Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္ အႏုပညာရွင္စုံတြဲေတြထဲက တစ္တြဲအပါအဝင္ျဖစ္တဲ့ မင္းသား Ki Tae Young နဲ႔ မင္းသမီး Eugene တို႔ ဇနီးေမာင္ႏွံဟာ အခုဆိုရင္ သမီးေလး ၂ ေယာက္ကို ပိုင္ဆိုင္ရရွိထားၾကၿပီး သမီးငယ္ေလးကိုဆိုရင္ ပရိသတ္ေတြအေရွ႕ထုတ္ျပခဲ့တာ သိပ္မၾကာေသးပါဘူး။ သမီးအႀကီးေလးျဖစ္တဲ့ Rohee ကိုေတာ့ The Return of Superman ရဲ႕ ပရိသတ္ေတြက ရင္းႏွီးၿပီးသားျဖစ္ၾကပါတယ္။

သမီး ၂ ေယာက္ကို ပိုင္ဆိုင္ရရွိထားတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ မိသားစုအေပၚထားရွိတဲ့ အခ်စ္နဲ႔ တတိယေျမာက္ရင္ေသြးေလးယူမယ့္အေၾကာင္းကို Ki Tae Young က ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟေျပာျပခဲ့ပါတယ္။

 

Ki Tae Young ရဲ႕ ဇနီးျဖစ္သူ Eugene ဟာ သမီးအႀကီးေလး Rohee နဲ႔အတူ “What Is Studying?” ဆိုတဲ့ အစီအစဥ္မွာပါဝင္ခဲ့ၿပီး ထိုအစီအစဥ္႐ိုက္ကူးစဥ္အခ်ိန္တုန္းကဆိုရင္ Rohee ေလးရဲ႕ အိုင္က်ဴဟာ ၁၂၇ ရွိတယ္လို႔ သိရပါတယ္။ အိုင္က်ဴ ၁၂၇ ဆိုတာဟာ သူမတို႔အ႐ြယ္ တျခားကေလးေတြနဲ႔ယွဥ္ရင္ အေတာ္ေလးကို ဉာဏ္ရည္ျမင့္မားတဲ့အတိုင္းအတာ ျဖစ္ပါတယ္။

သမီးျဖစ္သူရဲ႕ဉာဏ္ရည္ျမင့္မားမႈနဲ႔ ပတ္သတ္ၿပီးေမးျမန္းခဲ့ရာမွာေတာ့ Ki Tae Young က သူ႔အေနနဲ႔ ထိုဉာဏ္ရည္စမ္းသပ္မႈေတြကို အေရးႀကီးတယ္လို႔ မထင္မိေၾကာင္း၊ ဒါေပမယ့္လည္း သမီးျဖစ္သူက စကားေျပာရာမွာ သူ႔ထက္ အရမ္းေတာ္ေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လတုန္းကမွ ေမြးဖြားခဲ့တဲ့ သမီးအငယ္ေလး Lorin နဲ႔ ပတ္သတ္ၿပီးေျပာခဲ့ရာမွာေတာ့ “ကြၽန္ေတာ္တို႔ရဲ႕ သမီးအငယ္ေလးက အရမ္းလွတာဗ်။ သားနဲ႔ သမီးက သိပ္ၿပီးကြာျခားတယ္လို႔ ကြၽန္ေတာ္တို႔ကေတာ့ မျမင္မိပါဘူး။ သူတို႔ေတြအတြက္ ညီမေလးတစ္ေယာက္ ထပ္ယူေပးရင္ေကာင္းမလားပဲ။ အခု သမီး ၂ ေယာက္ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အက်င့္ေတြ လုံးဝကြာျခားၾကပါတယ္” လို႔ဆိုကာ ေျပာခဲ့တာ ျဖစ္ပါတယ္။

တတိယေျမာက္ရင္ေသြးေလး ထပ္ယူျဖစ္ဦးမလားလို႔ ေမးခဲ့ရာမွာေတာ့ Ki Tae Young က ခ်က္ခ်င္းပဲ “ကြၽန္ေတာ္ကေတာ့ တကယ္လိုခ်င္ပါတယ္။ အပြင့္လင္းဆုံးေျပာရရင္ ေနာက္တစ္ေယာက္ယူဖို႔ဆိုတာက ကြၽန္ေတာ္တစ္ေယာက္တည္း မျဖစ္ဘူးေလ။ ဒီေတာ့ အတိအက်ေတာ့ ေျပာလို႔မရပါဘူး။ ကေလးေမြးၿပီးရင္ေတာ့ ကြၽန္ေတာ္ဘက္က ကူညီေပးႏိုင္တာရွိေပမယ့္ ကိုယ္ဝန္ေဆာင္ကာလကိုက်ေတာ့ ကြၽန္ေတာ့္မိန္းမပဲ ျဖတ္သန္းရတာ။ ဒါေၾကာင့္ ကြၽန္ေတာ္တစ္ေယာက္တည္း ဆုံးျဖတ္လို႔ေတာ့ မရပါဘူး” လို႔ ေျဖဆိုေပးခဲ့ပါတယ္။

ဆက္လက္ၿပီး “ကြၽန္ေတာ္တို႔ ဒီအေၾကာင္းကို ဒီရက္ပိုင္းမွာေျပာျဖစ္ေပမယ့္ (ဇနီးသည္ဆီက) တုံ႔ျပန္မႈေတာ့ သိပ္မရဘူးဗ်။ အမွန္တိုင္းေျပာရမယ္ဆိုရင္ သမီး ၂ ေယာက္ကို ကိုယ္ဝန္ေဆာင္ခဲ့ခ်ိန္တုန္းက ကြၽန္ေတာ့္ဇနီး ေတာ္ေတာ္ကို ပင္ပန္းခဲ့တာ။ ဒုတိယကိုယ္ဝန္ေဆာင္တဲ့အခ်ိန္တုန္းကဆိုရင္ ကိုယ္ဝန္ဆိပ္ေတြတက္ေတာ့ အရမ္းကိုခက္ခဲပင္ပန္းခဲ့တာ။ အဲဒါက အႏၲရာယ္ရွိႏိုင္တယ္ေလ” လို႔ဆိုကာ ဇနီးသည္ရဲ႕ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္တုန္းက ႀကဳံေတြ႕ခဲ့တဲ့ အခက္အခဲေတြကို ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္ သူ႔အေနနဲ႔ တတိယေျမာက္ေလး ရရင္ေတာ့ လိုခ်င္ေပမယ့္လည္း ဇနီးသည္ဘက္ကို ငဲ့ၾကည့္ရတာေၾကာင့္ လတ္တေလာမွာေတာ့ ယူဖို႔အစီအစဥ္မရွိေသးဘူးလို႔ဆိုကာ မိသားစုနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို ဖြင့္ဟေျပာသြားခဲ့တာ ျဖစ္ပါတယ္။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

တတိယမြောက်ရင်သွေးယူဖို့အကြောင်းနဲ့ ပတ်သတ်ပြီး ပြောပြခဲ့တဲ့ Ki Tae Young

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်တဲ့ မင်းသား Ki Tae Young နဲ့ မင်းသမီး Eugene တို့ ဇနီးမောင်နှံဟာ အခုဆိုရင် သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ရရှိထားကြပြီး သမီးငယ်လေးကိုဆိုရင် ပရိသတ်တွေအရှေ့ထုတ်ပြခဲ့တာ သိပ်မကြာသေးပါဘူး။ သမီးအကြီးလေးဖြစ်တဲ့ Rohee ကိုတော့ The Return of Superman ရဲ့ ပရိသတ်တွေက ရင်းနှီးပြီးသားဖြစ်ကြပါတယ်။

သမီး ၂ ယောက်ကို ပိုင်ဆိုင်ရရှိထားတဲ့ ဖခင်တစ်ယောက်အနေနဲ့ မိသားစုအပေါ်ထားရှိတဲ့ အချစ်နဲ့ တတိယမြောက်ရင်သွေးလေးယူမယ့်အကြောင်းကို Ki Tae Young က ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြခဲ့ပါတယ်။

Ki Tae Young ရဲ့ ဇနီးဖြစ်သူ Eugene ဟာ သမီးအကြီးလေး Rohee နဲ့အတူ “What Is Studying?” ဆိုတဲ့ အစီအစဉ်မှာပါဝင်ခဲ့ပြီး ထိုအစီအစဉ်ရိုက်ကူးစဉ်အချိန်တုန်းကဆိုရင် Rohee လေးရဲ့ အိုင်ကျူဟာ ၁၂၇ ရှိတယ်လို့ သိရပါတယ်။ အိုင်ကျူ ၁၂၇ ဆိုတာဟာ သူမတို့အရွယ် တခြားကလေးတွေနဲ့ယှဉ်ရင် အတော်လေးကို ဉာဏ်ရည်မြင့်မားတဲ့အတိုင်းအတာ ဖြစ်ပါတယ်။

သမီးဖြစ်သူရဲ့ဉာဏ်ရည်မြင့်မားမှုနဲ့ ပတ်သတ်ပြီးမေးမြန်းခဲ့ရာမှာတော့ Ki Tae Young က သူ့အနေနဲ့ ထိုဉာဏ်ရည်စမ်းသပ်မှုတွေကို အရေးကြီးတယ်လို့ မထင်မိကြောင်း၊ ဒါပေမယ့်လည်း သမီးဖြစ်သူက စကားပြောရာမှာ သူ့ထက် အရမ်းတော်ကြောင်းကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကမှ မွေးဖွားခဲ့တဲ့ သမီးအငယ်လေး Lorin နဲ့ ပတ်သတ်ပြီးပြောခဲ့ရာမှာတော့ “ကျွန်တော်တို့ရဲ့ သမီးအငယ်လေးက အရမ်းလှတာဗျ။ သားနဲ့ သမီးက သိပ်ပြီးကွာခြားတယ်လို့ ကျွန်တော်တို့ကတော့ မမြင်မိပါဘူး။ သူတို့တွေအတွက် ညီမလေးတစ်ယောက် ထပ်ယူပေးရင်ကောင်းမလားပဲ။ အခု သမီး ၂ ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တွေ လုံးဝကွာခြားကြပါတယ်” လို့ဆိုကာ ပြောခဲ့တာ ဖြစ်ပါတယ်။

တတိယမြောက်ရင်သွေးလေး ထပ်ယူဖြစ်ဦးမလားလို့ မေးခဲ့ရာမှာတော့ Ki Tae Young က ချက်ချင်းပဲ “ကျွန်တော်ကတော့ တကယ်လိုချင်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် နောက်တစ်ယောက်ယူဖို့ဆိုတာက ကျွန်တော်တစ်ယောက်တည်း မဖြစ်ဘူးလေ။ ဒီတော့ အတိအကျတော့ ပြောလို့မရပါဘူး။ ကလေးမွေးပြီးရင်တော့ ကျွန်တော်ဘက်က ကူညီပေးနိုင်တာရှိပေမယ့် ကိုယ်ဝန်ဆောင်ကာလကိုကျတော့ ကျွန်တော့်မိန်းမပဲ ဖြတ်သန်းရတာ။ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့တော့ မရပါဘူး” လို့ ဖြေဆိုပေးခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ဒီအကြောင်းကို ဒီရက်ပိုင်းမှာပြောဖြစ်ပေမယ့် (ဇနီးသည်ဆီက) တုံ့ပြန်မှုတော့ သိပ်မရဘူးဗျ။ အမှန်တိုင်းပြောရမယ်ဆိုရင် သမီး ၂ ယောက်ကို ကိုယ်ဝန်ဆောင်ခဲ့ချိန်တုန်းက ကျွန်တော့်ဇနီး တော်တော်ကို ပင်ပန်းခဲ့တာ။ ဒုတိယကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းကဆိုရင် ကိုယ်ဝန်ဆိပ်တွေတက်တော့ အရမ်းကိုခက်ခဲပင်ပန်းခဲ့တာ။ အဲဒါက အန္တရာယ်ရှိနိုင်တယ်လေ” လို့ဆိုကာ ဇနီးသည်ရဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်တုန်းက ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ တတိယမြောက်လေး ရရင်တော့ လိုချင်ပေမယ့်လည်း ဇနီးသည်ဘက်ကို ငဲ့ကြည့်ရတာကြောင့် လတ်တလောမှာတော့ ယူဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုကာ မိသားစုနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖွင့်ဟပြောသွားခဲ့တာ ဖြစ်ပါတယ်။

Credit : momolay

LEAVE A REPLY