Zawgyi ဖြင့်ဖတ်ရန်
Credit : momolay
Unicode ဖြင့်ဖတ်ရန်
လူတွေရဲ့အပူကို မျှဝေခံစားပေးတဲ့ ဇနီးလေးကို အရမ်းချစ်ပြီး ဂုဏ်ယူနေရတဲ့ လင်းလင်း
နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားပြည့်ဝပြီး အများအကျိုး သယ်ပိုးတတ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေ ဇနီးမောင်နှံကို ပရိသတ်တွေက လေးစား အားကျနေရတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး (၅) နှစ်အောက် နှလုံးအပေါက်ပါ ကလေးငယ်များကို ကုသပေးနေတာပဲ ဖြစ်ပါတယ်။
လူတစ်ဖက်သားရဲ့ ခံစားချက်တွေ၊ ဒုက္ခအပူတွေကို မျှဝေခံစားတတ်တဲ့ ချစ်သုဝေက မုန့်ဖက်ထုပ်သည် သားအမိကို တွေ့လိုက်ရပြီး သူမရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို မျှဝေပေးခဲ့တာ တွေ့ရပါတယ်။ ချစ်သုဝေရဲ့ ခံစားချက် စာလေးတွေကို တွေ့လိုက်ရတဲ့ လင်းလင်းက သူ့ရဲ့ဇနီးလေး ချစ်သုဝေအတွက် ဂုဏ်ယူမဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
လင်းလင်းက “ချစ်လိုက်တာ ငါ့မိန်းမရယ်။ လူရဲ့ အပူကို လူတွေခံစားရတယ်,, ခံစားပြီး နိုင်သလောက်မျှဝေရတယ်။ ဒါကိုလူလို့ခေါ်တယ်,, ငါတို့ လူပီသဖို့လိုတယ်။ လူတွေဟာ လူပီသအောင်လဲ အမြဲကြိုးစားနေရမယ်။”
“လူအချင်းချင်း မှားလို့ရတယ် မကောက်ကျစ်ရဘူး။ မှားလို့ရတယ် မယုတ်မာရဘူး။ မှားလို့ရတယ် အောက်တန်းမကျရဘူး။ ဒီမဏ္ဍိုင်ပေါ်မှာ ငါတို့လိပ်ပြာသန့်နေသရွေ့ကျန်တာဘာမှ စောက်ဂရုစိုက်စရာမလို။ သိပ်ဝမ်းသာတယ် မိန်းမရေ။ မင်းကို အရမ်းချစ်တယ်။”
ပရိသတ်တွေရဲ့အပြစ်တင်ဝေဖန်ခြင်းတွေခံနေရတဲ့ Kris Wu ရဲ့ချစ်သူကောင်မလေး
“Lov u Hon ကလေးတွေအတွက်ဘဲ အဓိကထား အလှူလုပ်မယ့် ငါတို့ရည်ရွယ်ချက်တွေလဲ ဒီထပ်ပိုချဲ့ထွင်နိုင်အောင်ကြိုးစားရမယ်ဟေ့… ( စိတ်ထဲမှာတော်တော်အစာမကျေဘူး။ ဗုံးထိပြီး ဆုံးပါးသွားတဲ့ ကလေးနဲ့ သားအမိပုံကြည့်ပြီး အရမ်းတင်းတယ် )
လင်းလင်းနဲ့ ချစ်သုဝေကတော့ တကယ့်ကို စိတ်သဘောထားပြည့်ဝပြီး လူသားချင်းစာနာတတ်တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit : momolay
LEAVE A REPLY