Zawgyi ျဖင့္ဖတ္ရန္

ရင္ဘတ္ေအာင့္တယ္၊ ရင္တုန္တယ္။ ဒီလိုစကားသံေတြ မၾကာမၾကာ ၾကားလာရပါတယ္ေနာ္။ က်န္းမာေရးနဲ႔မညီၫြတ္တဲ့ လူေနမႈပုံစံ စားေသာက္မႈပုံစံေတြရဲ႕ေနာက္မွာ ကပ္လိုက္လာတာ ႏွလုံးနဲ႔ ေသြးေၾကာေရာဂါေတြပါပဲ။ ဘာေၾကာင့္ႏွလုံးေရာဂါ ပိုျဖစ္ေစႏိုင္သလဲဆိုတာ သိသင့္သိထိုက္တဲ့ ဗဟုသုတအေနနဲ႔ ေျပာျပေပးပါမယ္။

ႏွလုံးေရာဂါျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြလို႔ ဆိုလိုက္ရင္ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးတြင္းကိုလက္စထေရာ အဆီဓာတ္မ်ားျခင္း၊ အဝလြန္ျခင္း၊ လႈပ္ရွားမႈနည္းျခင္း၊ ေဆးလိပ္ေသာက္ျခင္း စသျဖင့္ အေၾကာင္းရင္း အေတာ္မ်ားမ်ားကို အသိမ်ားလာၾကပါၿပီ။ ဒါေပမဲ့ အခုေျပာမယ့္ အေၾကာင္းရင္းေတြကိုေတာ့ အသိနည္းၾကပါတယ္။

လတ္တေလာ ေလ့လာမႈေတြအရ –

အိပ္ျခင္းျပႆနာေတြကိုယ္ဝန္ေဆာင္ ေနာက္ဆက္တြဲျပႆနာေတြ စိတ္ခံစားမႈေတြ
သြားဖုံးေရာဂါေတြ နာတာရွည္ ေရာင္ရမ္းျခင္းေဝဒနာေတြကလည္း ႏွလုံးေရာဂါျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြပဲဆိုတာ သိလာရပါတယ္။အေတာ္မ်ားမ်ားက ဒီအေၾကာင္းေတြကို မသိၾကတာမ်ားတယ္။ ဒီအေရးႀကီးတဲ့ အေၾကာင္းေလးကို ေဆြးေႏြးၾကည့္ၾကရေအာင္ေနာ္။

အိပ္ေရးမဝျခင္းက ေသြးတိုးေစၿပီး ေသြးေၾကာေတြကို ေတာင့္တင္းေစႏိုင္ပါတယ္။

အိပ္ေနရင္း စကၠန႔္ပိုင္းေလာက္ အႀကိမ္ႀကိမ္ အသက္ရွဴ ရပ္ရပ္သြားတတ္တဲ့ sleep apnoea ဆိုတဲ့ ေရာဂါတစ္မ်ိဳးဟာ အခုေခတ္မွာ အေတာ္ ျဖစ္လာၾကပါတယ္။ ဒီေရာဂါဟာ ေသြးတိုးနဲ႔ ႏွလုံးခုန္ႏႈန္း မမွန္ျခင္းေရာဂါေတြ ျဖစ္လာေစႏိုင္ပါတယ္။ဒါေၾကာင့္ ဒီေရာဂါကို သတိမထားမိ၊ မကုသမိရင္ ႏွလုံးအတြက္ အေျခအေန မေကာင္းပါဘူးေနာ္။

၀၁၈ မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ႏွလုံးေရာဂါျဖစ္ဖို႔ အခြင့္အလမ္း ရွိေနသူေတြမွာ ၃ ႏွစ္ေလာက္ အိပ္ေရးမဝျခင္းဟာ ေသြးလႊတ္ေၾကာေတြကို ေတာင့္တင္းေစႏိုင္ေၾကာင္း ေတြ႕ရပါသတဲ့။

ဒီေလာက္ဆို အိပ္ေရးဝဖို႔အေရးႀကီးေၾကာင္း သိၾကၿပီေပါ့။ တစ္ေန႔ကို ၇ နာရီျပည့္ေအာင္မအိပ္ရင္ ခႏၶာကိုယ္ထဲက ဖိစီးမႈေဟာ္မုန္းေတြ အထြက္မ်ားၿပီးေတာ့ ေသြးတိုးတာ၊ ဗိုက္အဆီတက္တာေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ အိပ္ခ်ိန္နည္းျခင္းေၾကာင့္ ေသြးတြင္းကိုလက္စထေရာ အဆီဓာတ္ေတြ ျမင့္တက္လာေစၿပီး ဆီးခ်ိဳ၊ ေသြးတိုးကို ထိန္းခ်ဳပ္ရ ခက္ေစႏိုင္ပါေသးတယ္။

ကိုယ္ဝန္ေဆာင္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြအေနနဲ႔ ေသြးတိုး၊ ဆီးခ်ိဳေရာဂါေတြ ျဖစ္လာေစႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ ဆီးခ်ိဳျဖစ္ဖူးသူ အမ်ိဳးသမီးတစ္ေယာက္ဟာ ႏွလုံးေသြးေၾကာက်ဥ္း၊ ေသြးေၾကာပိတ္ျဖစ္ဖို႔ ၃ ဆ ပိုမ်ားသလို ကိုယ္ဝန္ေဆာင္ေနာက္ပိုင္းမွာလည္း ေသြးတိုး၊ ဆီးခ်ိဳေရာဂါျဖစ္ဖို႔ အခြင့္အလမ္း ပိုမ်ားလာပါတယ္။ ေနာက္ ကိုယ္ဝန္ေဆာင္စဥ္မွာ ေသြးတိုးၿပီး ဆီးထဲ ပ႐ိုတင္း အသားဓာတ္ေတြ ပါလာတတ္တဲ့ ကိုယ္ဝန္ဆိပ္တက္တဲ့ အမ်ိဳးသမီးေတြမွာလည္း ေနာက္ပိုင္းမွာ ေသြးတိုးေရာဂါနဲ႔ ႏွလုံးေရာဂါေတြျဖစ္ဖို႔ ၂ ဆ ပိုမ်ားလာတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႔ ေသြးေပါင္နဲ႔ ေသြးတြင္းအခ်ိဳဓာတ္ေတြကို ပုံမွန္စစ္ေဆးေနဖို႔ အင္မတန္မွ အေရးႀကီးပါတယ္ေနာ္။ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါ၊ ကိုယ္ဝန္ဆိပ္တက္ေရာဂါေတြ ျဖစ္ဖူးခဲ့ရင္ ကစီဓာတ္ကို ေလွ်ာ့စားတာ၊ အခ်ိဳေရွာင္တာ၊ ေလ့က်င့္ခန္း မွန္မွန္လုပ္တာမ်ိဳးေတြ ျပဳလုပ္ေပးဖို႔ လိုပါတယ္။

၃။ စိတ္ေရာဂါအေျခအေနေတြကလည္း ႏွလုံးေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။

စိတ္ဓာတ္က်ျခင္း၊ စိတ္ပူပန္ျခင္း၊ စိတ္တိုေဒါသထြက္ျခင္း၊ အထီးက်န္ျခင္း၊ စိတ္ဖိစီးမႈေတြဟာ အခ်ိန္ၾကာလာတဲ့အခါ ႏွလုံးေရာဂါျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ၂၀၁၇ မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရဆိုရင္ စိတ္ဓာတ္က်ေဝဒနာ ခံစားေနရၿပီး လူမႈေထာက္ပံ့ျခင္းလည္း မခံရသူေတြမွာ ၁၃ ႏွစ္အၾကာ ႏွလုံးေရာဂါ ျဖစ္လာတတ္ၾကေၾကာင္း ေတြ႕ရွိရပါတယ္။ အမ်ိဳးသမီးေတြမွာ အထီးက်န္ျခင္းေၾကာင့္ ႏွလုံးေရာဂါျဖစ္ႏိုင္ေၾကာင္း ေတြ႕ရွိရပါေသးတယ္။ အထီးက်န္ျခင္းဟာ စိတ္ဓာတ္က်ျခင္းနဲ႔ ဆက္စပ္ေနတာေၾကာင့္ပါ။ ဆက္စပ္စဥ္းစားၾကည့္မယ္ဆိုရင္ စိတ္အေျခအေနမေကာင္းတဲ့အခါ ေလ့က်င့္ခန္းမွန္မွန္လုပ္ဖို႔၊ က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္စားဖို႔၊ ေဆးမွန္မွန္ေသာက္ဖို႔လည္း သတိထားမိမွာ မဟုတ္ေတာ့ဘူးေလ။ ဒါ့အျပင္ ေနာက္တစ္ခ်က္က စိတ္ညစ္ညဴးျခင္းေၾကာင့္ ဖိစီးမႈေဟာ္မုန္းေတြ အထြက္မ်ားၿပီး ေသြးေၾကာေတြရဲ႕ က်ဳံ႔ႏိုင္ဆန႔္ႏိုင္အား ေလ်ာ့နည္းလာကာ ႏွလုံးေရာဂါ ပိုျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီလို စိတ္ေရာဂါအေျခအေနေတြ ခံစားေနရရင္ ဆရာဝန္နဲ႔ျပသတာ၊ စိတ္ဖိစီးမႈေျဖေလ်ာတဲ့နည္းလမ္းေတြ (တရားထိုင္၊ ေယာဂက်င့္) လုပ္တာ၊ ေလ့က်င့္ခန္းမွန္မွန္လုပ္တာစတဲ့ နည္းလမ္းေတြ ျပဳလုပ္ၾကည့္သင့္ပါတယ္။

၄။သြားဖုံးေရာဂါေတြကလည္း ႏွလုံးနဲ႔ေသြးေၾကာေဝဒနာေတြကို ေပးစြမ္းႏိုင္ပါသတဲ့။

ယုံမလားေတာ့မသိေပမယ့္ ႏွလုံးေရာဂါနဲ႔ သြားဖုံးေရာဂါေတြဟာ ဆက္စပ္ေနပါတယ္တဲ့။ ေလ့လာမႈေတြမွာ သြားဖုံးေရာဂါရွိသူေတြမွာ ေနာက္ပိုင္း ႏွလုံးေရာဂါအျဖစ္မ်ားလာတာကို ေတြ႕ရပါတယ္။ အဓိကတရားခံကေတာ့ ေရာင္ရမ္းျခင္းေၾကာင့္ပါ။
ဒါေၾကာင့္ သြားနဲ႔ခံတြင္းကို ေသခ်ာသန႔္ရွင္းေပးျခင္းက ႏွလုံးကိုပါ ကာကြယ္ေပးႏိုင္တယ္ေနာ္။ သြားဖုံးေရာဂါခံစားေနရရင္လည္း ေသခ်ာကုသဖို႔ အေရးႀကီးပါတယ္။

၅။ နာတာရွည္ ေရာင္ရမ္းေဝဒနာေတြကလည္း ႏွလုံးကို ထိခိုက္ေစပါတယ္။

ေသြးေလးဖက္နာ၊ အေရျပားေလးဖက္နာ စတဲ့ နာတာရွည္ေရာင္ရမ္းေဝဒနာေတြဟာ ေသြးထဲကိုလက္စထေရာေတြ စုပုံလာေစတယ္လို႔ ဆိုပါတယ္။ ဒီလို ခုခံအားကေမာက္ကမေရာဂါေတြမွာ ေသြးတိုးေရာဂါေတြ၊ ႏွလုံးညႇစ္အားနည္းေရာဂါေတြ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ ဒီလို ခုခံအားကေမာက္ကမေရာဂါသည္ေတြမွာ ႏွလုံးကို အၿမဲစစ္ေဆးၿပီး ေသြးေပါင္ပုံမွန္ခ်ိန္ဖို႔ အေရးႀကီးလာပါတယ္။

Credit : drmyanmar

Unicode ဖြင့်ဖတ်ရန်

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်း (၅) ချက်

ရင်ဘတ်အောင့်တယ်၊ ရင်တုန်တယ်။ ဒီလိုစကားသံတွေ မကြာမကြာ ကြားလာရပါတယ်နော်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုပုံစံ စားသောက်မှုပုံစံတွေရဲ့နောက်မှာ ကပ်လိုက်လာတာ နှလုံးနဲ့ သွေးကြောရောဂါတွေပါပဲ။ ဘာကြောင့်နှလုံးရောဂါ ပိုဖြစ်စေနိုင်သလဲဆိုတာ သိသင့်သိထိုက်တဲ့ ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေလို့ ဆိုလိုက်ရင် သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စထရော အဆီဓာတ်များခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း စသဖြင့် အကြောင်းရင်း အတော်များများကို အသိများလာကြပါပြီ။ ဒါပေမဲ့ အခုပြောမယ့် အကြောင်းရင်းတွေကိုတော့ အသိနည်းကြပါတယ်။

လတ်တလော လေ့လာမှုတွေအရ –

အိပ်ခြင်းပြဿနာတွေကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာတွေ စိတ်ခံစားမှုတွေ
သွားဖုံးရောဂါတွေ နာတာရှည် ရောင်ရမ်းခြင်းဝေဒနာတွေကလည်း နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေပဲဆိုတာ သိလာရပါတယ်။အတော်များများက ဒီအကြောင်းတွေကို မသိကြတာများတယ်။ ဒီအရေးကြီးတဲ့ အကြောင်းလေးကို ဆွေးနွေးကြည့်ကြရအောင်နော်။

အိပ်ရေးမဝခြင်းက သွေးတိုးစေပြီး သွေးကြောတွေကို တောင့်တင်းစေနိုင်ပါတယ်။

အိပ်နေရင်း စက္ကန့်ပိုင်းလောက် အကြိမ်ကြိမ် အသက်ရှူ ရပ်ရပ်သွားတတ်တဲ့ sleep apnoea ဆိုတဲ့ ရောဂါတစ်မျိုးဟာ အခုခေတ်မှာ အတော် ဖြစ်လာကြပါတယ်။ ဒီရောဂါဟာ သွေးတိုးနဲ့ နှလုံးခုန်နှုန်း မမှန်ခြင်းရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် ဒီရောဂါကို သတိမထားမိ၊ မကုသမိရင် နှလုံးအတွက် အခြေအနေ မကောင်းပါဘူးနော်။

၀၁၈ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ နှလုံးရောဂါဖြစ်ဖို့ အခွင့်အလမ်း ရှိနေသူတွေမှာ ၃ နှစ်လောက် အိပ်ရေးမဝခြင်းဟာ သွေးလွှတ်ကြောတွေကို တောင့်တင်းစေနိုင်ကြောင်း တွေ့ရပါသတဲ့။

ဒီလောက်ဆို အိပ်ရေးဝဖို့အရေးကြီးကြောင်း သိကြပြီပေါ့။ တစ်နေ့ကို ၇ နာရီပြည့်အောင်မအိပ်ရင် ခန္ဓာကိုယ်ထဲက ဖိစီးမှုဟော်မုန်းတွေ အထွက်များပြီးတော့ သွေးတိုးတာ၊ ဗိုက်အဆီတက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ချိန်နည်းခြင်းကြောင့် သွေးတွင်းကိုလက်စထရော အဆီဓာတ်တွေ မြင့်တက်လာစေပြီး ဆီးချို၊ သွေးတိုးကို ထိန်းချုပ်ရ ခက်စေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးသူ အမျိုးသမီးတစ်ယောက်ဟာ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ဖြစ်ဖို့ ၃ ဆ ပိုများသလို ကိုယ်ဝန်ဆောင်နောက်ပိုင်းမှာလည်း သွေးတိုး၊ ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ နောက် ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတိုးပြီး ဆီးထဲ ပရိုတင်း အသားဓာတ်တွေ ပါလာတတ်တဲ့ ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေမှာလည်း နောက်ပိုင်းမှာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေဖြစ်ဖို့ ၂ ဆ ပိုများလာတယ်လို့ သိရပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သွေးပေါင်နဲ့ သွေးတွင်းအချိုဓာတ်တွေကို ပုံမှန်စစ်ဆေးနေဖို့ အင်မတန်မှ အရေးကြီးပါတယ်နော်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါတွေ ဖြစ်ဖူးခဲ့ရင် ကစီဓာတ်ကို လျှော့စားတာ၊ အချိုရှောင်တာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာမျိုးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

၃။ စိတ်ရောဂါအခြေအနေတွေကလည်း နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဖိစီးမှုတွေဟာ အချိန်ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် စိတ်ဓာတ်ကျဝေဒနာ ခံစားနေရပြီး လူမှုထောက်ပံ့ခြင်းလည်း မခံရသူတွေမှာ ၁၃ နှစ်အကြာ နှလုံးရောဂါ ဖြစ်လာတတ်ကြကြောင်း တွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာ အထီးကျန်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ကြောင်း တွေ့ရှိရပါသေးတယ်။ အထီးကျန်ခြင်းဟာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတာကြောင့်ပါ။ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် စိတ်အခြေအနေမကောင်းတဲ့အခါ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားဖို့၊ ဆေးမှန်မှန်သောက်ဖို့လည်း သတိထားမိမှာ မဟုတ်တော့ဘူးလေ။ ဒါ့အပြင် နောက်တစ်ချက်က စိတ်ညစ်ညူးခြင်းကြောင့် ဖိစီးမှုဟော်မုန်းတွေ အထွက်များပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာကာ နှလုံးရောဂါ ပိုဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလို စိတ်ရောဂါအခြေအနေတွေ ခံစားနေရရင် ဆရာဝန်နဲ့ပြသတာ၊ စိတ်ဖိစီးမှုဖြေလျောတဲ့နည်းလမ်းတွေ (တရားထိုင်၊ ယောဂကျင့်) လုပ်တာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာစတဲ့ နည်းလမ်းတွေ ပြုလုပ်ကြည့်သင့်ပါတယ်။

၄။သွားဖုံးရောဂါတွေကလည်း နှလုံးနဲ့သွေးကြောဝေဒနာတွေကို ပေးစွမ်းနိုင်ပါသတဲ့။

ယုံမလားတော့မသိပေမယ့် နှလုံးရောဂါနဲ့ သွားဖုံးရောဂါတွေဟာ ဆက်စပ်နေပါတယ်တဲ့။ လေ့လာမှုတွေမှာ သွားဖုံးရောဂါရှိသူတွေမှာ နောက်ပိုင်း နှလုံးရောဂါအဖြစ်များလာတာကို တွေ့ရပါတယ်။ အဓိကတရားခံကတော့ ရောင်ရမ်းခြင်းကြောင့်ပါ။

ဒါကြောင့် သွားနဲ့ခံတွင်းကို သေချာသန့်ရှင်းပေးခြင်းက နှလုံးကိုပါ ကာကွယ်ပေးနိုင်တယ်နော်။ သွားဖုံးရောဂါခံစားနေရရင်လည်း သေချာကုသဖို့ အရေးကြီးပါတယ်။

၅။ နာတာရှည် ရောင်ရမ်းဝေဒနာတွေကလည်း နှလုံးကို ထိခိုက်စေပါတယ်။

သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စတဲ့ နာတာရှည်ရောင်ရမ်းဝေဒနာတွေဟာ သွေးထဲကိုလက်စထရောတွေ စုပုံလာစေတယ်လို့ ဆိုပါတယ်။ ဒီလို ခုခံအားကမောက်ကမရောဂါတွေမှာ သွေးတိုးရောဂါတွေ၊ နှလုံးညှစ်အားနည်းရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလို ခုခံအားကမောက်ကမရောဂါသည်တွေမှာ နှလုံးကို အမြဲစစ်ဆေးပြီး သွေးပေါင်ပုံမှန်ချိန်ဖို့ အရေးကြီးလာပါတယ်။

Credit : drmyanmar

LEAVE A REPLY