Zawgyi ျဖင့္ဖတ္ရန္

##ကေလးအုပ္ထိန္းခြင့္နဲ႔ပတ္သက္လို႔…

လင္မယားေတြ ရန္ျဖစ္ၿပီဆို မယားလုပ္သူက ကေလးေခၚဆင္းသြားတာ လင္က ကေလးေခၚ ဆင္းသြားတာေတြ ျဖစ္ေနက် / ၿပီးမွ သားကိုအေမသမီးကိုအေဖ ပိုင္တယ္ဆိုၿပီး ကေလးလုၾက ျပႆနာျဖစ္ၾကနဲ႔ ေနာက္ဆုံး ၾကားထဲက ကေလးက ေျမစာပင္ျဖစ္ / စိတ္ဒဏ္ရာေတြရ ကေလးေရွ႕ေရး မေကာင္းဖို႔မ်ားသြားၿပီ…

( တကယ္ေတာ့ )…

( သား ) ဆို အေမပိုင္ ( သမီး ) ဆို အေဖပိုင္တယ္ဆိုတာ ျမန္မာျပည္မွာမွမဟုတ္ ( ကမာၻ႔ဘယ္ႏိုင္ငံတရား႐ုံး) ကမွ မဆုံးျဖတ္ပါဘူး … ၂ေယာက္ေပါင္းသင္းလို႔ ေမြးလာတဲ့ကေလးျဖစ္လို႔ ပိုင္ဆိုင္ခြင့္ ဆတူရွိပါတယ္ …

ကမာၻ႔ႏိုင္ငံအသီးသီးမွာ လူမ်ိဴး / ယဥ္ေက်းမႈ႕ / ဓေလ့ထုံးတမ္း စတာေတြကြာလို႔ ျပဌာန္းဥပေဒ ကြာၾကေပမယ့္ ကေလးအုပ္ထိန္းခြင့္ကို ဆုံးျဖတ္ရာမွာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ကြာဟမႈ႕သိပ္မရွိၾကပါဘူး …

ျမန္မာႏိုင္ငံမွာ ကေလးအုပ္ထိန္းခြင့္နဲ႔ ပတ္သက္လို႔ ျမန္မာ့ဓေလ့ထုံးတမ္းအရ တရား႐ုံးေတြက ေအာက္ပါအတိုင္း ဆုံးျဖတ္ေပးၾကပါတယ္…

( 1 ) ရင္ခြင္ပိုက္အ႐ြယ္ ( ေမြးကင္းစမွ ၂ ႏွစ္ ၃ ႏွစ္ ) အထိ မိခင္သာလ်င္ အုပ္ထိန္းခြင့္ ရပါမယ္ …

( 2 ) ကေလးရဲ႕ ဆႏၵ ေပၚမူတည္ပါမယ္ …

( 3 ) မိဘ ၂ ပါးရဲ႕ ဝင္ေငြအဆင့္အတန္းေပၚမူတည္ပါမယ္ …

( 4 ) မိဘ ၂ ပါးရဲ႕ အက်င့္စာရိတၱေပၚ မူတည္ပါမယ္ …

( 5 ) ကေလးေနထိုင္ႀကီးျပင္းရမယ့္ ပတ္ဝန္းက်င္အသိုင္းအဝိုင္းေပၚမူတည္ပါမယ္ …

( 6 ) အဓိကအခ်က္ကေတာ့ ကေလးရဲ႕ေနာင္ေရးအား လက္ရွိအေနထက္ ပိုမိုသာလြန္ေအာင္ ေဆာင္႐ြက္ႏိုင္သူ ျဖစ္ရပါမယ္ …

စတဲ့အခ်က္ေတြေပၚ အေျခခံၿပီး တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားအရကေလးအုပ္ထိန္းခြင့္ကို ဆုံးျဖတ္ေပးတာျဖစ္ၿပီး …

( အထူးသတိျပဳရမွာက )…

ကေလးအုပ္ထိန္းခြင့္ ဆိုတာ အုပ္ထိန္းခြင့္ပဲ ေပးတာျဖစ္ကာ အပိုင္ေပးလိုက္တာ မဟုတ္တဲ့အတြက္ …အုပ္ထိန္းခြင့္ မရသူက ကေလးကို လာ
ေတြ႕တဲ့အခါ ႐ုံးေတာ္ကသတ္မွတ္ေပးထားတဲ့အတိုင္း အခါအားေလ်ာ္စြာ ေတြ႕ခြင့္ေပးရပါမယ္ …

နင့္ေစာက္ခ်ိဳးေတြ ကူးမွာစိုးလို႔ / ရွင့္လို အရက္သမား ဖဲသမားျဖစ္မွာစိုးလို႔ ကေလးနဲ႔ေပးမေတြ႕ႏိုင္ဘူးတို႔ …

ကေလးကို ဖြက္ထားတာတို႔…

က်ိဳးေၾကာင္းညီၫြတ္မႈမရွိတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ကေလးကို တစ္ေနရာ ပို႔ထားတာမ်ိဴးတို႔ …

( ဆိုရင္ေတာ့ )…

ရရွိၿပီးသား ကေလးအုပ္ထိန္းခြင့္ကို ႐ုံးေတာ္က ျပန္လည္႐ုပ္သိမ္းမွာျဖစ္ပါေၾကာင္း ကေလးအုပ္ထိန္းခြင့္နဲ႔ ပတ္သက္လို႔သိလိုသူမ်ားအတြက္ ေျဖၾကားေပးလိုက္ပါတယ္ …

Credti : Khin Win ( ဆရာ့အားေလးစားစြာျဖင့္ credit ေပးပါသည္။)

Unicode ဖြင့်ဖတ်ရန်

လင်မယားကွာရှင်းမှုအရ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်တဲ့ သိထားသင့်သောအချက်များ

မြန်မာနိုင်ငံ
##ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…

လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာ လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကိုအမေသမီးကိုအဖေ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက ကလေးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေးရှေ့ရေး မကောင်းဖို့များသွားပြီ…

( တကယ်တော့ )…

( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမှ မဆုံးဖြတ်ပါဘူး … ၂
ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ် …

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့သိပ်မရှိကြပါဘူး …

မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်…

( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ် …

( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ် …

( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ် …

( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ် …

( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မူတည်ပါမယ် …

( 6 ) အဓိကအချက်ကတော့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ် …

စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပြီး …

( အထူးသတိပြုရမှာက )…

ကလေးအုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာဖြစ်ကာ အပိုင်ပေးလိုက်တာ မဟုတ်တဲ့အတွက် …အုပ်ထိန်းခွင့် မရသူက ကလေးကို လာ
တွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်စွာ တွေ့ခွင့်ပေးရပါမယ် …

နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမားဖြစ်မှာစိုးလို့ ကလေးနဲ့ပေးမတွေ့နိုင်ဘူးတို့ …

ကလေးကို ဖွက်ထားတာတို့…

ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ ကလေးကို တစ်နေရာ ပို့ထားတာမျိူးတို့ …

( ဆိုရင်တော့ )…

ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည်ရုပ်သိမ်းမှာဖြစ်ပါကြောင်း ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအတွက် ဖြေကြားပေးလိုက်ပါတယ် …

Credti : Khin Win ( ဆရာ့အားလေးစားစွာဖြင့် credit ပေးပါသည်။)

LEAVE A REPLY