Zawgyi ျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံရွိ Molin အမည္ရတဲ့ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦးဟာ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာအလုပ္မရႏိုင္ခဲ့ပါဘူး။ သူဟာ နာမည္ႀကီး ႐ုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ Let Me In Thailand Season 3 ကိုသြားေရာက္ၿပီး အကူအညီေတာင္းခံခဲ့ပါတယ္။ ဒီအစီအစဥ္ဟာဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္ရွိေနတဲ့ လူေတြကို ပလက္စတစ္ဆာဂ်ရီလုပ္ေပးၿပီး ကူညီေပးတဲ့ အစီအစဥ္ေကာင္းတစ္ခုပဲျဖစ္ပါတယ္။

Molin ဟာေမြးရာပါ ေမး႐ိုးမညီမညာျဖစ္ၿပီး ညာဘက္ တစ္ျခမ္းကိုေစာင္းေနခဲ့ပါတယ္။ အမ်ားနဲ႔ စကားေျပာတဲ့အခါမ်ိဳးမွာ အဆင္မေျပျဖစ္ေစၿပီး စကားေျပာတဲ့အခါမွာလဲ အခက္အခဲေတြ အမ်ားႀကီးရွိေနခဲ့ပါတယ္။

“ကြၽန္ေတာ့္ ႐ုပ္ရည္က သာမန္လူေတြနဲ႔ ကြဲထြက္ေနတာေၾကာင့္ အလုပ္ေလွ်ာက္တဲ့ေနရာမွာ အခက္အခဲေတြရွိခဲ့ပါတယ္။ လက္ရွိလုပ္ေနတဲ့ စက္႐ုံမွာေတာင္ ေန႔လည္စာ ကြၽန္ေတာ္နဲ႔ စားခ်င္တဲ့လူမရွိတာေၾကာင့္ တစ္ေယာက္တည္းစားရပါတယ္။ ကြၽန္ေတာ့္႐ုပ္ရည္ကို ကြၽန္ေတာ္ကိုယ္တိုင္ပဲ ရွက္မိပါတယ္။ ကြၽန္ေတာ္ အရမ္းလဲ အားငယ္ေနပါတယ္ ဘာလုပ္ရမွန္းမသိေတာ့ပါဘူး။ ” ဆိုၿပီး Let Me In Thailand Season 3 မွာ ေျပာျပလာပါတယ္။

ထိုသို႔ေျပာၿပီးေနာက္ Let Me In Thailand Season 3 မွ ဒိုင္လူႀကီးမ်ားက Molin ကို ကိုးရီးယားပို႔ေဆာင္ေပးၿပီး မ်က္ႏွာခြဲစိတ္ျပဳျပင္ေစခဲ့ပါတယ္။
ေတာင္ကိုးရီးယားရွိ မ်က္ႏွာခြဲစိတ္ ဆရာဝန္မ်ားက Molin ကို ေမး႐ိုးျပဳျပင္ေပး႐ုံသာမက နဖူး၊ မ်က္လုံး၊ ႏွာေခါင္းနဲ႔ အေရျပားအစားထိုးတာမ်ိဳးေတြပါ လုပ္ေပးခဲ့တာေၾကာင့္ အရမ္းကို ၿပီးျပည့္စုံတဲ့ မ်က္ႏွာမ်ိဳး ပိုင္ဆိုင္သြားပါၿပီ။

ခြဲစိတ္ျပဳျပင္ၿပီးေတြ႕ရတဲ့ Molin ဟာဆိုရင္ အရင္က Molin နဲ႔တျခားစီပါပဲ။ သူက Molin လို႔ ေျပာရင္ေတာင္ ဘယ္သူမွယုံေတာ့မယ္ မထင္ပါဘူး။

မ်က္ႏွာခြဲစိတ္ ျပဳျပင္ၿပီး ထိုင္းကိုျပန္လာေတာ့ အေမအရင္းကေတာင္ မမွတ္မိေတာ့ဘဲ ေနာက္မွ Molin မွန္းသိၿပီး ဝမ္းသာလုံးဆို႔ကာ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ခဲ့ရပါတယ္။ အခုဆိုရင္ အရင္ကလို ႐ုပ္ဆိုးတဲ့ Molin မဟုတ္ေတာ့လို႔ လူခ်စ္လူခင္ေပါလာေတာ့မွာအမွန္ပါပဲ။

credit :popolay

Unicode ဖြင့်ဖတ်ရန်

ကိုးရီးယား မျက်နှာခွဲစိတ်ဆရာဝန်ကြောင့် ဘဝပြောင်းသွားတဲ့ ထိုင်းအမျိုးသားတစ်ဦး

ထိုင်းနိုင်ငံရှိ Molin အမည်ရတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် နှစ်ပေါင်းများစွာအလုပ်မရနိုင်ခဲ့ပါဘူး။ သူဟာ နာမည်ကြီး ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Let Me In Thailand Season 3 ကိုသွားရောက်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ဒီအစီအစဉ်ဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတဲ့ လူတွေကို ပလက်စတစ်ဆာဂျရီလုပ်ပေးပြီး ကူညီပေးတဲ့ အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

Molin ဟာမွေးရာပါ မေးရိုးမညီမညာဖြစ်ပြီး ညာဘက် တစ်ခြမ်းကိုစောင်းနေခဲ့ပါတယ်။ အများနဲ့ စကားပြောတဲ့အခါမျိုးမှာ အဆင်မပြေဖြစ်စေပြီး စကားပြောတဲ့အခါမှာလဲ အခက်အခဲတွေ အများကြီးရှိနေခဲ့ပါတယ်။

“ကျွန်တော့် ရုပ်ရည်က သာမန်လူတွေနဲ့ ကွဲထွက်နေတာကြောင့် အလုပ်လျှောက်တဲ့နေရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ လက်ရှိလုပ်နေတဲ့ စက်ရုံမှာတောင် နေ့လည်စာ ကျွန်တော်နဲ့ စားချင်တဲ့လူမရှိတာကြောင့် တစ်ယောက်တည်းစားရပါတယ်။ ကျွန်တော့်ရုပ်ရည်ကို ကျွန်တော်ကိုယ်တိုင်ပဲ ရှက်မိပါတယ်။ ကျွန်တော် အရမ်းလဲ အားငယ်နေပါတယ် ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ” ဆိုပြီး Let Me In Thailand Season 3 မှာ ပြောပြလာပါတယ်။

ထိုသို့ပြောပြီးနောက် Let Me In Thailand Season 3 မှ ဒိုင်လူကြီးများက Molin ကို ကိုးရီးယားပို့ဆောင်ပေးပြီး မျက်နှာခွဲစိတ်ပြုပြင်စေခဲ့ပါတယ်။
တောင်ကိုးရီးယားရှိ မျက်နှာခွဲစိတ် ဆရာဝန်များက Molin ကို မေးရိုးပြုပြင်ပေးရုံသာမက နဖူး၊ မျက်လုံး၊ နှာခေါင်းနဲ့ အရေပြားအစားထိုးတာမျိုးတွေပါ လုပ်ပေးခဲ့တာကြောင့် အရမ်းကို ပြီးပြည့်စုံတဲ့ မျက်နှာမျိုး ပိုင်ဆိုင်သွားပါပြီ။

ခွဲစိတ်ပြုပြင်ပြီးတွေ့ရတဲ့ Molin ဟာဆိုရင် အရင်က Molin နဲ့တခြားစီပါပဲ။ သူက Molin လို့ ပြောရင်တောင် ဘယ်သူမှယုံတော့မယ် မထင်ပါဘူး။

မျက်နှာခွဲစိတ် ပြုပြင်ပြီး ထိုင်းကိုပြန်လာတော့ အမေအရင်းကတောင် မမှတ်မိတော့ဘဲ နောက်မှ Molin မှန်းသိပြီး ဝမ်းသာလုံးဆို့ကာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပါတယ်။ အခုဆိုရင် အရင်ကလို ရုပ်ဆိုးတဲ့ Molin မဟုတ်တော့လို့ လူချစ်လူခင်ပေါလာတော့မှာအမှန်ပါပဲ။

credit :popolay

LEAVE A REPLY