Zawgyi ျဖင့္ဖတ္ရန္

၁၉၈၆ နဲ႔ ၁၉၉၁ ၾကား၊ ေတာင္ကိုးရီးယားႏိုင္ငံ Hwaseong ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ကြင္းဆက္လူသတ္သမား အမႈကို ေတာင္ကိုးရီးယားရဲမ်ားမွ ေဖာ္ထုတ္လိုက္ႏိုင္ၿပီပဲျဖစ္ပါတယ္။

တရားခံဟာ အသက္ ၁၄ ႏွစ္ကေန ၇၁ ႏွစ္ၾကားမွာရွိတဲ့ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္ ေစာ္ကား သတ္ျဖတ္ၿပီး ေနာက္ေဖးလမ္းၾကားနဲ႔ လယ္ကြင္းျပင္ေတြမွာ ခႏၶာကိုယ္ အေလာင္းကို စြန႔္ပစ္ထားခဲ့ပါတယ္။

 

DNA စစ္ေဆးခ်က္အရ တရားခံတစ္ဦးတည္းက ဒီအမႈကို က်ဴးလြန္ထားတယ္ဆိုတာ သိေပမယ့္ ရဲမ်ားက ဘယ္သူဘယ္ဝါဆိုတာ မေဖာ္ႏိုင္ဘဲရွိေနခဲ့ပါတယ္။ ထိုေခတ္အခါက ေဆးပညာဆိုင္ရာ စစ္ေဆးခ်က္ေတြနဲ႔ မ်က္ျမင္သက္ေသေတြ ထုတ္ေဖာ္ေျပာၾကားခ်က္အရ တရားခံဟာ ေသြးအမ်ိဳးအစား O ၊ အရပ္အျမင့္ ၁၇၀ စင္တီမီတာရွည္ၿပီး ညာဘက္ပါးေပၚမွာ အမာ႐ြတ္တစ္ခုရွိတဲ့ အသက္ ၂၀ ဝန္းက်င္ အမ်ိဳးသား တစ္ဦးျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔၊ စက္တင္ဘာ ၁၉ မွာ စီနီယာရဲမႉး Bun Ki Soo က Hwaseong ကြင္းဆက္လူသတ္သမား တရားခံကို ရွာေတြ႕ၿပီျဖစ္ေၾကာင္း အတိအလင္းထုတ္ျပန္ေၾကညာလာပါတယ္။

တရားခံဟာ လက္ရွိမွာ ခယ္မျဖစ္သူကို ေစာ္ကားဖ်က္ဆီးမႈနဲ႔ ေထာင္က်ေနတာပဲျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္မွာ ဇနီးသည္ ေနအိမ္ကေန ထြက္ေျပးၿပီးေနာက္ ခယ္မျဖစ္သူကို ေဆးခတ္ၿပီး အဓမၼျပဳက်င့္ကာ လူသတ္မႈျဖစ္ပြားခဲ့ပါတယ္။

DNA စစ္ေဆးခ်က္အရ ကြင္းဆက္လူသတ္သမားကို ေထာင္ထဲမွာ ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒါဟာ ဆယ္စုႏွစ္သုံးခုလုံး မနားမေန စုံစမ္းခဲ့ရတဲ့ အမႈရွည္ႀကီးျဖစ္တယ္လို႔ ေတာင္ကိုးရီးယားရဲမ်ားက မီဒီယာေတြကို ေျပာၾကားထားပါတယ္။

ဒီအမႈနဲ႔ပတ္သတ္ၿပီး ၂၀၀၃ ခုႏွစ္မွာ ဒါ႐ိုက္တာ Bong Joon-ho က “Memories of Murder” နာမည္နဲ႔ ႐ုပ္ရွင္ကားႀကီး ႐ိုက္ကူးခဲ့ပါေသးတယ္။ စာေရးသူအေနနဲ႔ တရားဥပေဒ စိုးမိုးတဲ့ ေတာင္ကိုးရီးယားႏိုင္ငံကို အားက်ေနမိတာေတာ့ အမွန္ပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

နှစ်ပေါင်း (၃၀) ကျော်ကြာမှ ကွင်းဆက်လူသတ်သမားကိုဖမ်းမိတဲ့ ကိုးရီးယားရဲများရဲ့ ဖြစ်ရပ်

၁၉၈၆ နဲ့ ၁၉၉၁ ကြား၊ တောင်ကိုးရီးယားနိုင်ငံ Hwaseong မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကွင်းဆက်လူသတ်သမား အမှုကို တောင်ကိုးရီးယားရဲများမှ ဖော်ထုတ်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။

တရားခံဟာ အသက် ၁၄ နှစ်ကနေ ၇၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့် စော်ကား သတ်ဖြတ်ပြီး နောက်ဖေးလမ်းကြားနဲ့ လယ်ကွင်းပြင်တွေမှာ ခန္ဓာကိုယ် အလောင်းကို စွန့်ပစ်ထားခဲ့ပါတယ်။

DNA စစ်ဆေးချက်အရ တရားခံတစ်ဦးတည်းက ဒီအမှုကို ကျူးလွန်ထားတယ်ဆိုတာ သိပေမယ့် ရဲများက ဘယ်သူဘယ်ဝါဆိုတာ မဖော်နိုင်ဘဲရှိနေခဲ့ပါတယ်။ ထိုခေတ်အခါက ဆေးပညာဆိုင်ရာ စစ်ဆေးချက်တွေနဲ့ မျက်မြင်သက်သေတွေ ထုတ်ဖော်ပြောကြားချက်အရ တရားခံဟာ သွေးအမျိုးအစား O ၊ အရပ်အမြင့် ၁၇၀ စင်တီမီတာရှည်ပြီး ညာဘက်ပါးပေါ်မှာ အမာရွတ်တစ်ခုရှိတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ စက်တင်ဘာ ၁၉ မှာ စီနီယာရဲမှူး Bun Ki Soo က Hwaseong ကွင်းဆက်လူသတ်သမား တရားခံကို ရှာတွေ့ပြီဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာလာပါတယ်။

တရားခံဟာ လက်ရှိမှာ ခယ်မဖြစ်သူကို စော်ကားဖျက်ဆီးမှုနဲ့ ထောင်ကျနေတာပဲဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဇနီးသည် နေအိမ်ကနေ ထွက်ပြေးပြီးနောက် ခယ်မဖြစ်သူကို ဆေးခတ်ပြီး အဓမ္မပြုကျင့်ကာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

DNA စစ်ဆေးချက်အရ ကွင်းဆက်လူသတ်သမားကို ထောင်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ ဆယ်စုနှစ်သုံးခုလုံး မနားမနေ စုံစမ်းခဲ့ရတဲ့ အမှုရှည်ကြီးဖြစ်တယ်လို့ တောင်ကိုးရီးယားရဲများက မီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ၂၀၀၃ ခုနှစ်မှာ ဒါရိုက်တာ Bong Joon-ho က “Memories of Murder” နာမည်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပါသေးတယ်။ စာရေးသူအနေနဲ့ တရားဥပဒေ စိုးမိုးတဲ့ တောင်ကိုးရီးယားနိုင်ငံကို အားကျနေမိတာတော့ အမှန်ပါပဲ။

Credit : popolay

LEAVE A REPLY