Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္မင္းသားတစ္လက္ျဖစ္တဲ့ မင္းသား Song Il Kook ကိုေတာ့ ျမန္မာပရိသတ္ေတြက “ဂ်ဴမုံ” လို႔ အသိမ်ားၾကတဲ့အျပင္ ခ်စ္စရာအရမ္းေကာင္းတဲ့ သားေယာက်ာ္းေလး အႁမႊာ (၃) ေယာက္ရဲ႕ ေဖေဖအျဖစ္လည္း အသိမ်ားၾကပါတယ္။ Return of Superman အစီအစဥ္ကေနတဆင့္ ပရိသတ္ေတြနဲ႔ ရင္းႏွီးခဲ့တဲ့ Song Daehan, Song Minguk, Song Manse ဆိုတဲ့ အႁမႊာေလး (၃) ေယာက္ရဲ႕ ခ်စ္စရာေကာင္းမႈ၊ သိတတ္နားလည္မႈနဲ႔ လိမၼာယဥ္ေက်းမႈေတြဟာ ၾကည့္ရႈသူပရိသတ္ေတြကို အသည္းတယားယားျဖစ္ေစခဲ့ၿပီး အခ်စ္စိတ္ေတြတိုးေစခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္ ဇူလိုင္လမွာစတင္ၿပီး အစီအစဥ္မွာ ဖခင္ျဖစ္သူနဲ႔အတူ ပါဝင္ခဲ့တဲ့သူတို႔ေလးေတြဟာ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာေတာ့ အစီအစဥ္ကေန ႏႈတ္ဆက္ထြက္ခြာခဲ့ၾကပါတယ္။ ၂ ႏွစ္နီးပါးမွ် ပရိသတ္ေတြနဲ႔ ရင္းႏွီးခဲ့တဲ့ သူတို႔ေလးေတြဟာ ေတာင္ကိုရီးယားပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္အားေပးျခင္းကိုရရွိခဲ့ယုံသာမက ႏိုင္ငံတကာက ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ျခင္းလည္းရရွိခဲ့သူေတြျဖစ္ပါတယ္။

အသက္ ၂ ႏွစ္ေက်ာ္ အ႐ြယ္ေလာက္ကတည္းက ပရိသတ္ေတြနဲ႔ စတင္ရင္းႏွီးခဲ့ၾကတဲ့ အႁမႊာေလး (၃) ေယာက္ဟာ အခုဆိုရင္ေတာ့ ပရိသတ္ေတြရဲ႕ မ်က္စိေရွ႕ေမွာက္မွာတင္ပဲ အ႐ြယ္ေရာက္လို႔လာခဲ့ၿပီျဖစ္ပါတယ္။ ပရိသတ္ေတြအေနနဲ႔ သူတို႔ေလးေတြကို စတင္ရင္းႏွီးခဲ့စဥ္အခ်ိန္တုန္းကဆိုရင္ သူတို႔ေလးေတြဟာ မူႀကိဳစတင္တက္ေရာက္တဲ့အခ်ိန္ေလးပဲ ရွိေသးခဲ့တာပါ။

အခုဆိုရင္ေတာ့ သူတို႔ေလးေတြဟာ မူႀကိဳတက္ေရာက္ၿပီးလို႔ သူငယ္တန္းေတာင္မွ တက္ေရာက္ၿပီးစီးသြားၾကၿပီ ျဖစ္ပါတယ္။ သူငယ္တန္းတက္ေရာက္ၿပီးစီးတဲ့ အထိမ္းအမွတ္အေနနဲ႔ ဂုဏ္ျပဳဆုေပးတဲ့အခမ္းအနားမွာ ႐ိုက္ကူးထားတဲ့ သူတို႔ေလးေတြရဲ႕ပုံေတြဟာလည္း လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔လို႔လာခဲ့တာေၾကာင့္ ပရိသတ္တို႔အခ်စ္ေတာ္ေလး ၃ ေယာက္ ဘယ္ေလာက္ေတာင္မ်ား အ႐ြယ္ေရာက္ႀကီးျပင္းလာခဲ့သလဲဆိုတာကို ၾကည့္ရွဴလိုက္ၾကပါဦး။

ပရိသတ္တို႔ရဲ႕ အခ်စ္ေတာ္ေလးေတြျဖစ္ၾကတဲ့ အႁမႊာေလး ၃ ေယာက္ကေတာ့ တကယ္ကို မ်က္စိတစ္မွိတ္အတြင္းမွာတင္ အ႐ြယ္ေရာက္ႀကီးျပင္းလာၾကတာပဲေနာ္။ Daehan, Minguk, Manse တို႔ ညီအစ္ကိုခ်စ္ၾကတဲ့ ပရိသတ္ႀကီးမ်ားရွိၾကတယ္ဆိုရင္ တျခားေသာပရိသတ္ေတြသိရေအာင္ မွ်ေဝေပးလိုက္ၾကပါဦး။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

သူငယ်တန်းတက်ရောက်ပြီးစီးသွားကြပြီဖြစ်တဲ့ ပရိသတ်တို့ရဲ့ အချစ်တော် အမြွှာ ၃ ယောက်

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Song Il Kook ကိုတော့ မြန်မာပရိသတ်တွေက “ဂျူမုံ” လို့ အသိများကြတဲ့အပြင် ချစ်စရာအရမ်းကောင်းတဲ့ သားယောကျာ်းလေး အမြွှာ (၃) ယောက်ရဲ့ ဖေဖေအဖြစ်လည်း အသိများကြပါတယ်။ Return of Superman အစီအစဉ်ကနေတဆင့် ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ Song Daehan, Song Minguk, Song Manse ဆိုတဲ့ အမြွှာလေး (၃) ယောက်ရဲ့ ချစ်စရာကောင်းမှု၊ သိတတ်နားလည်မှုနဲ့ လိမ္မာယဉ်ကျေးမှုတွေဟာ ကြည့်ရှုသူပရိသတ်တွေကို အသည်းတယားယားဖြစ်စေခဲ့ပြီး အချစ်စိတ်တွေတိုးစေခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာစတင်ပြီး အစီအစဉ်မှာ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ခဲ့တဲ့သူတို့လေးတွေဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ အစီအစဉ်ကနေ နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။ ၂ နှစ်နီးပါးမျှ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ သူတို့လေးတွေဟာ တောင်ကိုရီးယားပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးခြင်းကိုရရှိခဲ့ယုံသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းလည်းရရှိခဲ့သူတွေဖြစ်ပါတယ်။

အသက် ၂ နှစ်ကျော် အရွယ်လောက်ကတည်းက ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့ကြတဲ့ အမြွှာလေး (၃) ယောက်ဟာ အခုဆိုရင်တော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှောက်မှာတင်ပဲ အရွယ်ရောက်လို့လာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ သူတို့လေးတွေကို စတင်ရင်းနှီးခဲ့စဉ်အချိန်တုန်းကဆိုရင် သူတို့လေးတွေဟာ မူကြိုစတင်တက်ရောက်တဲ့အချိန်လေးပဲ ရှိသေးခဲ့တာပါ။

အခုဆိုရင်တော့ သူတို့လေးတွေဟာ မူကြိုတက်ရောက်ပြီးလို့ သူငယ်တန်းတောင်မှ တက်ရောက်ပြီးစီးသွားကြပြီ ဖြစ်ပါတယ်။ သူငယ်တန်းတက်ရောက်ပြီးစီးတဲ့ အထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုဆုပေးတဲ့အခမ်းအနားမှာ ရိုက်ကူးထားတဲ့ သူတို့လေးတွေရဲ့ပုံတွေဟာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လို့လာခဲ့တာကြောင့် ပရိသတ်တို့အချစ်တော်လေး ၃ ယောက် ဘယ်လောက်တောင်များ အရွယ်ရောက်ကြီးပြင်းလာခဲ့သလဲဆိုတာကို ကြည့်ရှူလိုက်ကြပါဦး။

ပရိသတ်တို့ရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ အမြွှာလေး ၃ ယောက်ကတော့ တကယ်ကို မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်ကြီးပြင်းလာကြတာပဲနော်။ Daehan, Minguk, Manse တို့ ညီအစ်ကိုချစ်ကြတဲ့ ပရိသတ်ကြီးများရှိကြတယ်ဆိုရင် တခြားသောပရိသတ်တွေသိရအောင် မျှဝေပေးလိုက်ကြပါဦး။

Credit : momolay

LEAVE A REPLY