Zawgyi ျဖင့္ဖတ္ရန္

အခုေနာက္ပိုင္းမွာ ကိုယ္နဲ႔သက္တူ႐ြယ္တူေတြ ၊ ေမာင္ေလးေတြထက္စာရင္ ကိုယ့္ထက္အသက္ႀကီးတဲ့ ကိုကိုေတြနဲ႔ပဲ ခ်စ္သူျဖစ္ခ်င္ၾကတဲ့မိန္းကေလးေတြ ပိုမ်ားလာပါတယ္ ။ ကိုကိုေတြကိုေတာ့ မိန္းကေလးေတြက အခ်က္ (၅)ခ်က္ေၾကာင့္ေ႐ြးခ်ယ္လာၾကတာပါ ။ ဒီအခ်က္ေလးေတြကေတာ့ ….

၁. ကိုကိုေတြက လုံၿခဳံမႈေပးတယ္

မိန္းကေလးအမ်ားစုက ကိုယ့္ရဲ႕လက္တြဲေဖာ္ကို ကိုယ္မွီခိုအားထားလို႔ရမယ့္သူမ်ိဳးပဲျဖစ္ေစခ်င္ၾကတယ္ ။ သူတို႔ရဲ႕ေန႔စဥ္ဘဝမွာလည္း လုံၿခဳံမႈေပးတဲ့သူမ်ိဳး ၊ အခက္အခဲေတြႀကဳံလာရင္လည္း ေရွ႕ကေန မားမားမတ္မတ္ရပ္တည္ေပးႏိုင္တဲ့ အားကိုးရတဲ့သူမ်ိဳးကိုပဲ ေ႐ြးခ်ယ္ခ်င္ၾကတယ္ ။ ဒီလိုအခ်က္ေတြကို ကိုယ့္ထက္အသက္ႀကီးတဲ့ ကိုကိုေတြမွာပဲေတြ႕ရတတ္တယ္ေလ ။

၂. အေလးအနက္ထားၿပီး ေလးေလးစားစားဆက္ဆံတယ္

မိန္းကေလးေတြဆိုတာ ေၾကကြဲဝမ္းနည္းလြယ္တယ္ ။ သူတို႔နဲ႔ပတ္သတ္တဲ့ အရာေတြအကုန္လုံးကိုလည္း အေလးအနက္ထားေစခ်င္ၾကတယ္ ။ဥပမာ – ေမြးေန႔တို႔ ၊ ခ်စ္သူသက္တမ္းႏွစ္ပတ္လည္တို႔ ။ ဒီလိုအရာေတြကို ေမာင္ေလးေတြက အေသးအမႊားေလးေတြဆိုၿပီး ေမ့ေလ်ာ့ေနတတ္ၾကေပမယ့္ ကိုကိုေတြကေတာ့ အေလးအနက္ထားၿပီး ပန္းစည္းေလးေတြပို႔ေပးတာတို႔ ၊ ခ်စ္သူအတြက္ Suprise လုပ္ေပးတာတို႔နဲ႔ မိန္းကေလးေတြအသည္းကိုသိမ္းပိုက္ႏိုင္ၾကတယ္ ။

၃. ရန္ပြဲေတြကို မရွည္ေစဘူး ၊ အေလ်ာ့ေပးတယ္

မိန္းကေလးေတြခ်စ္သူထားရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ ခ်စ္သူအေပၚႏြဲ႕ဆိုးဆိုးခ်င္တာ ၊ အေခ်ာ့ခံခ်င္တာပါ ။ ဒါ့ေၾကာင့္တစ္ခါတစ္ေလ အေၾကာင္းျပခ်က္ေရေရရာရာမရွိပဲ စိတ္ေကာက္တာတို႔ စိတ္ဆိုးတာတို႔လုပ္တတ္ၾကပါတယ္ ။ ဒီလိုအခါေတြမွာ ေမာင္ေလးေတြက ရစ္တယ္ဆိုၿပီး ျပန္ရန္ရွာတတ္ေပမယ့္ ကိုကိုေတြကေတာ့ ကေလးေလး စိတ္မဆိုးပါနဲ႔ဆိုၿပီး အမ်ိဳးမ်ိဳးစိတ္ေျပေအာင္ေခ်ာ့တတ္ၾကတယ္ေလ ။ ဘယ္လိုကိစၥ ေၾကာင့္ပဲရန္ျဖစ္ျဖစ္ အေလ်ာ့ေပးၿပီး အရင္စေခၚတယ္ ၊ ရန္အၾကာႀကီးျဖစ္ၿပီး စကားမေျပာပဲပစ္မထားတတ္ၾကဘူး ။

၄. ဘဝအာမခံခ်က္ရွိၿပီး ေငြေရးေၾကးေရးလည္းပူစရာမလိုဘူး

ကိုကိုေတြအ႐ြယ္ဆိုတာ အလုပ္နဲ႔အကိုင္နဲ႔အတည္အက် ။ ေမာင္ေလးေတြလိုလည္း ဂိမ္းေတြအရမ္းမေဆာ့ေတာ့ဖို႔ ၊ အလုပ္ေလးအတည္တက်လုပ္ဖို႔ မွာစရာမလိုဘူး ။ ကိုယ္စားခ်င္သမွ်လည္း ဝယ္ေကြၽးၿပီးပူဆာလို႔ရသလို ၊ အခ်ိန္တန္ အိမ္ေထာင္ျပဳဖို႔စဥ္းစားမယ္ဆိုရင္လည္း ေနာက္ဆံတင္းေနစရာမလိုေတာ့ဘူး ။

၅. ရင့္က်က္တဲ့အေတြးအေခၚေတြရွိတယ္

ပညာရွင္ေတြေတြ႕ရွိခ်က္အရ မိန္းကေလးေတြကသက္တူ႐ြယ္တူေယာက္က်ာ္းေလးေတြထက္ပိုေစာၿပီး ရင့္က်က္ၾကတယ္ ။ ဒါ့ေၾကာင့္ကိုယ္နဲ႔႐ြယ္တူ ၊ ငယ္တဲ့သူေတြနဲ႔ ခ်စ္သူျဖစ္ၾကၿပီဆိုရင္ သူတို႔ေလာက္မရင့္က်က္ေသးတဲ့အတြက္ အေတြးအေခၚေတြကလည္း မတူပဲ ၊ ခိုင္မာၿပီးရင့္က်က္တဲ့စုံတြဲတစ္တြဲျဖစ္ဖို႔ဆိုတာ မေသခ်ာပါဘူး ။ ကိုကိုေတြကေတာ့ အေတြ႕အႀကဳံအရေရာ ၊ အသက္အ႐ြယ္အရေရာ ကိုယ္ခံစားေနရတာေတြကို နားလည္ေပးၿပီး ကိုယ့္ရဲ႕အေတြးအျမင္ေတြကိုလည္း နားေထာင္ေပးႏိုင္တယ္ ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္ေအာင္လည္း ကူညီေပးႏိုင္ၾကတယ္ေလ ။

Credit : aunty may

Unicode ဖြင့်ဖတ်ရန်

မိန်းကလေးတွေက ရွယ်တူ/အငယ်တွေထက် ကိုကိုမှကိုကိုဖြစ်နေရတဲ့ အကြောင်းအရင်း (၅)ချက်

အခုနောက်ပိုင်းမှာ ကိုယ်နဲ့သက်တူရွယ်တူတွေ ၊ မောင်လေးတွေထက်စာရင် ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေနဲ့ပဲ ချစ်သူဖြစ်ချင်ကြတဲ့မိန်းကလေးတွေ ပိုများလာပါတယ် ။ ကိုကိုတွေကိုတော့ မိန်းကလေးတွေက အချက် (၅)ချက်ကြောင့်ရွေးချယ်လာကြတာပါ ။ ဒီအချက်လေးတွေကတော့ ….

၁. ကိုကိုတွေက လုံခြုံမှုပေးတယ်

မိန်းကလေးအများစုက ကိုယ့်ရဲ့လက်တွဲဖော်ကို ကိုယ်မှီခိုအားထားလို့ရမယ့်သူမျိုးပဲဖြစ်စေချင်ကြတယ် ။ သူတို့ရဲ့နေ့စဉ်ဘဝမှာလည်း လုံခြုံမှုပေးတဲ့သူမျိုး ၊ အခက်အခဲတွေကြုံလာရင်လည်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ အားကိုးရတဲ့သူမျိုးကိုပဲ ရွေးချယ်ချင်ကြတယ် ။ ဒီလိုအချက်တွေကို ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေမှာပဲတွေ့ရတတ်တယ်လေ ။

၂. အလေးအနက်ထားပြီး လေးလေးစားစားဆက်ဆံတယ်

မိန်းကလေးတွေဆိုတာ ကြေကွဲဝမ်းနည်းလွယ်တယ် ။ သူတို့နဲ့ပတ်သတ်တဲ့ အရာတွေအကုန်လုံးကိုလည်း အလေးအနက်ထားစေချင်ကြတယ် ။ဥပမာ – မွေးနေ့တို့ ၊ ချစ်သူသက်တမ်းနှစ်ပတ်လည်တို့ ။ ဒီလိုအရာတွေကို မောင်လေးတွေက အသေးအမွှားလေးတွေဆိုပြီး မေ့လျော့နေတတ်ကြပေမယ့် ကိုကိုတွေကတော့ အလေးအနက်ထားပြီး ပန်းစည်းလေးတွေပို့ပေးတာတို့ ၊ ချစ်သူအတွက် Suprise လုပ်ပေးတာတို့နဲ့ မိန်းကလေးတွေအသည်းကိုသိမ်းပိုက်နိုင်ကြတယ် ။

၃. ရန်ပွဲတွေကို မရှည်စေဘူး ၊ အလျော့ပေးတယ်

မိန်းကလေးတွေချစ်သူထားရတဲ့ အဓိကအကြောင်းအရင်းကတော့ ချစ်သူအပေါ်နွဲ့ဆိုးဆိုးချင်တာ ၊ အချော့ခံချင်တာပါ ။ ဒါ့ကြောင့်တစ်ခါတစ်လေ အကြောင်းပြချက်ရေရေရာရာမရှိပဲ စိတ်ကောက်တာတို့ စိတ်ဆိုးတာတို့လုပ်တတ်ကြပါတယ် ။ ဒီလိုအခါတွေမှာ မောင်လေးတွေက ရစ်တယ်ဆိုပြီး ပြန်ရန်ရှာတတ်ပေမယ့် ကိုကိုတွေကတော့ ကလေးလေး စိတ်မဆိုးပါနဲ့ဆိုပြီး အမျိုးမျိုးစိတ်ပြေအောင်ချော့တတ်ကြတယ်လေ ။ ဘယ်လိုကိစ္စ ကြောင့်ပဲရန်ဖြစ်ဖြစ် အလျော့ပေးပြီး အရင်စခေါ်တယ် ၊ ရန်အကြာကြီးဖြစ်ပြီး စကားမပြောပဲပစ်မထားတတ်ကြဘူး ။

၄. ဘဝအာမခံချက်ရှိပြီး ငွေရေးကြေးရေးလည်းပူစရာမလိုဘူး

ကိုကိုတွေအရွယ်ဆိုတာ အလုပ်နဲ့အကိုင်နဲ့အတည်အကျ ။ မောင်လေးတွေလိုလည်း ဂိမ်းတွေအရမ်းမဆော့တော့ဖို့ ၊ အလုပ်လေးအတည်တကျလုပ်ဖို့ မှာစရာမလိုဘူး ။ ကိုယ်စားချင်သမျှလည်း ဝယ်ကျွေးပြီးပူဆာလို့ရသလို ၊ အချိန်တန် အိမ်ထောင်ပြုဖို့စဉ်းစားမယ်ဆိုရင်လည်း နောက်ဆံတင်းနေစရာမလိုတော့ဘူး ။

၅. ရင့်ကျက်တဲ့အတွေးအခေါ်တွေရှိတယ်

ပညာရှင်တွေတွေ့ရှိချက်အရ မိန်းကလေးတွေကသက်တူရွယ်တူယောက်ကျာ်းလေးတွေထက်ပိုစောပြီး ရင့်ကျက်ကြတယ် ။ ဒါ့ကြောင့်ကိုယ်နဲ့ရွယ်တူ ၊ ငယ်တဲ့သူတွေနဲ့ ချစ်သူဖြစ်ကြပြီဆိုရင် သူတို့လောက်မရင့်ကျက်သေးတဲ့အတွက် အတွေးအခေါ်တွေကလည်း မတူပဲ ၊ ခိုင်မာပြီးရင့်ကျက်တဲ့စုံတွဲတစ်တွဲဖြစ်ဖို့ဆိုတာ မသေချာပါဘူး ။ ကိုကိုတွေကတော့ အတွေ့အကြုံအရရော ၊ အသက်အရွယ်အရရော ကိုယ်ခံစားနေရတာတွေကို နားလည်ပေးပြီး ကိုယ့်ရဲ့အတွေးအမြင်တွေကိုလည်း နားထောင်ပေးနိုင်တယ် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်လည်း ကူညီပေးနိုင်ကြတယ်လေ ။

Credit : aunty may

LEAVE A REPLY