Zawgyi ျဖင့္ဖတ္ရန္

လိပ္ကြၽန္းလူသတ္မႈမွ ေသဒဏ္ခ်ခံထားရေသာ ျမန္မာႏိုင္ငံသား ႏွစ္ဦးႏွင့္ပတ္သက္၍ သက္ညႇာေပးရန္စဥ္းစားေပးေစလိုေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္ဟု သိရသည္။ ထိုင္းႏိုင္ငံတြင္ ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရေသာ ျမန္မာႏိုင္ငံသား ၂ ဦးအား ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကို ေထာက္ထားၿပီး သက္ညႇာေပးရန္စဥ္းစားေပးေစလိုေၾကာင္း၊ တရားဥပေဒႏွင့္အညီ ကူညီေစာင့္ေရွာက္ေပးေစလိုေၾကာင္း” တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားခဲ့ေၾကာင္း တပ္မေတာ္ဘက္မွ သတင္းထုတ္ျပန္သည္။

ၿဗိတိန္လူမ်ိဳးကမာၻလွည့္ခရီးသည္ႏွစ္ဦးအား သတ္ျဖတ္မႈျဖင့္ ေသဒဏ္ခ်မွတ္ခံထားရေသာ ျမန္မာ ေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦး ျဖစ္ေသာ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔၏ အယူခံကို ထိုင္းႏိုင္ငံ၊အျမင့္ဆုံးတရား႐ုံးမွ ၾသဂုတ္ ၂၉ ရက္ေန႔က ပယ္ခ်ထားျခင္းကို ရည္ၫႊန္းေျပာၾကားျခင္း ျဖစ္သည္။ စက္တင္ဘာ ၃ ရက္က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ အစိုးရအိမ္ေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ထိုင္း-ျမန္မာအဆင့္ျမင့္အရာရွိႀကီးမ်ားအဆင့္ အစည္းအေဝးတက္ေရာက္ရန္ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံ၏ သဘာ၀ ေဘးအႏၲရာယ္အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားအား ပိုမိုတိုးတက္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။ ၿပီးခဲ့သည့္ ၂၀၁၄ခုႏွစ္ စက္တင္ဘာလပိုင္းက ၿဗိတိန္ႏိုင္ငံသား အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ထိုင္းႏိုင္ငံရွိ ေကာ့ေတာင္ကြၽန္း(လိပ္ကြၽန္း)၌ အသတ္ခံခဲ့ရၿပီးေနာက္ ေအာက္တိုဘာ ၂ ရက္ေန႔တြင္ ျမန္မာလုပ္သား ႏွစ္ဦးျဖစ္သည့္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ကို ထိုင္းႏိုင္ငံအတြင္း တရားမဝင္ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခဲ့ၿပီး အဓမၼျပဳက်င့္မႈ၊ ပစၥည္းခိုးမႈ၊ လူသတ္မႈမ်ားျဖင့္ တရားစြဲဆိုခဲ့ၿပီး တစ္ႏွစ္ေက်ာ္ၾကာ စစ္ေဆးၿပီးေနာက္ ေကာ့စေမြခ႐ိုင္တရား႐ုံးမွ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလပိုင္းက ေသဒဏ္ ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာလုပ္သား ႏွစ္ဦးသည္ အေစာပိုင္းက က်ဴးလြန္ေၾကာင္းဝန္ခံခဲ့ေသာ္လည္း စစ္ေဆးေမးျမန္းမႈမ်ားေၾကာင့္ ဝန္ခံခဲ့ရျခင္းျဖစ္ၿပီး ၎တို႔ မက်ဴးလြန္ေၾကာင္း ထြက္ဆိုခဲ့ၾကသည္။ ထိုအမႈအတြက္ အယူခံအဆင့္ဆင့္ကို ဝင္ခဲ့ရာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ ၂၉ ရက္ေန႔က ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕၊ ႏြန္ထဘူရီတရား႐ုံးတြင္ စစ္ေဆးၿပီးေနာက္ ေနာက္ဆုံးအယူခံကို ရႈံးနိမ္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ထိုင္းဘုရင္ကို အသနားခံစာတင္ရန္ လုပ္ေဆာင္ေနၾကၿပီး ျမန္မာႏိုင္ငံ အလုပ္သမား ျပည္ေထာင္စုဝန္ႀကီးကလည္း ယင္းသို႔ လုပ္ေဆာင္ရန္ ေျပာဆိုထားေသးသည္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

လိပ်ကျွန်းအမှုမှ မြန်မာနှစ်ဦးအတွက် ထိုင်းဝန်ကြီးချုပ်ကို တပ်ချုပ်တောင်းဆိုပြီ

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးနှင့်ပတ်သက်၍ သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦးအား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလိုကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်သည်။

ဗြိတိန်လူမျိုးကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး ဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အယူခံကို ထိုင်းနိုင်ငံ၊အမြင့်ဆုံးတရားရုံးမှ သြဂုတ် ၂၉ ရက်နေ့က ပယ်ချထားခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။ စက်တင်ဘာ ၃ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အစိုးရအိမ်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ သဘာ၀ ဘေးအန္တရာယ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများအား ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလပိုင်းက ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့တွင် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှုများဖြင့် တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ကော့စမွေခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလပိုင်းက သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦးသည် အစောပိုင်းက ကျူးလွန်ကြောင်းဝန်ခံခဲ့သော်လည်း စစ်ဆေးမေးမြန်းမှုများကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ မကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြသည်။ ထိုအမှုအတွက် အယူခံအဆင့်ဆင့်ကို ဝင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ နွန်ထဘူရီတရားရုံးတွင် စစ်ဆေးပြီးနောက် နောက်ဆုံးအယူခံကို ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုင်းဘုရင်ကို အသနားခံစာတင်ရန် လုပ်ဆောင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား ပြည်ထောင်စုဝန်ကြီးကလည်း ယင်းသို့ လုပ်ဆောင်ရန် ပြောဆိုထားသေးသည်။

share from :burmese.asia

LEAVE A REPLY