Zawgyi ျဖင့္ဖတ္ရန္

 

အထူးအဆန္းေတြကိုမွစားခ်င္သူမ်ားကေတာ့ အရာသာအသစ္ေတြကိုျမည္းစမ္းၾကည့္ခ်င္ၾကမွာပဲ ။ ပုံမွန္စြဲမက္စရာအစားအစာေတြလည္း အမ်ားႀကီးရွိပါတယ္ ။ ဒါေပမယ့္ သင္ေရာ အထူးအဆန္းေတြကို ျမည္းစမ္းၾကည့္ခ်င္လား ။ ဒါဆိုရင္ေတာ့ အခု ကြၽန္ေတာ္တို႔ေျပာျပမယ့္ အႏၲရာယ္မ်ားၿပီးေသေစႏိုင္တဲ့အစားအေသာက္မ်ားကို ၾကည့္လိုက္ရေအာင္ ။

ဒီအစားအစာေတြဟာ အသားအေသာက္လို႔ေခၚဖို႔ေတာင္ မသင့္ေတာ္ပါဘူး ။ ဒါေပမယ့္လည္းထူးျခားဆန္းျပားတဲ့အရသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဟာ စားေသာက္ဖို႔ေ႐ြးခ်ယ္ေနတုန္းပါပဲ ။ လူအနည္းငယ္ကေတာ့ ဒါေတြကလြဲၿပီးစားစရာမရွိတဲ့အတြက္စားသုံးရတာပါ ။ အစားအေသာက္ ရ မ်ိဳးကို တစ္ခ်က္ေလာက္ၾကည့္လိုက္ၾကရေအာင္ ။

၁. အသည္းကင္ဆာသုပ္

နာမည္ၾကား႐ုံနဲ႔တင္သင္ေအာ္ဂလီဆန္သြားမယ္ဆိုေပမယ့္ ထိုင္းႏိုင္ငံမွာ အေရွ႕ေျမာက္ပိုင္းမွာေတာ့ ၿမိန္ရွည္ယွက္ရည္စားၾကတဲ့အရာတစ္ခုပါပဲ ။ ဒီအစားအစာမွာ ပါဝင္တဲ့အရာေတြကေတာ့ ငါးအသားစိမ္း သံပရာရည္နဲ႔ ဂ႐ုတ္သီးစပ္စပ္ ရယ္ ပ႐ြက္ဆိတ္အနီေတြရယ္ပဲျဖစ္ပါတယ္ ။ ဘာလို႔အသည္းကင္ဆာသုပ္လို႔ေခၚရသလဲဆိုေတာ့ ဒီအစားအစာမွာပါဝင္တဲ့ ပါဝင္ပစၥည္းေတြဟာ အသည္းကင္ဆာ ျဖစ္ႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္းရွိလို႔ပါပဲ ။ အဓိကတရားခံကေတာ့ ငါးအသားေပၚမွာ ရွိေနတဲ့ ကပ္ပါးေကာင္ေတြေၾကာင့္ပါပဲ ။ စားသုံးသူေတြကေတာ့ ထူးျခားတဲ့အရာသာကိုျမည္းစမ္းၾကည့္ခ်င္တာေၾကာင့္ ကပ္ပါးေကာင္ေတြကိုပါစားသုံးေလ့ရွိပါတယ္ ။(႐ြံစရာေကာင္းခ်က္)

၂ .Fagu

ဂ်ပန္ ကိုရီးယားနဲ႔ စင္ကာပူမွာနာမည္ႀကီးတဲ့ ဒီလူသတ္သမားဟင္းလ်ာဟာလည္း တကယ္ေတာ့ ေစ်းအရမ္းႀကီးပါတယ္ ။ ငါးပူတင္းအသားစိမ္းကို လႊာၿပီးေတာ့ ဆာရွိမိအျဖစ္စီမံထားတဲ့ဟင္းလ်ာပါ ။ ငါးအသားကေတာ ့အႏၲရယ္မရွိေပမယ့္

စားသုံးသူေတြအရမ္းႀကိဳက္တဲ့ ငါးပူတင္းအသည္းကေတာ့ Neurotoxin Tetrodotoxin ဆိုတဲ့အဆိပ္ေတြပါဝင္ပါတယ္ ။

၃. ေစာင္းလ်ားသီး

လူေတြ သာမန္စားသုံးေနၾကတဲ့ ေစာင္းလ်ားသီးဟာလည္း အႏၲရယ္မ်ားတဲ့အစားအေသာက္တစ္ခုပါပဲ ။ ေစာင္းလ်ားသီးထဲမွာ Nerotoxin ဆိုတဲ့အဆိပ္ဓါတ္ပါဝင္ပါတယ္ ။ သင္က်န္းမာေရးေကာင္းေနတဲ့အခ်ိန္မွာေတာ ့ခႏၶာကိုယ္က ဒီအဆိပ္ကိုေခ်ဖ်က္ႏိုင္ပါတယ္ ။ ဒါေပမယ့္လည္း သင့္မွာေက်ာက္ကပ္ျပႆနာရွိေနရင္ေတာ့ ေစာင္းလ်ားသီးေဖ်ာ္ရည္တစ္ခြက္ေသာက္ခဲ့မယ္ဆိုရင္ ေအာ့အန္တာ ေျခလက္ထုံက်င္တာ ကေယာင္ေျခာက္ျခားျဖစ္တာနဲ႔ ႂကြက္သားေတြ ေယာင္ယမ္းတာမ်ိဳးခံစားရႏိုင္ပါတယ္ ။

၄. Ackee

ကာေရဗီယန္နဲ႔ အေနာက္အာဖရိကမွာ ေပါမ်ားတဲ့ Ackee အသီးဟာကို ဆားသိပ္ၿပီးျဖစ္ေစ ဝိုင္ျပဳလုပ္ၿပီးျဖစ္ေစ စားသုံးၾကပါတယ္ ။ ၾကည့္ရတာ အဆိပ္အေတာက္ျဖစ္ႏိုင္တဲ့ပုံမေပၚေပမယ့္ အသီးထဲမွာ Hypoglycin A နဲ႔ B ကဲ့သို႔ေသာ အဆိပ္ေတြ ပါဝင္ေနပါတယ္ ။ အဆိပ္ရွိတဲ့အပိုင္းကိုစားမိရင္ေတာ့ ၂ နာရီကေန ၆ နာရီအထိေအာ့အန္တတ္ပါတယ္ ။ ကံမေကာင္းတဲ့အေျခအေနတစ္ခုမွာဆိုရင္ေတာ့ ကေယာင္ကတမ္းေတြျဖစ္ၿပီး ကိုမာဝင္ကာ ေသဆုံးသြားႏိုင္ပါတယ္ ။

၅. Pagpag

Pagpag ဆိုတာကေတာ့ ဖိလစ္ပိုင္အေခၚပါ ။ တကယ္ေတာ့အမႈိက္ပုံးထဲက အစားအေသာက္ေတြကို ျပန္လည္သုံးစြဲထားတဲ့ ဟင္းလ်ာတစ္ခုပါ ။ ဒါကို ဟင္းလို႔ေတာင္ေတြးဖို႔ခက္ေပမယ့္ မနီလာလိုမ်ိဳး တခ်ိဳ႕ဆင္းရဲတဲ့ႏိုင္ငံေတြမွာေတာ့ စားစရာဒီဟင္းပဲရွိပါတယ္ ။ Pagpag ရဲ႕ဆိုလိုရင္းကေတာ့ အမႈိက္မ်ားကိုခါခ်ျခင္းတဲ့… ။

ဆင္းရဲတဲ့ႏိုင္ငံေတြက စားေသာက္ဆိုင္တစ္ခ်ိဳ႕ဟာ စားေသာက္ကုန္ေတြကို အမႈိက္ပုံးေတြ အျမန္စာေရာင္းခ်တဲ့ေနရာမွ လႊင့္ပစ္ပစၥည္းေတြကိုအသုံးျပဳပါတယ္ ။ ဒီအစားအေသာက္ေတြကိုစားသုံးတဲ့အခါမွာ သင္ထင္ထားတဲ့အတိုင္းပဲ ဝမ္းေရာဂါ တိုက္ဖိုက္နဲ႔ အသည္းေရာင္အသားဝါေရာဂါေတြျဖစ္လာႏိုင္ပါတယ္ ။ ဒါေပမယ့္လည္း တခ်ိဳ႕ငတ္ျပတ္ေနတဲ့ လူတန္းစားတစ္ခုအတြက္ေတာ့ ဒီေရာဂါေတြဟာ ၿခိမ္းေျခာက္မႈတစ္ခုမဟုတ္ေတာ့ပါဘူး ။

၆ .Absinthe

ဥေရာပမွာ ၁၉ ရာစုေလာက္က စၿပီး လမ္းေဘးအႏုပညာရွင္ေတြၾကားမွာ နာမည္ေက်ာ္ခဲ့တဲ့ ဒီ Absinthe ဟာ ပုံမွန္မဟုတ္တဲ့အရာေတြကို စိတ္ထဲမွာျမင္ေယာင္လာေစႏိုင္သလို ႐ူးသြပ္မႈ ဂေယာင္ေျခာက္ျခားျဖစ္မႈ နဲ႔ တျခားစိတ္ပိုင္းဆိုင္ရာျပႆနာေတြလည္းျဖစ္ေပၚေစႏိုင္ပါတယ္ ။

သိပၸံနည္းက်စစ္ေဆးမႈအရေတာ့ ဒီ အစိမ္းေရာင္ ယမကာဟာ လူအေပၚမွာ အဲ့ဒီေလာက္အက်ိဳးသက္ေရာက္မရွိဘူးလို႔ေျပာပါတယ္ ။ျမင္ခ်င္ရာျမင္တာဟာ အရက္ရဲ႕ သက္ေရာက္မႈေၾကာင့္လို႔ အေျဖထုတ္ထားပါတယ္ ။ဒါေပမယ့္လည္း တျခားေလ့လာမႈေတြအရ Absinthe ယမကာဟာ အာ႐ုံေၾကာဆဲလ္ေတြအေပၚမွာ ျပင္းထန္တဲ့သက္ေရာက္မႈရွိတယ္လို႔ သိရွိထားရပါတယ္ ။

၇ .ပီေလာပီနံ

ပီေလာပီနံဟာ ကမာၻ႔လူဦးေရ ၅၀၀ မီလ်ံေလာက္ရဲ႕ အဓိကအစားအစာျဖစ္ပါတယ္ ။ ဒီတစ္ပင္လုံးစားေသာက္ႏိုင္တဲ့အပင္ကို အေမရိက အာရွနဲ႔ အာဖရိကေတြမွာေတြ႕ႏိုင္ပါတယ္ ။ ကိတ္မုန႔္ဖုတ္တဲ့ေနရာမွာလည္း ထည့္သြင္းအသုံးျပဳၾကပါေသးတယ္ ။ သို႔ေသာ္လည္း သူ႔မွာလည္း ဆိုးက်ိဳးရွိပါတယ္ ။

ဘာေၾကာင့္လဲဆိုေတာ့ ပီေလာပီနံရဲ႕ အျမစ္နဲ႔ အ႐ြက္ေတြဟာ ေသေစႏိုင္ေလာက္တဲ့ ဆိုင္ရာႏိုက္အဆိပ္ကို ပါဝင္ေနတဲ့အတြက္ပါပဲ ။ အႏၲရယ္ကင္းစြာစားေသာက္ႏိုင္ဖို႔အတြက္ ေသခ်ာေဆးေၾကာသန႔္စင္မႈျပဳလုပ္ရပါမယ္ ။ မဟုတ္ပဲ အႏၲရယ္ရွိတဲ့ပီေလာပီနံကိုစားမိရင္ေတာ့ သင္ေဆး႐ုံေရာက္သြားမွာ အမွန္ပါပဲ ။

Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

သင့်ရဲ့အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အတွက် ရှောင်ရှားသင့်တဲ့ အစားအသောက် ( ၇ )မျိုး

အထူးအဆန်းတွေကိုမှစားချင်သူများကတော့ အရာသာအသစ်တွေကိုမြည်းစမ်းကြည့်ချင်ကြမှာပဲ ။ ပုံမှန်စွဲမက်စရာအစားအစာတွေလည်း အများကြီးရှိပါတယ် ။ ဒါပေမယ့် သင်ရော အထူးအဆန်းတွေကို မြည်းစမ်းကြည့်ချင်လား ။ ဒါဆိုရင်တော့ အခု ကျွန်တော်တို့ပြောပြမယ့် အန္တရာယ်များပြီးသေစေနိုင်တဲ့အစားအသောက်များကို ကြည့်လိုက်ရအောင် ။

ဒီအစားအစာတွေဟာ အသားအသောက်လို့ခေါ်ဖို့တောင် မသင့်တော်ပါဘူး ။ ဒါပေမယ့်လည်းထူးခြားဆန်းပြားတဲ့အရသာကြောင့် လူတော်တော်များများဟာ စားသောက်ဖို့ရွေးချယ်နေတုန်းပါပဲ ။ လူအနည်းငယ်ကတော့ ဒါတွေကလွဲပြီးစားစရာမရှိတဲ့အတွက်စားသုံးရတာပါ ။ အစားအသောက် ရ မျိုးကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင် ။

၁. အသည်းကင်ဆာသုပ်

နာမည်ကြားရုံနဲ့တင်သင်အော်ဂလီဆန်သွားမယ်ဆိုပေမယ့် ထိုင်းနိုင်ငံမှာ အရှေ့မြောက်ပိုင်းမှာတော့ မြိန်ရှည်ယှက်ရည်စားကြတဲ့အရာတစ်ခုပါပဲ ။ ဒီအစားအစာမှာ ပါဝင်တဲ့အရာတွေကတော့ ငါးအသားစိမ်း သံပရာရည်နဲ့ ဂရုတ်သီးစပ်စပ် ရယ် ပရွက်ဆိတ်အနီတွေရယ်ပဲဖြစ်ပါတယ် ။ ဘာလို့အသည်းကင်ဆာသုပ်လို့ခေါ်ရသလဲဆိုတော့ ဒီအစားအစာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ အသည်းကင်ဆာ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းရှိလို့ပါပဲ ။ အဓိကတရားခံကတော့ ငါးအသားပေါ်မှာ ရှိနေတဲ့ ကပ်ပါးကောင်တွေကြောင့်ပါပဲ ။ စားသုံးသူတွေကတော့ ထူးခြားတဲ့အရာသာကိုမြည်းစမ်းကြည့်ချင်တာကြောင့် ကပ်ပါးကောင်တွေကိုပါစားသုံးလေ့ရှိပါတယ် ။(ရွံစရာကောင်းချက်)

၂ .Fagu

ဂျပန် ကိုရီးယားနဲ့ စင်ကာပူမှာနာမည်ကြီးတဲ့ ဒီလူသတ်သမားဟင်းလျာဟာလည်း တကယ်တော့ ဈေးအရမ်းကြီးပါတယ် ။ ငါးပူတင်းအသားစိမ်းကို လွှာပြီးတော့ ဆာရှိမိအဖြစ်စီမံထားတဲ့ဟင်းလျာပါ ။ ငါးအသားကတော့အန္တရယ်မရှိပေမယ့်

စားသုံးသူတွေအရမ်းကြိုက်တဲ့ ငါးပူတင်းအသည်းကတော့ Neurotoxin Tetrodotoxin ဆိုတဲ့အဆိပ်တွေပါဝင်ပါတယ် ။

၃. စောင်းလျားသီး

လူတွေ သာမန်စားသုံးနေကြတဲ့ စောင်းလျားသီးဟာလည်း အန္တရယ်များတဲ့အစားအသောက်တစ်ခုပါပဲ ။ စောင်းလျားသီးထဲမှာ Nerotoxin ဆိုတဲ့အဆိပ်ဓါတ်ပါဝင်ပါတယ် ။ သင်ကျန်းမာရေးကောင်းနေတဲ့အချိန်မှာတော့ခန္ဓာကိုယ်က ဒီအဆိပ်ကိုချေဖျက်နိုင်ပါတယ် ။ ဒါပေမယ့်လည်း သင့်မှာကျောက်ကပ်ပြဿနာရှိနေရင်တော့ စောင်းလျားသီးဖျော်ရည်တစ်ခွက်သောက်ခဲ့မယ်ဆိုရင် အော့အန်တာ ခြေလက်ထုံကျင်တာ ကယောင်ခြောက်ခြားဖြစ်တာနဲ့ ကြွက်သားတွေ ယောင်ယမ်းတာမျိုးခံစားရနိုင်ပါတယ် ။

၄. Ackee

ကာရေဗီယန်နဲ့ အနောက်အာဖရိကမှာ ပေါများတဲ့ Ackee အသီးဟာကို ဆားသိပ်ပြီးဖြစ်စေ ဝိုင်ပြုလုပ်ပြီးဖြစ်စေ စားသုံးကြပါတယ် ။ ကြည့်ရတာ အဆိပ်အတောက်ဖြစ်နိုင်တဲ့ပုံမပေါ်ပေမယ့် အသီးထဲမှာ Hypoglycin A နဲ့ B ကဲ့သို့သော အဆိပ်တွေ ပါဝင်နေပါတယ် ။ အဆိပ်ရှိတဲ့အပိုင်းကိုစားမိရင်တော့ ၂ နာရီကနေ ၆ နာရီအထိအော့အန်တတ်ပါတယ် ။ ကံမကောင်းတဲ့အခြေအနေတစ်ခုမှာဆိုရင်တော့ ကယောင်ကတမ်းတွေဖြစ်ပြီး ကိုမာဝင်ကာ သေဆုံးသွားနိုင်ပါတယ် ။

၅. Pagpag

Pagpag ဆိုတာကတော့ ဖိလစ်ပိုင်အခေါ်ပါ ။ တကယ်တော့အမှိုက်ပုံးထဲက အစားအသောက်တွေကို ပြန်လည်သုံးစွဲထားတဲ့ ဟင်းလျာတစ်ခုပါ ။ ဒါကို ဟင်းလို့တောင်တွေးဖို့ခက်ပေမယ့် မနီလာလိုမျိုး တချို့ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ စားစရာဒီဟင်းပဲရှိပါတယ် ။ Pagpag ရဲ့ဆိုလိုရင်းကတော့ အမှိုက်များကိုခါချခြင်းတဲ့… ။

ဆင်းရဲတဲ့နိုင်ငံတွေက စားသောက်ဆိုင်တစ်ချို့ဟာ စားသောက်ကုန်တွေကို အမှိုက်ပုံးတွေ အမြန်စာရောင်းချတဲ့နေရာမှ လွှင့်ပစ်ပစ္စည်းတွေကိုအသုံးပြုပါတယ် ။ ဒီအစားအသောက်တွေကိုစားသုံးတဲ့အခါမှာ သင်ထင်ထားတဲ့အတိုင်းပဲ ဝမ်းရောဂါ တိုက်ဖိုက်နဲ့ အသည်းရောင်အသားဝါရောဂါတွေဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့်လည်း တချို့ငတ်ပြတ်နေတဲ့ လူတန်းစားတစ်ခုအတွက်တော့ ဒီရောဂါတွေဟာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပါဘူး ။

၆ .Absinthe

ဥရောပမှာ ၁၉ ရာစုလောက်က စပြီး လမ်းဘေးအနုပညာရှင်တွေကြားမှာ နာမည်ကျော်ခဲ့တဲ့ ဒီ Absinthe ဟာ ပုံမှန်မဟုတ်တဲ့အရာတွေကို စိတ်ထဲမှာမြင်ယောင်လာစေနိုင်သလို ရူးသွပ်မှု ဂယောင်ခြောက်ခြားဖြစ်မှု နဲ့ တခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းဖြစ်ပေါ်စေနိုင်ပါတယ် ။

သိပ္ပံနည်းကျစစ်ဆေးမှုအရတော့ ဒီ အစိမ်းရောင် ယမကာဟာ လူအပေါ်မှာ အဲ့ဒီလောက်အကျိုးသက်ရောက်မရှိဘူးလို့ပြောပါတယ် ။မြင်ချင်ရာမြင်တာဟာ အရက်ရဲ့ သက်ရောက်မှုကြောင့်လို့ အဖြေထုတ်ထားပါတယ် ။ဒါပေမယ့်လည်း တခြားလေ့လာမှုတွေအရ Absinthe ယမကာဟာ အာရုံကြောဆဲလ်တွေအပေါ်မှာ ပြင်းထန်တဲ့သက်ရောက်မှုရှိတယ်လို့ သိရှိထားရပါတယ် ။

၇ .ပီလောပီနံ

ပီလောပီနံဟာ ကမ္ဘာ့လူဦးရေ ၅၀၀ မီလျံလောက်ရဲ့ အဓိကအစားအစာဖြစ်ပါတယ် ။ ဒီတစ်ပင်လုံးစားသောက်နိုင်တဲ့အပင်ကို အမေရိက အာရှနဲ့ အာဖရိကတွေမှာတွေ့နိုင်ပါတယ် ။ ကိတ်မုန့်ဖုတ်တဲ့နေရာမှာလည်း ထည့်သွင်းအသုံးပြုကြပါသေးတယ် ။ သို့သော်လည်း သူ့မှာလည်း ဆိုးကျိုးရှိပါတယ် ။

ဘာကြောင့်လဲဆိုတော့ ပီလောပီနံရဲ့ အမြစ်နဲ့ အရွက်တွေဟာ သေစေနိုင်လောက်တဲ့ ဆိုင်ရာနိုက်အဆိပ်ကို ပါဝင်နေတဲ့အတွက်ပါပဲ ။ အန္တရယ်ကင်းစွာစားသောက်နိုင်ဖို့အတွက် သေချာဆေးကြောသန့်စင်မှုပြုလုပ်ရပါမယ် ။ မဟုတ်ပဲ အန္တရယ်ရှိတဲ့ပီလောပီနံကိုစားမိရင်တော့ သင်ဆေးရုံရောက်သွားမှာ အမှန်ပါပဲ ။

Writer – Min Thu ( XYZ News )

LEAVE A REPLY