Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုရီးယားရဲ႕ နာမည္ႀကီး မင္းသမီးေခ်ာ Kim Tae Hee ကေတာ့ ျမန္မာပရိသတ္ေတြ ၾကားမွာ ပါ အရမ္းကို နာမည္ႀကီးသူပါ။ အရမ္းလွတဲ့ မင္းသမီးဆိုၿပီး ပရိသတ္ေတြၾကားမွာ တင္မဟုတ္ပဲ ကိုရီးယားအႏုပညာရွင္ေတြ ၾကားမွာ ပါ နာမည္ႀကီးသူပါ။ တကယ္လည္း ျပစ္မ်ိဳးမွဲ႔ မထင္တဲ့ အလွကိုပိုင္ဆိုင္ထားသူပါ။ ခြဲစိတ္ျပဳျပင္မႈ မလုပ္ပဲ ပင္ကိုယ္ လွတဲ့ မင္းသမီးတစ္ေယာက္ပါ။ သူမရဲ႕ တကၠသိုလ္ ေက်ာင္းသူဘဝက ပုံေတြကို ၾကည့္လိုက္ရင္ေတာ့ Kim Tae Hee ရဲ႕ ပင္ကိုယ္အလွကို သိသြားမွာပါ။

ဆိုးလ္အမ်ိဳးသား တကၠသိုလ္ ေက်ာင္းမွာ တက္ေရာက္ခဲ့ဖူးၿပီး လက္ရွိမွာလည္း ဆရာမ တစ္ေယာက္အျဖစ္ တာဝန္ ထမ္းေဆာင္ေနတဲ့ Lee Ji Young က ဗီဒီယိုဖိုင္တစ္ခု တင္ခဲ့ပါတယ္။ ” Kim Tae Hee ေကာလိပ္ ေက်ာင္းသူ ဘ၀ တုန္းက က်မ သတိထားမိတဲ့အရာ..” ဆိုၿပီး ေခါင္းစဥ္ ေပးထားတဲ့ ဗီဒီယိုဖိုင္ပါ။ အဲ့ဒီဗီဒီယိုဖိုင္ထဲမွာ ေကာလိပ္ ေက်ာင္း သူဘ၀ တုန္းက Kim Tae Hee က ဘယ္လို မ်ိဳးျဖစ္ခဲ့လဲ ဆိုတာကို ေျပာျပထားတာပါ။ ” က် မ ဆိုးလ္ တကၠသိုလ္ ေက်ာင္းတက္တုန္းက Kim Tae Hee က က်မ တို႔ စာသင္တဲ့ အေဆာက္အအုံရဲ႕ ေဘးမွာ ဆိုေတာ့ မၾကာခဏ သူမကို ေတြ႕ျဖစ္၊ျမင္ျဖစ္တယ္။ က်မတို႔ ႏွစ္ေယာက္က ရင္းေတာ့ မရင္းႏွီးေပမယ့္ ေက်ာင္း စာၾကည့္ တိုက္မွာေတာ့ အတူတူ စာၾကည့္ခဲ့ဖူးပါတယ္။ က် မေရွ႕ကို ေရာက္ေနတဲ့ အရမ္းလွတဲ့ လူတစ္ေယာက္ကို ျမင္လိုက္တယ္။ ၿပီးမွ ဒါဟာ Kim Tee Hee ဆိုတာကို သိလိုက္တာ။ ေက်ာင္းမွာတုန္းက ဆိုရင္ ေကာင္ေလးေတြၾကား မွာ Kim Tae Hee က နာမည္ႀကီးပဲ ။ေကာင္ေလးေတြက သူ႔ကို ဆိုရင္ လုံး၀ အ႐ူးအမူးပဲ။ ထိပ္ တန္း အႏုပညာရွင္ တစ္ေယာက္မျဖစ္ေသးခင္တုန္းတည္း ေၾကာ္ျငာ မင္းသမီးဘဝတည္းက နာမည္ႀကီးေနတဲ့သူပါ။

 

က်မ တို႔ႏွစ္ေယာက္ အဝတ္ေလွ်ာ္တဲ့ အခန္းမွာ ဆုံခဲ့တုန္းကဆိုရင္ မွန္ထဲက က်မ ပုံကို က်မ ၾကည့္ေနတယ္။ အဲ့ဒီမွာ ပဲ ၾကည့္ေနရင္းနဲ႔ က်မ ပုံက ျပည္ႀကီးငါး႐ုပ္ေပါက္လာတယ္(႐ုပ္ဆိုးလာတယ္လို႔ ေျပာခ်င္)။ ဘာလို႔ အခုလို ႐ုပ္ဆိုး သြားရတာလဲ ဆိုၿပီး စဥ္းစားေနတာ ေနာက္မွ ေအာ္ မွန္ထဲက က်မ ေဘးမွာ Kim Tae Hee ေရာက္လာလို႔ပဲ ..ဆိုၿပီး သေဘာေပါက္သြားေတာ့တယ္။ က်မ မ်က္ႏွာက ႀကီးတဲ့ အထဲမွာ မပါပါဘူး။ ဒါေပမယ့္ Kim Tae Hee မ်က္ႏွာက က်မ မ်က္ႏွာရဲ႕သုံးပုံတစ္ပုံေလာက္ပဲရွိတယ္။ အဲ့ေတာ့ သူ႔မ်က္ႏွာေလးက ဘယ္ေလာက္ေသးလိုက္မလဲ စဥ္းစားသာ ၾကည့္။အဲ့ဒါကိုမွ အဲ့မ်က္ႏွာေလးရဲ႕တစ္ဝက္ေလာက္ကို မ်က္လုံးဝိုင္းဝိုင္းေလးက ေနရာယူထားတယ္။ ၾကည့္ ရတာ အ႐ုပ္မေလးက်ေနတာပဲ။ ေတာ္ေတာလွတယ္….” ဆိုၿပီး တကၠသိုလ္ ေက်ာင္းသူဘဝတည္းက အရမ္းကို လွခဲ့တဲ့ Kim Tae Hee ရဲ႕ အေၾကာင္းကို ျပန္ေျပာျပခဲ့ပါတယ္။

Kim Tae Hee ကေတာ့ အခုဆိုရင္ အသက္ (၃၉)ႏွစ္ရွိပါၿပီ။ မင္းသား Rain နဲ႔ လက္ထပ္ထားပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ (၂၀၁၇)မွာ လက္ထပ္ခဲ့တာပါ။ သူတို႔ရဲ႕ပထမဆုံး သမီးေလးကိုေတာ့ (၂၀၁၇) ေအာက္တိုဘာမွာ ေမြးဖြားခဲ့တာပါ။ ဒုတိယေျမာက္ သမီးေလးကိုေတာ့ (၂၀၁၉)စက္တင္ဘာ (၁၉) မွာ ေမြးဖြားခဲ့ပါတယ္။ (၂၀၁၅) တည္းက ႐ုပ္ရွင္ ၊ ဒရမ္မာ ဇာတ္ကားေတြ မ႐ိုက္ေတာ့တဲ့ Kim Tae Hee ကေတာ့ မၾကာခင္မွာ အလုပ္ေတြကို အျမန္ဆုံး ျပန္လည္ လုပ္ကိုင္သြားမယ္လို႔လည္း ဒုတိယကေလး ေမြးတဲ့ အေၾကာင္း ေၾကညာ ခ်ိန္မွာပဲ သူမရဲ႕ ေအဂ်င္စီက အလုပ္ေတြ ျပန္လုပ္မယ့္ အေၾကာင္းကိုပါ ထည့္သြင္း ေၾကညာသြားခဲ့ပါတယ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

အတန်းဖော်တစ်ယောက် ပြောတဲ့ Kim Tae Hee တက္ကသိုလ်ကျောင်းသူဘဝက ပုံစံ

တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီးချော Kim Tae Hee ကတော့ မြန်မာပရိသတ်တွေ ကြားမှာ ပါ အရမ်းကို နာမည်ကြီးသူပါ။ အရမ်းလှတဲ့ မင်းသမီးဆိုပြီး ပရိသတ်တွေကြားမှာ တင်မဟုတ်ပဲ ကိုရီးယားအနုပညာရှင်တွေ ကြားမှာ ပါ နာမည်ကြီးသူပါ။ တကယ်လည်း ပြစ်မျိုးမှဲ့ မထင်တဲ့ အလှကိုပိုင်ဆိုင်ထားသူပါ။ ခွဲစိတ်ပြုပြင်မှု မလုပ်ပဲ ပင်ကိုယ် လှတဲ့ မင်းသမီးတစ်ယောက်ပါ။ သူမရဲ့ တက္ကသိုလ် ကျောင်းသူဘဝက ပုံတွေကို ကြည့်လိုက်ရင်တော့ Kim Tae Hee ရဲ့ ပင်ကိုယ်အလှကို သိသွားမှာပါ။

ဆိုးလ်အမျိုးသား တက္ကသိုလ် ကျောင်းမှာ တက်ရောက်ခဲ့ဖူးပြီး လက်ရှိမှာလည်း ဆရာမ တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Lee Ji Young က ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပါတယ်။ ” Kim Tae Hee ကောလိပ် ကျောင်းသူ ဘ၀ တုန်းက ကျမ သတိထားမိတဲ့အရာ..” ဆိုပြီး ခေါင်းစဉ် ပေးထားတဲ့ ဗီဒီယိုဖိုင်ပါ။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ ကောလိပ် ကျောင်း သူဘ၀ တုန်းက Kim Tae Hee က ဘယ်လို မျိုးဖြစ်ခဲ့လဲ ဆိုတာကို ပြောပြထားတာပါ။ ” ကျ မ ဆိုးလ် တက္ကသိုလ် ကျောင်းတက်တုန်းက Kim Tae Hee က ကျမ တို့ စာသင်တဲ့ အဆောက်အအုံရဲ့ ဘေးမှာ ဆိုတော့ မကြာခဏ သူမကို တွေ့ဖြစ်၊မြင်ဖြစ်တယ်။ ကျမတို့ နှစ်ယောက်က ရင်းတော့ မရင်းနှီးပေမယ့် ကျောင်း စာကြည့် တိုက်မှာတော့ အတူတူ စာကြည့်ခဲ့ဖူးပါတယ်။ ကျ မရှေ့ကို ရောက်နေတဲ့ အရမ်းလှတဲ့ လူတစ်ယောက်ကို မြင်လိုက်တယ်။ ပြီးမှ ဒါဟာ Kim Tee Hee ဆိုတာကို သိလိုက်တာ။ ကျောင်းမှာတုန်းက ဆိုရင် ကောင်လေးတွေကြား မှာ Kim Tae Hee က နာမည်ကြီးပဲ ။ကောင်လေးတွေက သူ့ကို ဆိုရင် လုံး၀ အရူးအမူးပဲ။ ထိပ် တန်း အနုပညာရှင် တစ်ယောက်မဖြစ်သေးခင်တုန်းတည်း ကြော်ငြာ မင်းသမီးဘဝတည်းက နာမည်ကြီးနေတဲ့သူပါ။

ကျမ တို့နှစ်ယောက် အဝတ်လျှော်တဲ့ အခန်းမှာ ဆုံခဲ့တုန်းကဆိုရင် မှန်ထဲက ကျမ ပုံကို ကျမ ကြည့်နေတယ်။ အဲ့ဒီမှာ ပဲ ကြည့်နေရင်းနဲ့ ကျမ ပုံက ပြည်ကြီးငါးရုပ်ပေါက်လာတယ်(ရုပ်ဆိုးလာတယ်လို့ ပြောချင်)။ ဘာလို့ အခုလို ရုပ်ဆိုး သွားရတာလဲ ဆိုပြီး စဉ်းစားနေတာ နောက်မှ အော် မှန်ထဲက ကျမ ဘေးမှာ Kim Tae Hee ရောက်လာလို့ပဲ ..ဆိုပြီး သဘောပေါက်သွားတော့တယ်။ ကျမ မျက်နှာက ကြီးတဲ့ အထဲမှာ မပါပါဘူး။ ဒါပေမယ့် Kim Tae Hee မျက်နှာက ကျမ မျက်နှာရဲ့သုံးပုံတစ်ပုံလောက်ပဲရှိတယ်။ အဲ့တော့ သူ့မျက်နှာလေးက ဘယ်လောက်သေးလိုက်မလဲ စဉ်းစားသာ ကြည့်။အဲ့ဒါကိုမှ အဲ့မျက်နှာလေးရဲ့တစ်ဝက်လောက်ကို မျက်လုံးဝိုင်းဝိုင်းလေးက နေရာယူထားတယ်။ ကြည့် ရတာ အရုပ်မလေးကျနေတာပဲ။ တော်တောလှတယ်….” ဆိုပြီး တက္ကသိုလ် ကျောင်းသူဘဝတည်းက အရမ်းကို လှခဲ့တဲ့ Kim Tae Hee ရဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

Kim Tae Hee ကတော့ အခုဆိုရင် အသက် (၃၉)နှစ်ရှိပါပြီ။ မင်းသား Rain နဲ့ လက်ထပ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ (၂၀၁၇)မှာ လက်ထပ်ခဲ့တာပါ။ သူတို့ရဲ့ပထမဆုံး သမီးလေးကိုတော့ (၂၀၁၇) အောက်တိုဘာမှာ မွေးဖွားခဲ့တာပါ။ ဒုတိယမြောက် သမီးလေးကိုတော့ (၂၀၁၉)စက်တင်ဘာ (၁၉) မှာ မွေးဖွားခဲ့ပါတယ်။ (၂၀၁၅) တည်းက ရုပ်ရှင် ၊ ဒရမ်မာ ဇာတ်ကားတွေ မရိုက်တော့တဲ့ Kim Tae Hee ကတော့ မကြာခင်မှာ အလုပ်တွေကို အမြန်ဆုံး ပြန်လည် လုပ်ကိုင်သွားမယ်လို့လည်း ဒုတိယကလေး မွေးတဲ့ အကြောင်း ကြေညာ ချိန်မှာပဲ သူမရဲ့ အေဂျင်စီက အလုပ်တွေ ပြန်လုပ်မယ့် အကြောင်းကိုပါ ထည့်သွင်း ကြေညာသွားခဲ့ပါတယ်။

Credit : Aunty may

LEAVE A REPLY