလ်ချူပ်ရော . ဦးစော ရောလူတော်တွေကြီးပဲလို့ကြားဖူးတယ် ။နှစ်ယောက်လုံး တိုင်ပြည်အတွက် အခုထိရှိနေရင် ဘယ်လောက်ကောင်းမလဲဗျာ . အခုလဲ မညီညွတ်ပြန်ပါဘူး . မှားရင်မှားတယ် . မှန်ရင်မှန်တယ် . ဒဲ့ပြော . ကိုယ်အဖွဲ့စည်းထဲကမို့လို့ ဖုံးပေး ပိုဆိုးတာပေါ့ . နှစ်ဖက်လုံးက လော်ဘီဆိုတာတွေကလည်ဒီ အတိုင်းသွား ကျွန်တော်တို့တွေ ထပ်ရူးဦးမှာ အဓိက က စည်းလုံးရမှာ .ပြောင်းလဲပြီးသွားပြီ ကောင်းလာတာတွေရောပိုဆိုးသွားတာတွေရော .အဖွဲ့အစည်းတစ်ခုမှာတော့ .အကုန်လုံးကောင်းတာလည်း မရှိဘူး ။အကုန်လုံး ဆိုးတာလည်း မရှိဘူး ။အမှိူက်တွေကို ငါသူကို နေရာပေးတာမှာတာပဲ ဝိုင်းအပြောခံရမှာကြောက်ပြီး ဖုံးဖိဆက်ထားတော့ ပိုဆိုးတာပေါ့ .
ကိစ္စတိုင်းကြည့်လိုက်ပါ အမှန်တရားတွေကို ဖုံးထားတဲ့ ကိစ္စတိုင်း ကြာစင်ပို ဆိုးသွားတာကြီးပဲ ။ ဦးမဆောင်နိုင်တဲ့ လူကို ဦးဆောင်နိုင်တဲ့နေစည မပေးတာ အကောင်းဆုံးပါ။အသေးစား လုပ်ငန်းလေးတွေ မှာ လူဆယ်ဂဏန်းလောက်တောင် မအုပ်ချူပ်ဖူးတဲ့
လူတွေကို မြှောက်စားမယ်ဆိုရင်အားလုံး အမြန်စည်းလုံးပြီးအရည်အချင်း ရှိတဲ့လူများနဲ့ဦးဆောင်နိုင်ပြီး ပြန်လည် ဦးမော့နိုင်ပါစေ။ဆဲလည်း မတတ်နိုင်ဘူး .၂၀၁၅ က ရွှေဈေး . ဒေါ်လာဈေး .ကား. ဖုန်း . လူနေမူ့ အတော် အဆင်ပြေခဲ့တာ ။၂၀၂၀ မှာ အားလုံးအကောင်းဆုံးဖြစ်ပါစေ ။ ကြိုက်တဲ့လူတက် အရေးကြီးတာအားလုံးအဆင်ပြေဖို့ပါ။” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောထားတာပါ။
ယုန်လေးကတော့ မဟုတ်မခံ စိတ်ဓာတ်ရှိသလို အဆဲခံရလည်း အမှန်တရားကို ပြောရဲသူတစ်ဦးပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ထိမိလွန်းတဲ့ ယုန်လေးပြောတာတွေကို သဘောကျရင် share သွားလိုက်ကြပါဦးနော်။
share from : burmese.asia
LEAVE A REPLY