Zawgyi ျဖင့္ဖတ္ရန္

K-pop ေလာကရဲ႕ Sexy Queen လို႔ သတ္မွတ္တင္စားခံထားရတဲ့ HyunA ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက က်င္းပျပဳလုပ္ခဲ့တဲ့ တကၠသိုလ္ပြဲေတာ္တစ္ခုမွာ ပါဝင္တင္ဆက္ေဖ်ာ္ေျဖခဲ့ပါတယ္။ ထိုပြဲမွာ သူမဟာ သူမရဲ႕ နာမည္ေက်ာ္ဟစ္သီခ်င္းအခ်ိဳ႕ကို သီဆိုခဲ့ကာ ထိုသီခ်င္းေတြထဲမွာ သူမရဲ႕ အမွတ္အသားသီခ်င္းလို႔ဆိုရေလာက္တဲ့ “Bubble Pop” သီခ်င္းလည္း ပါဝင္ခဲ့ပါတယ္။

ထို “Bubble Pop” ကို သီခ်င္းကို သီဆိုေဖ်ာ္ေျဖေနတဲ့ အခ်ိန္အတြင္းမွာပဲ သူမ ျပဳလုပ္လိုက္တဲ့လုပ္ရပ္တစ္ခုဟာ အြန္လိုင္းအသုံးျပဳသူ ကိုရီးယားလူမ်ိဳးေတြအၾကားမွာ အေတာ္ေလးကို ပြဲဆူလို႔သြားခဲ့ၿပီး ျပစ္တင္ေဝဖန္မႈေတြကိုလည္း ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ဆက္စီက်တဲ့ကကြက္ေတြနဲ႔ တင္ဆက္ေဖ်ာ္ေျဖေလ့ရွိတဲ့ သူမအတြက္ကေတာ့ ဒီလိုမ်ိဳးပြဲဆူေစတဲ့အျဖစ္က သိပ္ေတာ့မဆန္းဘူးလို႔ ဆိုလို႔ရပါတယ္။

 

ဒီလိုမ်ိဳးပြဲဆူေစၿပီး ေဝဖန္မႈေတြမ်ားစြာကို ရရွိေစခဲ့တဲ့ လုပ္ရပ္ကေတာ့ တျခားမဟုတ္ပါဘူး။ ပရိသတ္ေတြကို ေက်ာေပးၿပီး သူမ ဝတ္ထားတဲ့စကဒ္အတိုအမဲေရာင္ကို ဆြဲတင္လွန္ျပလိုက္တာပါပဲ။

အရင္တုန္းက ေဖ်ာ္ေျဖခဲ့တဲ့ပြဲေတြမွာဆိုရင္ ဆြဲေဆာင္မႈျပင္းတဲ့အဝတ္အစားမ်ိဳးေတြကိုဝတ္ဆင္ၿပီး ေဖ်ာ္ေျဖေလ့ရွိတဲ့သူမဟာ ထိုတကၠသိုလ္ပြဲေတာ္မွာေတာ့ အရင္တုန္းကပုံစံမ်ိဳးနဲ႔မတူပဲ ေပါ့ေပါ့ပါးပါးနဲ႔ လုံၿခဳံတဲ့ဖက္ရွင္မ်ိဳးကို ေ႐ြးခ်ယ္ဝတ္ဆင္လာတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ သူမရဲ႕ ဖက္ရွင္ကို အံ့ၾသေနခ်ိန္မွာမွ သူမ လုပ္ျပလိုက္တဲ့ လုပ္ရပ္က အေတာ္ေလးကို ၾကည့္ရဆိုးသြားေစတယ္လို႔ အြန္လိုင္းအသုံးျပဳသူ အခ်ိဳ႕က ေဝဖန္ထားၾကတာ ျဖစ္ပါတယ္။

အဲဒီလိုမ်ိဳးေဝဖန္မႈေတြ၊ အျပစ္တင္မႈေတြထြက္ရွိလာတဲ့ေနာက္မွာေတာ့ HyunA ဟာ သူမရဲ႕ အင္စတာဂရမ္ကေန Live လႊင့္ၿပီး ထိုေဝဖန္ခ်က္ေတြနဲ႔ ပတ္သတ္ကာ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ သူမ ေျပာခဲ့တာကေတာ့ ထိုပြဲမွာတုန္းကရွိတဲ့ ပရိသတ္ေတြဟာ သူမရဲ႕ေဖ်ာ္ေျဖတင္ဆက္မႈေၾကာင့္ ေပ်ာ္႐ႊင္ေနခဲ့ၾကတဲ့အတြက္ သူမအေနနဲ႔ ေဝဖန္မႈေတြ၊ အျပစ္တင္ေျပာဆိုမႈေတြကို မစိုးရိမ္ေၾကာင္း ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြကို ပြဲဆူေစခဲ့တဲ့ HyunA ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈ

 

HyunA ကေတာ့ အရင္တုန္းကအတိုင္း ေဝဖန္မႈေတြ၊ အျပစ္တင္ေျပာဆိုမႈေတြကို သိပ္ၿပီးအာ႐ုံမစိုက္ပဲ သူမ လုပ္စရာရွိတာကို အေကာင္းဆုံးလုပ္ေဆာင္ေနဆဲပါပဲ။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

သီချင်းဆိုနေရင်းနဲ့ စကဒ်လှန်ပြလိုက်တာကြောင့် အပြစ်တင်ဝေဖန်ခံခဲ့ရတဲ့ HyunA

K-pop လောကရဲ့ Sexy Queen လို့ သတ်မှတ်တင်စားခံထားရတဲ့ HyunA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ပွဲတော်တစ်ခုမှာ ပါဝင်တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ ထိုပွဲမှာ သူမဟာ သူမရဲ့ နာမည်ကျော်ဟစ်သီချင်းအချို့ကို သီဆိုခဲ့ကာ ထိုသီချင်းတွေထဲမှာ သူမရဲ့ အမှတ်အသားသီချင်းလို့ဆိုရလောက်တဲ့ “Bubble Pop” သီချင်းလည်း ပါဝင်ခဲ့ပါတယ်။

ထို “Bubble Pop” ကို သီချင်းကို သီဆိုဖျော်ဖြေနေတဲ့ အချိန်အတွင်းမှာပဲ သူမ ပြုလုပ်လိုက်တဲ့လုပ်ရပ်တစ်ခုဟာ အွန်လိုင်းအသုံးပြုသူ ကိုရီးယားလူမျိုးတွေအကြားမှာ အတော်လေးကို ပွဲဆူလို့သွားခဲ့ပြီး ပြစ်တင်ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆက်စီကျတဲ့ကကွက်တွေနဲ့ တင်ဆက်ဖျော်ဖြေလေ့ရှိတဲ့ သူမအတွက်ကတော့ ဒီလိုမျိုးပွဲဆူစေတဲ့အဖြစ်က သိပ်တော့မဆန်းဘူးလို့ ဆိုလို့ရပါတယ်။

ဒီလိုမျိုးပွဲဆူစေပြီး ဝေဖန်မှုတွေများစွာကို ရရှိစေခဲ့တဲ့ လုပ်ရပ်ကတော့ တခြားမဟုတ်ပါဘူး။ ပရိသတ်တွေကို ကျောပေးပြီး သူမ ဝတ်ထားတဲ့စကဒ်အတိုအမဲရောင်ကို ဆွဲတင်လှန်ပြလိုက်တာပါပဲ။

အရင်တုန်းက ဖျော်ဖြေခဲ့တဲ့ပွဲတွေမှာဆိုရင် ဆွဲဆောင်မှုပြင်းတဲ့အဝတ်အစားမျိုးတွေကိုဝတ်ဆင်ပြီး ဖျော်ဖြေလေ့ရှိတဲ့သူမဟာ ထိုတက္ကသိုလ်ပွဲတော်မှာတော့ အရင်တုန်းကပုံစံမျိုးနဲ့မတူပဲ ပေါ့ပေါ့ပါးပါးနဲ့ လုံခြုံတဲ့ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်လာတာကြောင့် ပရိသတ်တွေအနေနဲ့ သူမရဲ့ ဖက်ရှင်ကို အံ့သြနေချိန်မှာမှ သူမ လုပ်ပြလိုက်တဲ့ လုပ်ရပ်က အတော်လေးကို ကြည့်ရဆိုးသွားစေတယ်လို့ အွန်လိုင်းအသုံးပြုသူ အချို့က ဝေဖန်ထားကြတာ ဖြစ်ပါတယ်။

အဲဒီလိုမျိုးဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေထွက်ရှိလာတဲ့နောက်မှာတော့ HyunA ဟာ သူမရဲ့ အင်စတာဂရမ်ကနေ Live လွှင့်ပြီး ထိုဝေဖန်ချက်တွေနဲ့ ပတ်သတ်ကာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သူမ ပြောခဲ့တာကတော့ ထိုပွဲမှာတုန်းကရှိတဲ့ ပရိသတ်တွေဟာ သူမရဲ့ဖျော်ဖြေတင်ဆက်မှုကြောင့် ပျော်ရွှင်နေခဲ့ကြတဲ့အတွက် သူမအနေနဲ့ ဝေဖန်မှုတွေ၊ အပြစ်တင်ပြောဆိုမှုတွေကို မစိုးရိမ်ကြောင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကို ပွဲဆူစေခဲ့တဲ့ HyunA ရဲ့ ဖျော်ဖြေတင်ဆက်မှု

HyunA ကတော့ အရင်တုန်းကအတိုင်း ဝေဖန်မှုတွေ၊ အပြစ်တင်ပြောဆိုမှုတွေကို သိပ်ပြီးအာရုံမစိုက်ပဲ သူမ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နေဆဲပါပဲ။

Credit : momolay

LEAVE A REPLY