Zawgyi ျဖင့္ဖတ္ရန္

 

နည္းပညာေတြ တိုးတက္လာတဲ့နဲ႔ အမွ် ဒီတိုးတက္မႈၾကီးက လူသားေတြရဲ႕ အသက္အႏၱရာယ္ေတြကို တစိတ္တစ္ပိုင္း ဝါးျမိဳလာၾကပါတယ္။ ယခင္ကတက္တက္ၾကြၾကြနဲ႔ လမ္းသလားတတ္တဲ့ လူပ်ိဳေပါက္ေလးေတြဟာ အခုခ်ိန္မွာေတာ့ ဖုန္းတစ္လံုးနဲ႔ပဲ ကုပ္ကုပ္ တုတ္တုတ္မလႈပ္ရွိေနၾကပါေတာ့တယ္။ တကယ့္အစစ္မဟုတ္တဲ့ ဂိမ္းေတြထဲမွာ တကယ့္ ဇာတ္ေကာင္လို ခံစားရင္းက ဘဝရဲ႕ အခ်ိန္ေတြ ကုန္မွန္းမသိ ကုန္ဆံုးေနၾကတာပါပဲ။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ အခ်ိန္ကုန္သလို အသက္ကိုပါ ထိခိုက္လာတဲ့ အဓိပါပဲ။

 

နုိင္ငံျခားသတင္းေတြမွာေတာ့ ဒီလုိ ဂိမ္းကို မအိပ္မေနကစားလို႔ ေသသြားတဲ့ လူငယ္ေလးတစ္ေယာက္အေၾကာင္းကိုလည္း ဖတ္ဖူးၾကမွာပါ။ အခုကေတာ့ ျမန္မာနိုင္ငံမွာ ျဖစ္တာပါ။ သူငယ္ခ်င္းေတြ စုျပီး မုိဘိုင္းလီဂ်န္း ဂိမ္းကစားကို ပခုကၠဴ ဧရာဝတီတံတားေပၚတြင္ 21.9.2019 ည ၁၀နာရီခြဲကစားျပီး အိမ္ျပန္ၾကမယ္အလုပ္မွာ အဲ့ဒီထဲက လူငယ္ေလးတစ္ေယာက္ကေတာ့ ဂိမ္းကစားရင္း တန္းလန္းျဖစ္တာေၾကာင့္ လမ္းေလွ်ာက္ရင္း ကစားခဲ့ရာကေန ေမာင္ေကာင္းဆက္ဟိန္းက ရထားလမ္းမွာ တစ္ေပေလာက္ ဟေနတဲ့ အေပါက္ကေန ေအာက္ကို ကြ်ံက်သြားခဲ့ပါတယ္။

အဲ့လို ျပဳတ္က်ျပီး တံတားေအာက္ရွိကရိမ္းႏွင့္ တံတားသံေဘာင္မ်ားေပၚသို႔ က်ျပီး ေနရာတင္ပြဲခ်င္းျပီးေသဆုံး သြားခဲ့ေၾကာင္း စိတ္မေကာင္းစရာ အျဖစ္ သိရပါတယ္။ သူ႕မိဘေတြကေတာ့ ရင္က်ိဳးရပါေတာ့မယ္။ ဒါေၾကာင့္ လူငယ္ေလးေတြ အတြက္ေနနဲ႔ အပန္းေျဖ ဂိမ္းကစားတာကို မတားျမစ္လိုေပမယ့္ တန္ေဆးလြန္ေဘး ဆိုသလို အသက္အႏၱရာယ္ ျဖစ္ေစေလာက္ေအာင္ထိေတာ့ မစြဲလန္းၾကမိေစဖုိ႔ သတိေပးတင္ျပလိုက္ပါတယ္ေနာ္..

Writer- SMT(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

လမ်းသွားရင်းဂိမ်းဆော့တတ်သူများသတိထားဖွယ်ရာလေးပါ

နည်းပညာတွေ တိုးတက်လာတဲ့နဲ့ အမျှ ဒီတိုးတက်မှုကြီးက လူသားတွေရဲ့ အသက်အန္တရာယ်တွေကို တစိတ်တစ်ပိုင်း ဝါးမြိုလာကြပါတယ်။ ယခင်ကတက်တက်
ကြွကြွနဲ့ လမ်းသလားတတ်တဲ့ လူပျိုပေါက်လေးတွေဟာ အခုချိန်မှာတော့ ဖုန်းတစ်လုံးနဲ့ပဲ ကုပ်ကုပ် တုတ်တုတ်မလှုပ်ရှိနေကြပါတော့တယ်။ တကယ့်အစစ်မဟုတ်
တဲ့ ဂိမ်းတွေထဲမှာ တကယ့် ဇာတ်ကောင်လို ခံစားရင်းက ဘဝရဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးနေကြတာပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အချိန်
ကုန်သလို အသက်ကိုပါ ထိခိုက်လာတဲ့ အဓိပါပဲ။

နိုင်ငံခြားသတင်းတွေမှာတော့ ဒီလို ဂိမ်းကို မအိပ်မနေကစားလို့ သေသွားတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကိုလည်း ဖတ်ဖူးကြမှာပါ။ အခုကတော့ မြန်မာ
နိုင်ငံမှာ ဖြစ်တာပါ။ သူငယ်ချင်းတွေ စုပြီး မိုဘိုင်းလီဂျန်း ဂိမ်းကစားကို ပခုက္ကူ ဧရာဝတီတံတားပေါ်တွင် 21.9.2019 ည ၁၀နာရီခွဲကစားပြီး အိမ်ပြန်ကြမယ်
အလုပ်မှာ အဲ့ဒီထဲက လူငယ်လေးတစ်ယောက်ကတော့ ဂိမ်းကစားရင်း တန်းလန်းဖြစ်တာကြောင့် လမ်းလျှောက်ရင်း ကစားခဲ့ရာကနေ မောင်ကောင်းဆက်ဟိန်း
က ရထားလမ်းမှာ တစ်ပေလောက် ဟနေတဲ့ အပေါက်ကနေ အောက်ကို ကျွံကျသွားခဲ့ပါတယ်။

အဲ့လို ပြုတ်ကျပြီး တံတားအောက်ရှိကရိမ်းနှင့် တံတားသံဘောင်များပေါ်သို့ ကျပြီး နေရာတင်ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း စိတ်မကောင်းစရာ အဖြစ် သိရ
ပါတယ်။ သူ့မိဘတွေကတော့ ရင်ကျိုးရပါတော့မယ်။ ဒါကြောင့် လူငယ်လေးတွေ အတွက်နေနဲ့ အပန်းဖြေ ဂိမ်းကစားတာကို မတားမြစ်လိုပေမယ့် တန်ဆေး
လွန်ဘေး ဆိုသလို အသက်အန္တရာယ် ဖြစ်စေလောက်အောင်ထိတော့ မစွဲလန်းကြမိစေဖို့ သတိပေးတင်ပြလိုက်ပါတယ်နော်..

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY