Zawgyi ျဖင့္ဖတ္ရန္

Miyurin အမည္ရတဲ့ အင္တာနက္ေပၚမွာ နာမည္ႀကီးေနတဲ့ ဂ်ပန္ ဆယ္လီတစ္ဦးဟာ ေတာင္ကိုးရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ကို သြားေရာက္လည္ပတ္ရင္း လမ္းမလယ္ေခါင္မွာ အၾကမ္းဖက္ခံလိုက္ရပါတယ္။

အျဖစ္အပ်က္ေတာ့ ဆိုးလ္ၿမိဳ႕၊ Hong Dae တစ္ေနရာရွိ လမ္းမထက္မွာ ျဖစ္ပြားခဲ့တာပါ။ Miyurin လမ္းမမွာ သူငယ္ခ်င္းနဲ႔ လည္ပတ္ေနတုန္း အမ်ိဳးသားတစ္ဦးက အနားကိုေရာက္လာၿပီး ေျခေထာက္နဲ႔ ကန္ေက်ာက္ကာ ႐ိုက္ႏွက္ခဲ့ပါတယ္။

 

အဆိုပါအမ်ိဳးသား ပါးစပ္ကေနၿပီး Miyurin ကို ‘ကိုးရီးယားကေန ထြက္သြားဖို႔’ ေျပာေနခဲ့ပါတယ္။ Miyurin သူငယ္ခ်င္းက အျဖစ္အပ်က္ကို ဗြီဒီယို႐ိုက္ၿပီး လူမႈကြန္ယက္ တြစ္တာမွာ တင္လိုက္တဲ့အခါ ကမာၻလွည့္ခရီးသြားေတြအေနနဲ႔ ကိုးရီးယားဟာ မလုံၿခဳံေတာ့တဲ့ ေနရာတစ္ခုလားဆိုၿပီး ေမးခြန္းထုတ္စရာေတြ ျဖစ္လာပါၿပီ။

သူမကို ကိုးရီးယား လူလတ္ပိုင္း အမ်ိဳးသားတစ္ဦးက အၾကမ္းဖက္တိုက္ခိုက္ခဲ့တဲ့ အေၾကာင္း တြစ္တာမွတစ္ဆင့္ ျပန္လည္အသိေပးထားပါတယ္။

 

လက္ရွိမွာ ကိုးရီးယား-ဂ်ပန္ ႏွစ္ႏိုင္ငံၾကား trade war ျဖစ္ေနတာေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးက တင္းမာတဲ့အေျခအေနမွာ ေရာက္ရွိေနတယ္လို႔ဆိုရမွာပါ။ ေတာင္ကိုးရီးယားဟာ ဒုတိယ ကမာၻစစ္အေတာအတြင္း ဂ်ပန္လက္ေအာက္ သူ႔ကြၽန္ဘဝအျဖစ္ ၃၅ ႏွစ္တိတိက်ေရာက္ခဲ့ဖူးပါတယ္။ကိုးရီးယားေတြ ဂ်ပန္ကို ေသမလိုမုန္းတဲ့ ဒီအၿငိဳးေတြက က်န္ရွိေနေသးပုံပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကိုးရီးယား လမ်းမလယ်ခေါင်မှာ အကြမ်းဖက်ခံလိုက်ရတဲ့ ဂျပန်ဆယ်လီမိန်းကလေး

Miyurin အမည်ရတဲ့ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဂျပန် ဆယ်လီတစ်ဦးဟာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်လည်ပတ်ရင်း လမ်းမလယ်ခေါင်မှာ အကြမ်းဖက်ခံလိုက်ရပါတယ်။

အဖြစ်အပျက်တော့ ဆိုးလ်မြို့၊ Hong Dae တစ်နေရာရှိ လမ်းမထက်မှာ ဖြစ်ပွားခဲ့တာပါ။ Miyurin လမ်းမမှာ သူငယ်ချင်းနဲ့ လည်ပတ်နေတုန်း အမျိုးသားတစ်ဦးက အနားကိုရောက်လာပြီး ခြေထောက်နဲ့ ကန်ကျောက်ကာ ရိုက်နှက်ခဲ့ပါတယ်။

အဆိုပါအမျိုးသား ပါးစပ်ကနေပြီး Miyurin ကို ‘ကိုးရီးယားကနေ ထွက်သွားဖို့’ ပြောနေခဲ့ပါတယ်။ Miyurin သူငယ်ချင်းက အဖြစ်အပျက်ကို ဗွီဒီယိုရိုက်ပြီး လူမှုကွန်ယက် တွစ်တာမှာ တင်လိုက်တဲ့အခါ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ကိုးရီးယားဟာ မလုံခြုံတော့တဲ့ နေရာတစ်ခုလားဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါပြီ။

သူမကို ကိုးရီးယား လူလတ်ပိုင်း အမျိုးသားတစ်ဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အကြောင်း တွစ်တာမှတစ်ဆင့် ပြန်လည်အသိပေးထားပါတယ်။

လက်ရှိမှာ ကိုးရီးယား-ဂျပန် နှစ်နိုင်ငံကြား trade war ဖြစ်နေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးက တင်းမာတဲ့အခြေအနေမှာ ရောက်ရှိနေတယ်လို့ဆိုရမှာပါ။ တောင်ကိုးရီးယားဟာ ဒုတိယ ကမ္ဘာစစ်အတောအတွင်း ဂျပန်လက်အောက် သူ့ကျွန်ဘဝအဖြစ် ၃၅ နှစ်တိတိကျရောက်ခဲ့ဖူးပါတယ်။ကိုးရီးယားတွေ ဂျပန်ကို သေမလိုမုန်းတဲ့ ဒီအငြိုးတွေက ကျန်ရှိနေသေးပုံပါပဲ။

Credit : popolay

LEAVE A REPLY