Zawgyi ျဖင့္ဖတ္ရန္

 

ခင္ပိုးပန္းခ်ီေလး ဟာ ပထမတန္းကေနစပီး ဆို၊က၊ေရး၊တီး ၿပိဳင္ပြဲ(၁၅) ႀကိမ္ေျမာက္ကစတင္ယွဥ္ၿပိဳင္ခဲ့ၿပီး( ၂၂) ႀကိမ္ေျမာက္ထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့သူေလးျဖစ္ပါတယ္။ သူမ ဟာဆုတံဆိပ္ေပါင္း (၂၃)ခုရရွိခဲ့ၿပီး ေ႐ႊတံဆိပ္၈ဆု ၊ ေငြတံဆိပ္ (၁၄)ဆု နဲ႔ ေၾကးတံဆိပ္ (၁)ဆု တို႔ရရွိခဲ့ပါတယ္ ။ ဂီတတံခါးေလးဖြင့္ပါဦးဆိုတဲ့႐ုပ္သံအစီအစဥ္အျပင္ တျခားေက်ာ္ၾကားခဲ့တဲ့ ၾကယ္ကေလးေတြရဲ႕မိုးေကာင္းကင္ဆိုတဲ့ ကေလးေတးသံရွင္ ၿပိဳင္ပြဲေလးမွာလဲ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ပရိသတ္ေတြ အမ်ားဆုံးသိလာတာကေတာ့ ဓမၼေတးေတြကို အသံခ်ိဳခ်ိဳေလးနဲ႔ ဆိုတဲ့သူေလးဆိုၿပီးလူအမ်ားလက္ခံသေဘာက်ခဲ့တာျဖစ္ပါတယ္ ။ ၆တန္းႏွစ္မွာ ျမန္မာသံစဥ္ ေခြတစ္ေခြ ထြက္ရွိခဲ့ပါေသးတယ္။

ခင္ပိုးပန္းခ်ီေလးကေတာ့ ၿပီးခဲ့တဲ့ ၾသကၤန္မွာလည္း ဘန္ေကာက္က ျမန္မာနဲ႔ထိုင္းသံအမတ္ႀကီးအိမ္မွာ ေဖ်ာ္ေျဖဖို႔ ဖိတ္ၾကားခံခဲ့ရသူေလးပဲ ျဖစ္ပါတယ္။ပရိတ္သတ္ေတြအရမ္းသေဘာက်ခဲ့တဲ့ “လိပ္ျပာစံအိမ္” ဇာတ္ကားႀကီးထဲက ဇာတ္ဝင္ေတးသီခ်င္းကိုလည္း ခင္ပိုးပန္းခ်ီေလးကသီဆိုခဲ့ထားတယ္လို႔သိရပါတယ္။တကၠသိုလ္ဝင္စာေမးပြဲႀကီးကို က်ရႈံးခဲ့ေပမယ့္ ျပန္လည္ႀကိဳးစားေနတဲ့ သူေလးပဲ ျဖစ္ပါတယ္။ပရိသတ္ေတြနဲ႔ အဆက္ျပတ္ေနေပမယ့္ TikTok ေလးေတြမွာသူမကိုေတြ႕ရွိေနရတာပဲ ျဖစ္ပါတယ္။

 

႐ုပ္ေခ်ာ႐ုံသာမက အသံပါ ေျပာစရာမရွိတဲ့အျပင္ ျမန္မာသံစဥ္ေတြကိုႏွစ္သက္ပီးျမန္မာအမ်ိဳးသမီးေကာင္းေလး ခင္ပိုးပန္းခ်ီေလးကေတာ့( ၁၄) ရက္ေန႔ဘူခြၽန္း ၿမိဳ႕ ၊ေဆာ့ဂြမ္ဆာ ေက်ာင္းတိုက္မွာ က်င္းပမည့္ ျမန္မာႏိုင္ငံကေန ပင့္ေဆာင္ပူေဇာ္ထားသည့္ တိေလာကမုနိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား(၂၁)ႀကိမ္ေျမာက္ ပူေဇာ္သည့္ ဗုဒၶပူဇနိယပြဲေတာ္ႀကီးမွာ အဆိုေတာ္ ၿဖိဳးျပည့္စုံ ၊ဂ်ဴဝယ္လ္ တို႔နဲ႔အတူ ပါဝင္ ေဖ်ာ္ေျဖရန္ဖိတ္ၾကားခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အသက္ငယ္ငယ္ေလးနဲ႔ ႏိုင္ငံရပ္ျခားအထိ ေအာင္ျမင္ေနတဲ့ ခင္ပိုးပန္းခ်ီအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ကိုရီးယားနိုင်ငံအထိ သွားရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရတဲ့ ခင်ပိုးပန်းချီ

ခင်ပိုးပန်းချီလေး ဟာ ပထမတန်းကနေစပီး ဆို၊က၊ရေး၊တီး ပြိုင်ပွဲ(၁၅) ကြိမ်မြောက်ကစတင်ယှဉ်ပြိုင်ခဲ့ပြီး( ၂၂) ကြိမ်မြောက်ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။ သူမ ဟာဆုတံဆိပ်ပေါင်း (၂၃)ခုရရှိခဲ့ပြီး ရွှေတံဆိပ်၈ဆု ၊ ငွေတံဆိပ် (၁၄)ဆု နဲ့ ကြေးတံဆိပ် (၁)ဆု တို့ရရှိခဲ့ပါတယ် ။ ဂီတတံခါးလေးဖွင့်ပါဦးဆိုတဲ့ရုပ်သံအစီအစဉ်အပြင် တခြားကျော်ကြားခဲ့တဲ့ ကြယ်ကလေးတွေရဲ့မိုးကောင်းကင်ဆိုတဲ့ ကလေးတေးသံရှင် ပြိုင်ပွဲလေးမှာလဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ပရိသတ်တွေ အများဆုံးသိလာတာကတော့ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုတဲ့သူလေးဆိုပြီးလူအများလက်ခံသဘောကျခဲ့တာဖြစ်ပါတယ် ။ ၆တန်းနှစ်မှာ မြန်မာသံစဉ် ခွေတစ်ခွေ ထွက်ရှိခဲ့ပါသေးတယ်။

ခင်ပိုးပန်းချီလေးကတော့ ပြီးခဲ့တဲ့ သြင်္ကန်မှာလည်း ဘန်ကောက်က မြန်မာနဲ့ထိုင်းသံအမတ်ကြီးအိမ်မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရသူလေးပဲ ဖြစ်ပါတယ်။ပရိတ်သတ်တွေအရမ်းသဘောကျခဲ့တဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း ခင်ပိုးပန်းချီလေးကသီဆိုခဲ့ထားတယ်လို့သိရပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျရှုံးခဲ့ပေမယ့် ပြန်လည်ကြိုးစားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေနဲ့ အဆက်ပြတ်နေပေမယ့် TikTok လေးတွေမှာသူမကိုတွေ့ရှိနေရတာပဲ ဖြစ်ပါတယ်။

ရုပ်ချောရုံသာမက အသံပါ ပြောစရာမရှိတဲ့အပြင် မြန်မာသံစဉ်တွေကိုနှစ်သက်ပီးမြန်မာအမျိုးသမီးကောင်းလေး ခင်ပိုးပန်းချီလေးကတော့( ၁၄) ရက်နေ့ဘူချွန်း မြို့ ၊ဆော့ဂွမ်ဆာ ကျောင်းတိုက်မှာ ကျင်းပမည့် မြန်မာနိုင်ငံကနေ ပင့်ဆောင်ပူဇော်ထားသည့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား(၂၁)ကြိမ်မြောက် ပူဇော်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ အဆိုတော် ဖြိုးပြည့်စုံ ၊ဂျူဝယ်လ် တို့နဲ့အတူ ပါဝင် ဖျော်ဖြေရန်ဖိတ်ကြားခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အသက်ငယ်ငယ်လေးနဲ့ နိုင်ငံရပ်ခြားအထိ အောင်မြင်နေတဲ့ ခင်ပိုးပန်းချီအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

share from :burmese.asia

LEAVE A REPLY