Zawgyi ဖြင့်ဖတ်ရန်
(2)ဗိုက်နာခြင်း
(3)ညအိပ်မပျော်ခြင်း
(4)အသက်ရှူမဝခြင်း
(5)ဆံပင်ကျွတ်ခြင်း
(7)ချွေးထွက်လွန်ခြင်း
(8)ရင်ဘတ်အောင့်ခြင်း
ရေးသားသူ – Dr.Jue ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
နှလုံးရောဂါမဖြစ်ခင် ၁ လအလိုမှာ သင့်ခန္ဒာကိုယ်က အချက်ပြလေ့ရှိတဲ့ လက္ခဏာ ( ၈ ) မျိူး
ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတာ ကြားဖူးကြပါတယ်။ယခုအခါမှာ လူတွေကိုခြောက်လှန့်နေတဲ့ရောဂါများမှာ အပါအဝင်ဖြစ်တဲ့ နှလုံးရောဂါမဖြစ်ပေါ်မီ ကြိုတင်ပြသတတ်တဲ့ လက္ခဏာများကို သိရှိပြီး ကာကွယ်ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(1)နွမ်းနယ်ခြင်း၊နုံးချိခြင်း
အမျိုးသမီးများမှာ ပိုမိုဖြစ်လေ့ရှိပြီး ရဝရာနှုန်းလောက်တွေ့ရတတ်ပါတယ်။ သာမာန် ကိုယ်ခန္ဒာနွမ်းနယ်ခြင်းတို့ဟာ ညအိပ်ရာဝင်လို့ အနားယူသောအခါ ပြေပျောက်ပေမယ့် နှလုံးရောဂါကြောင့် နွမ်းနယ်ခြင်းကတော့ ညအိပ်ရာဝင်လေပိုဆိုးလေ ဖြစ်ပါတယ်။ သာမန် အိမ်မှုကိစ္စများ ပြုလုပ်လျှင်တောင်မှ မောပန်းနွမ်းနယ်နေတယ်ဆိုပါက ဆေးကုသမှုခံယူသင့်ပါတယ်။
(2)ဗိုက်နာခြင်း
50ရာနှုန်းသော နှလုံးရောဂါများမှာ တွေ့ရပါတယ်။ ဗိုက်မအီမသာဖြစ်ခြင်း,အစာမကြေခြင်း,ဗိုက်ပြည့်နေတယ်ခံစားရခြင်းစတာတွေအပြင် ပျို့အန်ခြင်းကိုပါခံစားရတတ်ပါတယ်။ ဗိုက်နာခြင်းဟာ ကိုယ်လက်လှူပ်ရှားမှုပြုလုပ်သောအခါ ပိုဆိုးတတ်ပါတယ်။
(3)ညအိပ်မပျော်ခြင်း
၅၀ရာနှုန်းမှာ တွေ့ရပါတယ်။ညအိပ်မပျော်ခြင်းဆိုရာတွင် အိပ်ဖို့အစပျိုးမှုခက်ခဲခြင်း,မကြာခဏနိုးခြင်း,အစောကြီးနိုးခြင်းတို့အပြင် စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ပါဝင်ပါတယ်။
(4)အသက်ရှူမဝခြင်း
မောခြင်း၊အသက်ရှုမဝခြင်းတို့ဟာ နှလူံးရောဂါမတိုင်မီ ၆လအလိုကတည်းက ဖြစ်ပေါ်တတ်ပါတယ်။ အဓိက ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်လိူ့ မပေါ့ဆသင့်ပါဘူး။ အသက်ရှူမဝခြင်း,မူးဝေခြင်း,မောခြင်းစသည်တို့ ခံစားရပါက ချက်ချင်းဆရာဝန်ထံပြသသင့်ပါတယ်။
(5)ဆံပင်ကျွတ်ခြင်း
အသက်၅၀အထက်အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းဟာ ကော်တီဇော်လ် ဟိူမုန်းများခြင်းနှင့်ဆက်စပ်နေပါတယ်။သင်ဟာယခင်ကထက် ပိုထိပ်ပြောင်လာပါက သတိထားသင့်ပါတယ်။
(6)ရင်တလှပ်လှပ်တုန်ခြင်း
ရင်တုန်ခြင်း,စိုးရိမ်မှုလွန်ကဲခြင်း,အလန့်တကြားဖြစ်ခြင်းစတာတွေ မကြာခဏဖြစ်နေမယ်ဆိုပါက မပေါ့ဆပဲ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ရင်တုန်နေစဉ် မူးဝေလာပါက ချက်ချင်းဆရာဝန်ထံပြသသင့်ပါတယ်။
(7)ချွေးထွက်လွန်ခြင်း
အလွန်အမင်းချွေးထွက်လွန်ခြင်း, ရာသိဥတုအေးနေတာတောင် ဇောချွေးတွေပြန်ခြင်းဟာလဲ နှလုံးရောဂါရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ညဘက်ချွေးထွက်လွံန်းခြင်း,ခြေဖျားလက်ဖျားအေးစက်ခြင်း,ဖျားချင်သလိုဖြစ်ခြင်းစတာတွေဖြစ်ပေါ်ပါက သတိပြုသင့်ပါတယ်။
(8)ရင်ဘတ်အောင့်ခြင်း
လူံးဝကိုလျစ်လျူမရှုသင့်တဲ့လက္ခဏာဖြစ်ပါတယ်။အမျိုးသားတွေမှာပိုဖြစ်တတ်ပါတယ်။ရင်ဘတ်ကနေ ဘယ်ဘက်လက်မောင်း,မေးရိူး,ပုခုံးနဲ့ရင်ညွန့်နေရာထိနာကျင်နိုင်ပါတယ်။
နှလုံးရောဂါရဲ့ရှေ့ပြေးလက္ခဏာများဟာ လုံးဝမပေါ့ဆသင့်ပဲ ဆေးကုသမှုခံယူသင့်ပါတယ်။ အဝလွန်သူများ,အဆီများသောအစာများစားသူများ,ကိုယ်လက်လှုပ်ရှားမှုနည်းသူများ,သွေးတိုးဆီးချိုရောဂါသည်များနှင့် မျိုးရိုးရှိသူများအဖို့ ပို၍သတိပြုသင့်ပါတယ်။
ရေးသားသူ – Dr.Jue ( XYZ NEWS )
LEAVE A REPLY