Zawgyi ျဖင့္ဖတ္ရန္

ထူးျခားတဲ့ အႏုပညာစြမ္းရည္ေၾကာင့္ အႏုပညာေလာကမွာ တစ္ခဏအတြင္း ေအာင္ျမင္လာတဲ့ ေနျခည္ဦးက အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ဆက္တိုက္ဆိုသလို ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္အသစ္တစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ သ႐ုပ္ေဆာင္ေကာင္းလြန္းတဲ့ ေနျခည္ဦးကို ပရိသတ္ေတြကလည္း သတိထားမိၾကၿပီး ႏွစ္သက္အားေပးၾကပါတယ္။ ေနျခည္ဦးက အခုဆိုရင္ အားေပးသူ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ မင္းသမီးေလးတစ္ဦးအျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးက လတ္တေလာမွာေတာ့ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ L’Oréal Paris Paris Fashion Week 2019 ပြဲႀကီးကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ တက္ေရာက္ဖို႔ သြားေနၿပီပဲ ျဖစ္ပါတယ္။

 

ေနျခည္ဦးရဲ႕ ေလဆိပ္ဖက္ရွင္ကို ပရိသတ္ေတြ စိတ္ဝင္စားၾကၿပီးတဲ့ေနာက္မွာေတာ့ ေနျခည္ဦးက ေနာက္ထပ္အမိုက္စား ခရီးသြားဖက္ရွင္နဲ႔ ပရိသတ္ေတြအားလုံးကို ဖမ္းစားလိုက္ျပန္ပါၿပီ။

ေနျခည္ဦးက Paris အထိ “(၁၃) နာရီၾကာ ေလယာဥ္စီးရမွာမို႔ မေပါ့မပါး မျဖစ္ရေလေအာင္ ညဝတ္အက်ႌေလးနဲ႔ဘဲ ျဖစ္သလို စီးလိုက္မယ္” ဆိုၿပီး ျမန္မာေငြ (၅၆) သိန္းတန္ Louis Vuittonpajama outfit နဲ႔ ထြက္လာခဲ့တာ ျဖစ္ပါတယ္။

 

ေနျခည္ဦးကေတာ့ Paris Fashion Week ကို စသြားတဲ့ ခရီးစဥ္အစမွာတင္ ပရိသတ္ေတြ အားလုံးကို အံ့ၾသသြားေအာင္ ဖမ္းစားခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။ Paris Fashion Week ရႈိးႀကီးမွာ ေနျခည္ဦးတစ္ေယာက္ ဘယ္လိုေတြ ေဂၚဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။

Credit : momolay

Unicode ဖြင့်ဖတ်ရန်

ပေါ့ပေါ့ပါးပါးဖြစ်အောင် (၅၆) သိန်းတန် LV ညဝတ်အင်္ကျီနဲ့ ခရီးသွားခဲ့တဲ့ နေခြည်ဦး

ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလည်း သတိထားမိကြပြီး နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက လတ်တလောမှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မယ့် L’Oréal Paris Paris Fashion Week 2019 ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ သွားနေပြီပဲ ဖြစ်ပါတယ်။

နေခြည်ဦးရဲ့ လေဆိပ်ဖက်ရှင်ကို ပရိသတ်တွေ စိတ်ဝင်စားကြပြီးတဲ့နောက်မှာတော့ နေခြည်ဦးက နောက်ထပ်အမိုက်စား ခရီးသွားဖက်ရှင်နဲ့ ပရိသတ်တွေအားလုံးကို ဖမ်းစားလိုက်ပြန်ပါပြီ။

နေခြည်ဦးက Paris အထိ “(၁၃) နာရီကြာ လေယာဉ်စီးရမှာမို့ မပေါ့မပါး မဖြစ်ရလေအောင် ညဝတ်အင်္ကျီလေးနဲ့ဘဲ ဖြစ်သလို စီးလိုက်မယ်” ဆိုပြီး မြန်မာငွေ (၅၆) သိန်းတန် Louis Vuitton pajama outfit နဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်ခုံအလွတ်တွေ အများကြီး ပိုနေတဲ့ BLACKPINK ရဲ့ Fan Meeting

နေခြည်ဦးကတော့ Paris Fashion Week ကို စသွားတဲ့ ခရီးစဉ်အစမှာတင် ပရိသတ်တွေ အားလုံးကို အံ့သြသွားအောင် ဖမ်းစားခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ Paris Fashion Week ရှိုးကြီးမှာ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေ ဂေါ်ဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Credit : momolay

LEAVE A REPLY