Zawgyi ဖြင့်ဖတ်ရန်


(၁) စိတ်ကောက်လိုက်ရင်


(၂) ရစ်လိုက်ရင်


(၃) ဗိုက်ဆာလာရင်



(၅) နေမကောင်းဖြစ်ရင်

Credit:Auntymay

Unicode ဖြင့်ဖတ်ရန်

ကိုကိုတွေကိုချစ်သူတော်ထားတဲ့သူတွေပဲရနိုင်မယ့် အခွင့်အရေး (၅)မျိုး

ကိုကိုတွေဆိုတာ သင် ဆိုးချင်တိုင်းဆိုး၊ အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုကိုတွေက ရင့်ကျက်နေပြီဖြစ်လို့ပါ။ အဲ့ဒါကြောင့် ကိုကိုတွေရဲ့ ဖူးဖူးမှုတ်တာခံနေရတဲ့ကောင်မလေးတွေဆိုတာ ဒီအချက်တွေနဲ့ကိုက်ညီနေမှာပါ။

(၁) စိတ်ကောက်လိုက်ရင်

သင်စိတ်ကောက်လိုက်ရင် ထိုင်ရမလို၊ ထရမလို ဖြစ်နေတတ်တာ ကိုကိုတွေပါ။ ဒါပေမယ့်လည်း သင့်အဲ့လို စိတ်ကောက်အောင်ပဲ လိုက်လိုက်စနေတတ်တာပါ။ သင့်ကိုကိုက သင့်စိတ်ကောက်သွားရင် ဖြစ်သွားတဲ့ ရုပ်လေးကို ချစ်စရာလေးဆိုပြီး သင့်ကိုခဏခဏ စတတ်တယ်။ သင်စိတ်ကောက်သွားရင်လည်းချော့ဖို့ကို အဆင်သင့်ပြင်ထားတတ်သေးတယ်။

(၂) ရစ်လိုက်ရင်

ကိုကိုတွေက ရင့်ကျက်နေတာဖြစ်လို့ သည်းခံတတ်ကြတယ်။ သင့်ရစ်တာကို အမြဲ စိတ်ရှည်ရှည်ထားပြီးချော့ပြောတတ်သေးတာ ကိုကိုတွေပါ။ သင့်ကိုကိုက သင် ရစ်နေရင်လည်း ထိုင်ရီနေတတ်သေးတယ်။ သင် ရစ်နေတာလေးကို ကလေးတစ်ယောက်လိုမြင်နေတာကြောင့် ပြုံးနေတတ်တယ်။

(၃) ဗိုက်ဆာလာရင်

ကိုကိုတွေက အလိုလိုက်ဆုံးပါ။ သင်စားပြီးလို့ ဗိုက်ထပ်ဆာနေရင်လည်း အလိုလိုက်သေးတယ်။ သင့်ဗိုက်ဆာလာရင် သင့်ဘေးမှာ မုန့်တွေရှိနေအောင် အမြဲထားပေးထားတယ်။ အကြောင်းကတော့ သင့်ဗိုက်ဆာလာရင် စားဖို့ဆိုပြီး အလိုက်တသိဝယ်ပေးထားတာပါ။ သင့်စားချင်တာရှိရင်လည်း မတားတတ်ဘူး။ သင့်ကိုကိုက အစားစားနေရရင် ပျော်နေတတ်တဲ့သင့်ကို ကြည့်ပြီး ပျော်နေတတ်လို့ပါ။ ဒီလိုတွေကြောင့် သင်က ဖူးဖူးမူတ်ခံထားရတာပါ။

ကိုကိုတွေက အချွဲခံရတာကို အကြိုက်ဆုံးပါ။ သင့်ကိုကိုလည်း သင်ချွဲလိုက်ရင် အရည်ပျော်ကျသွားမှာပါ။ သင်က သင့်ကိုကို ကို နှုတ်ခမ်းလေးထော်ပြီး ချွဲနေတယ်ဆိုရင် အူးယားလာတတ်ကြတယ်။ သင့်ကိုကိုက သင်ရဲ့ ‘ကိုကိုကလည်း’ ဆိုတဲ့ အသံကိုကြွေနေတာမျိုးပါ။

(၅) နေမကောင်းဖြစ်ရင်
လောကကြီးမှာ ဂရုအစိုက်တတ်ဆုံးက ကိုကိုတွေပါ။ သင့်ကိုကိုက သင်နေမကောင်းဖြစ်ရင် ပျာနေတတ်တယ်။ သင့်ရဲ့ ကျန်းမာရေးကို ဆရာဝန်တစ်ယောက်လို အနားမှာ ပြုစုပေးတယ်။ သင့်ကိုကိုက ဆေးသောက်ဖို့အချိန်တွေ၊ အစားစားရမယ့်အချိန်တွေကိုတောင် လိုက်သတိပေးနေတတ်တယ်။ သင့်ဆီကို နာရီဝက်ခြားတစ်ခါ ဖုန်းဆက်မေးနေတတ်သေးတယ်။ အဲ့လိုမျိုးတွေထိ သင့်ကိုကိုက သင့်ကို ဖူးဖူးမူတ်ထားတာပါ။

Credit:Auntymay

LEAVE A REPLY