Zawgyi ျဖင့္ဖတ္ရန္

သင့္ခ်စ္သူလက္ကိုသင္ဘယ္လိုဆုပ္ကိုင္လဲဆိုတာၾကည့္ၿပီး သင့္အခ်စ္ေရးကိုအကဲျဖတ္မယ္ေလကိုယ့္ခ်စ္သူနဲ႔ လက္ခ်င္းတြဲတယ္ဆိုတာ ခ်စ္သူေတြၾကား မဆန္းေသာကိစၥရပ္တစ္ခုပါပဲ။ စိတ္ပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ လက္တြဲပုံကိုၾကည့္ၿပီးအခ်စ္ေရးကို အကဲျဖတ္ၾကည့္ၾကပါစို႔။

လက္ေခ်ာင္းတစ္ခုခ်င္းစီတြယ္ဆက္ထားေသာ လက္တြဲပုံ(ေလးစားမႈ)

-ဒီလို လက္တြဲပုံမ်ိဴးဟာ သင္တို႔အခ်စ္ေရးက တည္ၿငိမ္မႈရွိၿပီး သင့္အေနနဲ႔ သင့္လက္တြဲေဖာ္ကို အျပည့္အဝယုံၾကည္ေၾကာင္း ေဖာ္ျပေနပါတယ္။သင္တို႔အခ်စ္ေရးအေၾကာင္း လူသိရွင္ၾကားေၾကညာၿပီးျဖစ္ေပမယ့္ သင္တို႔ၾကားမွာ privacyတစ္ခုထားရွိၿပီး တစ္ေယာက္ကိုယ္ေရးကိုယ္တာကို တစ္ေယာက္ေလးစားမႈရွိၾကပါတယ္။

လက္ဖဝါးခ်င္းကပ္ထားေသာ လက္တြဲပုံ(တာဝန္ေက်မႈ)

 

-စုံတြဲေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရေသာ လက္တြဲပုံမ်ိဴးျဖစ္ပါတယ္။ လက္၂ဖက္တြင္ အေပၚက အုပ္မိုးကိုင္ထားေသာသူက ထိုအခ်စ္ေရးတြင္ ပိုၿပီး အာဏာရွိေသာသူ ျဖစ္ပါတယ္။ ခ်စ္သူေကာင္ေလးက ေကာင္မေလးကို ကာကြယ္ခ်င္ေသာ အေနအထားမ်ိဴးမွာ ထိုသို႔ဆုပ္ကိုင္ေလ့ရွိပါတယ္။

လက္ေခ်ာင္းခ်င္းတင္းက်ပ္စြာဆုပ္ကိုင္ေသာ လက္တြဲပုံ (ဂ႐ုစိုက္မႈ)

-သင္တို႔စုံတြဲဟာ အေပၚယံေတြကိုမၾကည့္ပဲ တစ္ေယာက္နဲ႔တစ္ေယာက္နက္နဲစြာ ခ်စ္ေသာ အခ်စ္ေရးကိုေဖာ္ျပေနပါတယ္။ တစ္ေယာက္ရဲ႕ အျပစ္အနာအဆာ အားနည္းခ်က္ေတြကို တစ္ေယာက္ကို ဖုံးကြယ္မထားပဲနဲ႔ ပြင့္လင္းစြာခ်စ္ေသာ ဆက္ဆံေရးမ်ိဴးပါ။သင္တို႔အခ်စ္ေရးဟာ ယုံၾကည္မႈ ဂ႐ုစိုက္မႈတို႔နဲ႔ တည္ေဆာက္ထားတာပါ။

လက္သန္းခ်င္းခ်ိတ္ေသာ လက္တြဲပုံ(အီစီကလီ)

သင္တို႔ဆက္ဆံေရးဟာ အီစီကလီအဆင့္မွာပဲရွိပါေသးတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ေလ့လာဆဲျဖစ္ၿပီး ေသခ်ာခိုင္မာတဲ့ ကတိကဝတ္မ်ိဴးမရွိေသးပါဘူး။ အခ်စ္ေရးအစပိုင္းကာလမွာသာရွိဆဲျဖစ္ပါတယ္။

လက္ေကာက္ဝတ္ခ်င္းဆုတ္ကိုင္ထားေသာ လက္တြဲပုံ

-သင္တို႔အခ်င္းခ်င္း တစ္ေယာက္ကိုတစ္ေယာက္ လိုအပ္ၾကေပမယ့္ အေပါယံ အလွအပ အေဆာင္အေယာင္ေတြကိုသာ ပိုခ်စ္တယ္လို႔ ထင္ျမင္ပါတယ္။တစ္ေယာက္ေယာက္က ပိုၿပီး စိတ္မာတယ္ အၾတၱကီးတယ္လို႔လဲ ယူဆပါတယ္။

ခါးဖက္ျခင္း

-သင္တို႔ဟာတစ္ေယာက္နဲ႔တစ္ေယာက္ close ျဖစ္ၾကပါတယ္။ႏွစ္ေယာက္ထဲကတစ္ေယာက္ဟာ အစြဲအလန္းႀကီးသူ ျဖစ္ပါတယ္။

ေကာင္ေလးလက္ေမာင္းကို လက္ေခ်ာင္းေလးမ်ားျဖင့္ ခ်ိတ္ထားျခင္း

 

-မိန္းကေလးအေနနဲ႔ မွီခို အားကိုးလိုစိတ္ကို ျပသပါတယ္။တည္ၿငိမ္တဲ့ ဆက္ဆံေရးကိုျပသပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခ်စ္ၾကတယ္လို႔ေတာ့ မဆိုလိုပါဘူး။

Writer Dr Jue ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

သင့်ချစ်သူက သင့်လက်ကိုဘယ်လိုဆုပ်ကိုင်လဲဆိုတာကြည့်ပြီး အချစ်ရေး ခန့်မှန်ကြည့်ရအောင်

သင့်ချစ်သူလက်ကိုသင်ဘယ်လိုဆုပ်ကိုင်လဲဆိုတာကြည့်ပြီး သင့်အချစ်ရေးကိုအကဲဖြတ်မယ်လေကိုယ့်ချစ်သူနဲ့ လက်ချင်းတွဲတယ်ဆိုတာ ချစ်သူတွေကြား မဆန်းသောကိစ္စရပ်တစ်ခုပါပဲ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ လက်တွဲပုံကိုကြည့်ပြီးအချစ်ရေးကို အကဲဖြတ်ကြည့်ကြပါစို့။

လက်ချောင်းတစ်ခုချင်းစီတွယ်ဆက်ထားသော လက်တွဲပုံ(လေးစားမှု)

-ဒီလို လက်တွဲပုံမျိူးဟာ သင်တို့အချစ်ရေးက တည်ငြိမ်မှုရှိပြီး သင့်အနေနဲ့ သင့်လက်တွဲဖော်ကို အပြည့်အဝယုံကြည်ကြောင်း ဖော်ပြနေပါတယ်။သင်တို့အချစ်ရေးအကြောင်း လူသိရှင်ကြားကြေညာပြီးဖြစ်ပေမယ့် သင်တို့ကြားမှာ privacyတစ်ခုထားရှိပြီး တစ်ယောက်ကိုယ်ရေးကိုယ်တာကို တစ်ယောက်လေးစားမှုရှိကြပါတယ်။

လက်ဖဝါးချင်းကပ်ထားသော လက်တွဲပုံ(တာဝန်ကျေမှု)

-စုံတွဲတော်တော်များများမှာ တွေ့ရသော လက်တွဲပုံမျိူးဖြစ်ပါတယ်။ လက်၂ဖက်တွင် အပေါ်က အုပ်မိုးကိုင်ထားသောသူက ထိုအချစ်ရေးတွင် ပိုပြီး အာဏာရှိသောသူ ဖြစ်ပါတယ်။ ချစ်သူကောင်လေးက ကောင်မလေးကို ကာကွယ်ချင်သော အနေအထားမျိူးမှာ ထိုသို့ဆုပ်ကိုင်လေ့ရှိပါတယ်။

လက်ချောင်းချင်းတင်းကျပ်စွာဆုပ်ကိုင်သော လက်တွဲပုံ (ဂရုစိုက်မှု)

-သင်တို့စုံတွဲဟာ အပေါ်ယံတွေကိုမကြည့်ပဲ တစ်ယောက်နဲ့တစ်ယောက်နက်နဲစွာ ချစ်သော အချစ်ရေးကိုဖော်ပြနေပါတယ်။ တစ်ယောက်ရဲ့ အပြစ်အနာအဆာ အားနည်းချက်တွေကို တစ်ယောက်ကို ဖုံးကွယ်မထားပဲနဲ့ ပွင့်လင်းစွာချစ်သော ဆက်ဆံရေးမျိူးပါ။သင်တို့အချစ်ရေးဟာ ယုံကြည်မှု ဂရုစိုက်မှုတို့နဲ့ တည်ဆောက်ထားတာပါ။

လက်သန်းချင်းချိတ်သော လက်တွဲပုံ(အီစီကလီ)

သင်တို့ဆက်ဆံရေးဟာ အီစီကလီအဆင့်မှာပဲရှိပါသေးတယ်။တစ်ယောက်နဲ့တစ်ယောက်လေ့လာဆဲဖြစ်ပြီး သေချာခိုင်မာတဲ့ ကတိကဝတ်မျိူးမရှိသေးပါဘူး။ အချစ်ရေးအစပိုင်းကာလမှာသာရှိဆဲဖြစ်ပါတယ်။

လက်ကောက်ဝတ်ချင်းဆုတ်ကိုင်ထားသော လက်တွဲပုံ

-သင်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လိုအပ်ကြပေမယ့် အပေါယံ အလှအပ အဆောင်အယောင်တွေကိုသာ ပိုချစ်တယ်လို့ ထင်မြင်ပါတယ်။တစ်ယောက်ယောက်က ပိုပြီး စိတ်မာတယ် အတ္တြကီးတယ်လို့လဲ ယူဆပါတယ်။

ခါးဖက်ခြင်း

-သင်တို့ဟာတစ်ယောက်နဲ့တစ်ယောက် close ဖြစ်ကြပါတယ်။နှစ်ယောက်ထဲကတစ်ယောက်ဟာ အစွဲအလန်းကြီးသူ ဖြစ်ပါတယ်။

ကောင်လေးလက်မောင်းကို လက်ချောင်းလေးများဖြင့် ချိတ်ထားခြင်း

-မိန်းကလေးအနေနဲ့ မှီခို အားကိုးလိုစိတ်ကို ပြသပါတယ်။တည်ငြိမ်တဲ့ ဆက်ဆံရေးကိုပြသပါတယ်။တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတယ်လို့တော့ မဆိုလိုပါဘူး။

Writer Dr Jue ( XYZ NEWS )

LEAVE A REPLY