Zawgyi ျဖင့္ဖတ္ရန္

ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းရွိ ေနအိမ္တစ္ခုတြင္ အလုပ္လုပ္ကိုင္ေနခဲ့သည့္ အိမ္အကူအမ်ိဳးသမီး မနန္းေမဇင္ဦးအား မ်က္ႏွာကို အက္ဆစ္ျဖင့္ေလာင္းျခင္း၊ ပိတ္ေလွာင္ျခင္းႏွင့္ လုပ္အားခမေပးျခင္းတို႔ေၾကာင့္ ဖမ္းဆီးထားၿပီး လူကုန္ကူးမႈဥပေဒျဖင့္ မႏၲေလးခ႐ိုင္တရား႐ုံးတြင္ စစ္ေဆးလ်က္ရွိသည့္ ေဒၚနီနီႏုႏြယ္ႏွင့္ ေယာကၡမျဖစ္သူ ေဒၚမိုးမိုးတို႔ႏွစ္ဦးကို အလုပ္ႏွင့္ေထာင္ဒဏ္ ၁၅ ႏွစ္စီက်ခံရန္ စက္တင္ဘာလ ၁၆ ရက္ေန႔က အမိန႔္ခ်မွတ္လိုက္သည္။

“သက္ေသခံခ်က္မ်ားအရ တရားလိုျပမ်ားက ေဒၚနီနီႏုႏြယ္ႏွင့္ ေဒၚမိုးမိုးတို႔က မနန္းေမဇင္ဦးကို လုပ္ခလစာ အျပည့္အဝမေပးေၾကာင္း ထြက္ဆိုထားၾကၿပီး ခံျပသက္ေသႏွင့္ တရားခံမ်ားက ခုခံထြက္ဆိုၾကေသာ္လည္း လုပ္ခလစာေပးေၾကာင္း သက္ေသျပႏိုင္ျခင္းမရွိပါ။ ဒါ့အျပင္ မနန္းေမဇင္ဦး ဒဏ္ရာရၿပီးခ်ိန္တြင္လည္း မစြမ္းေဆာင္ႏိုင္ေသာ အေျခအေနကို အဓမၼခိုင္းေစျခင္း၊ အဓမၼဝန္ေဆာင္မႈေပးေစျခင္းကို က်ဴးလြန္ရာေရာက္ေၾကာင္း သုံးသပ္ရမည္ျဖစ္သည့္အတြက္ အျပစ္ရွိေၾကာင္းဆုံးျဖတ္သည္”ဟု မႏၲေလးခ႐ိုင္တရား႐ုံး တြဲဖက္တရားသူႀကီး ၁ ေဒၚမာလာက တရားခြင္တြင္ အမိန႔္ခ်မွတ္ခဲ့သည္။

႐ြာငံၿမိဳ႕နယ္ နာဘမ္းႀကီးေက်း႐ြာမွ မႏၲေလးၿမိဳ႕သို႔ အိမ္အကူအျဖစ္လာေရာက္ အလုပ္လုပ္ကိုင္ေနသည့္ မနန္းေမဇင္ဦးကို အိမ္ရွင္ ေဒၚမိုးမိုး၏ ေခြၽးမေတာ္စပ္သည့္ ေဒၚနီနီႏုႏြယ္က အက္ဆစ္ျဖင့္ေလာင္းခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေဖာေဖာ္ဝါရီလအတြင္းကလည္း ႐ိုက္ႏွက္ျခင္း၊ ကန္ေက်ာက္ျခင္း၊ ဝက္စာပုံးအတြင္း မ်က္ႏွာအပ္ကာ ဖိခ်ျခင္းတို႔အျပင္ လုပ္အားခမ်ားမေပးပဲ ထားခဲ့သည့္အတြက္ ဖမ္းဆီးတရားစြဲဆိုထားသည့္ အမႈျဖစ္သည္။

ယင္းအမႈကို ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးက အျပင္းအထန္နာက်င္ေစမႈျဖင့္ ေဒၚနီနီႏုႏြယ္အား အလုပ္ႏွင့္ေထာင္ဒဏ္ ရ ႏွစ္က်ခံရန္ ယခုႏွစ္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔တြင္ ျပစ္ဒဏ္ခ်မွတ္ထားသည္။

ယင္းသို႔ ျပစ္ဒဏ္ခ်မွတ္ထားသည့္အတြက္ ခ႐ိုင္တရား႐ုံးက ယေန႔ခ်မွတ္လိုက္သည့္အမႈတြင္ ေဒၚနီနီႏုႏြယ္သည္ ခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္မရွိဘဲ ေဒၚမိုးမိုးတစ္ဦးတည္းသာ ခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္ျပဳေၾကာင္းလည္း ပါဝင္သည္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္အတြင္းရွိ ေနအိမ္တစ္ခုတြင္ အိမ္အကူအျဖစ္ လာေရာက္လုပ္ကိုင္ေနသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ နဘမ္းႀကီးေက်း႐ြာမွ မနန္းေမဇင္ဦးကို ၂၀၀၉ ခုႏွစ္ကတည္းက အက္ဆစ္ျဖင့္ ေလာင္းခဲ့ျခင္းျဖစ္ၿပီး၊ ယင္းျဖစ္စဥ္ကို မတ္လ ၁ ရက္ေန႔က အမ်ိဳးသမီးငယ္ထြက္ေျပးလြတ္ေျမာက္လာခဲ့ၿပီး တိုင္းေဒသႀကီး အမ်ိဳးသမီးေရးရာအဖြဲ႕ႏွင့္ ေတြ႕ဆုံၿပီး လူကုန္တားရဲတပ္ဖြဲ႕ထံ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။

မနန္းေမဇင္ဦးကို ၂၀၀၈ ခုႏွစ္က ေဒၚမိုးမိုးက ၎ပိုင္စတိုးဆိုင္တြင္ တစ္လလွ်င္ တစ္ေသာင္းက်ပ္ျဖင့္ အလုပ္လုပ္ရန္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ၿပီး ေဒၚမိုမိုး၏ စတိုးဆိုင္တြင္ ႏွစ္လခန႔္သာအလုပ္လုပ္ကိုင္ခဲ့ရၿပီး ဆိုင္ပိတ္လိုက္သည့္အတြက္ ေနအိမ္တြင္ အိမ္အကူအျဖစ္ လုပ္ကိုင္ေနခဲ့ျခင္းျဖစ္သည္။

ယင္းသို႔လုပ္ကိုင္ေနရင္း ၂၀၁၀ ခုႏွစ္တြင္ ေဒၚမိုးမိုး၏ ေခြၽးမေတာ္စပ္သူ ေဒၚနီနီႏုႏြယ္၏ေမာင္က မနန္းေမဇင္ဦးအား လူငယ္သဘာဝ ခ်စ္ေရးဆိုျခင္းႏွင့္ပက္သက္ၿပီး ေဒၚနီနီႏုႏြယ္က ေရခ်ိဳးေနစဥ္ အက္ဆစ္ျဖင့္ ေလာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ အႀကီးတန္းအရာရွိတစ္ဦးက ရွင္းျပသည္။

ေဒၚနီနီႏုႏြယ္က ၂၀၁၀ ခုႏွစ္ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ အက္ဆစ္ျဖင့္ေလာင္းခဲ့ျခင္းျဖစ္ၿပီး အက္ဆစ္ေလာင္းခံခဲ့ရသည့္ မနန္းေမဇင္ဦး၏ ဘယ္ဘက္ဦးေခါင္းမွစကာ တစ္ျခမ္းလုံးတြင္ ေလာင္ကြၽမ္းဒဏ္ရာမ်ား ရရွိခဲ့ၿပီး မ်က္စိတစ္ဖက္လည္း ကြယ္သြားခဲ့ကာ လက္မွာလည္း ေကြးဆန္း၍ မရသည့္ အေျခအေနမ်ားသို႔ ေရာက္ရွိသြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသမီးေရးရာအဖြဲ႕က ေျပာဆိုထားသည္။

မနန္းေမဇင္ဦးအား အက္ဆစ္ျဖင့္ေလာင္းခဲ့ၿပီး ေနာက္ပိုင္းတြင္ အခန္းတစ္ခုအတြင္း ပိတ္ေလွာင္ထားခဲ့ၿပီး၊ ဒဏ္ရာမ်ားသက္သာလာခ်ိန္တြင္လည္း အိမ္ထဲမွ အိမ္ျပင္မထြက္ေစပဲ အိမ္အလုပ္မ်ားကို လုပ္ကိုင္ေစခဲ့ျခင္းျဖစ္သည္။

ေဒၚမိုးမိုးတို႔အေနျဖင့္ မနန္းေမဇင္ဦး လာေရာက္အလုပ္လုပ္ကိုင္ေနသည့္ ဆယ္ႏွစ္တာကာလအတြင္း လုပ္အားခအေနျဖင့္လည္း စတင္လာေရာက္စဥ္က ႏွစ္ေသာင္းက်ပ္၊ အက္ဆစ္ျဖင့္ ေလာင္းသည့္ ေနာက္ပိုင္းတြင္ တစ္သိန္းက်ပ္တစ္ႀကိမ္၊ ႏွစ္သိန္းက်ပ္တစ္ႀကိမ္၊ စုစုေပါင္း သုံးသိန္းႏွစ္ေသာင္းက်ပ္သာ ေပးခဲ့ၿပီး က်န္သည့္လုပ္အားခမ်ားကိုလည္း မေပးခဲ့ေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ထားသည္။

ယင္းသို႔ မနန္းေမဇင္ဦးအား လုပ္အားခမေပးျခင္း၊ ညႇင္းပန္းႏွိပ္စက္ျခင္း၊ ပိတ္ေလွာင္ခဲ့ျခင္းမ်ားျပဳလုပ္ခဲ့သည့္ ေဒၚနီနီႏုႏြယ္ႏွင့္ အိမ္ရွင္ျဖစ္သည့္ ေဒၚမိုးမိုးတို႔အား ၎တို႔၏ ေနအိမ္မွာပင္ မတ္လ ၁ ရက္ေန႔က ဖမ္းဆီးႏိုင္ခဲ့ကာ ေအာင္ပင္လယ္နယ္ေျမရဲစခန္းတြင္ (ပ) ၁၀၁/ ၂၀၁၈၊ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ဥပေဒ ပုဒ္မ ၂၄/၃၂ တို႔ျဖင့္ အမႈဖြင့္ခဲ့ၿပီး ယင္းအမႈကို မႏၲေလးခ႐ိုင္တရား႐ုံးတြင္ တရားစြဲဆိုထားျခင္းျဖစ္သည္။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

အိမ်အကူအမျိုးသမီးကို အက်ဆစ်ဖြင့်လောင်းပြီး နှိပ်စက်ညှဉ်းပန်းခဲ့သူများကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေခဲ့သည့် အိမ်အကူအမျိုးသမီး မနန်းမေဇင်ဦးအား မျက်နှာကို အက်ဆစ်ဖြင့်လောင်းခြင်း၊ ပိတ်လှောင်ခြင်းနှင့် လုပ်အားခမပေးခြင်းတို့ကြောင့် ဖမ်းဆီးထားပြီး လူကုန်ကူးမှုဥပဒေဖြင့် မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေးလျက်ရှိသည့် ဒေါ်နီနီနုနွယ်နှင့် ယောက္ခမဖြစ်သူ ဒေါ်မိုးမိုးတို့နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

“သက်သေခံချက်များအရ တရားလိုပြများက ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့က မနန်းမေဇင်ဦးကို လုပ်ခလစာ အပြည့်အဝမပေးကြောင်း ထွက်ဆိုထားကြပြီး ခံပြသက်သေနှင့် တရားခံများက ခုခံထွက်ဆိုကြသော်လည်း လုပ်ခလစာပေးကြောင်း သက်သေပြနိုင်ခြင်းမရှိပါ။ ဒါ့အပြင် မနန်းမေဇင်ဦး ဒဏ်ရာရပြီးချိန်တွင်လည်း မစွမ်းဆောင်နိုင်သော အခြေအနေကို အဓမ္မခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်းကို ကျူးလွန်ရာရောက်ကြောင်း သုံးသပ်ရမည်ဖြစ်သည့်အတွက် အပြစ်ရှိကြောင်းဆုံးဖြတ်သည်”ဟု မန္တလေးခရိုင်တရားရုံး တွဲဖက်တရားသူကြီး ၁ ဒေါ်မာလာက တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ရွာငံမြို့နယ် နာဘမ်းကြီးကျေးရွာမှ မန္တလေးမြို့သို့ အိမ်အကူအဖြစ်လာရောက် အလုပ်လုပ်ကိုင်နေသည့် မနန်းမေဇင်ဦးကို အိမ်ရှင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သည့် ဒေါ်နီနီနုနွယ်က အက်ဆစ်ဖြင့်လောင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖောဖော်ဝါရီလအတွင်းကလည်း ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ဝက်စာပုံးအတွင်း မျက်နှာအပ်ကာ ဖိချခြင်းတို့အပြင် လုပ်အားခများမပေးပဲ ထားခဲ့သည့်အတွက် ဖမ်းဆီးတရားစွဲဆိုထားသည့် အမှုဖြစ်သည်။

ယင်းအမှုကို ချမ်းမြသာစည်မြို့နယ်တရားရုံးက အပြင်းအထန်နာကျင်စေမှုဖြင့် ဒေါ်နီနီနုနွယ်အား အလုပ်နှင့်ထောင်ဒဏ် ရ နှစ်ကျခံရန် ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ထားသည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်ထားသည့်အတွက် ခရိုင်တရားရုံးက ယနေ့ချမှတ်လိုက်သည့်အမှုတွင် ဒေါ်နီနီနုနွယ်သည် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်မရှိဘဲ ဒေါ်မိုးမိုးတစ်ဦးတည်းသာ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်းလည်း ပါဝင်သည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာမှ မနန်းမေဇင်ဦးကို ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို မတ်လ ၁ ရက်နေ့က အမျိုးသမီးငယ်ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံပြီး လူကုန်တားရဲတပ်ဖွဲ့ထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးက ၎င်းပိုင်စတိုးဆိုင်တွင် တစ်လလျှင် တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေရင်း ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ရှင်းပြသည်။

ဒေါ်နီနီနုနွယ်က ၂၀၁၀ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အက်ဆစ်ဖြင့်လောင်းခဲ့ခြင်းဖြစ်ပြီး အက်ဆစ်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ ရောက်ရှိသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ပြောဆိုထားသည်။

မနန်းမေဇင်ဦးအား အက်ဆစ်ဖြင့်လောင်းခဲ့ပြီး နောက်ပိုင်းတွင် အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။

ဒေါ်မိုးမိုးတို့အနေဖြင့် မနန်းမေဇင်ဦး လာရောက်အလုပ်လုပ်ကိုင်နေသည့် ဆယ်နှစ်တာကာလအတွင်း လုပ်အားခအနေဖြင့်လည်း စတင်လာရောက်စဉ်က နှစ်သောင်းကျပ်၊ အက်ဆစ်ဖြင့် လောင်းသည့် နောက်ပိုင်းတွင် တစ်သိန်းကျပ်တစ်ကြိမ်၊ နှစ်သိန်းကျပ်တစ်ကြိမ်၊ စုစုပေါင်း သုံးသိန်းနှစ်သောင်းကျပ်သာ ပေးခဲ့ပြီး ကျန်သည့်လုပ်အားခများကိုလည်း မပေးခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဖြစ်သည့် ဒေါ်မိုးမိုးတို့အား ၎င်းတို့၏ နေအိမ်မှာပင် မတ်လ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကာ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ) ၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ယင်းအမှုကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

share from : xyznews

LEAVE A REPLY