Zawgyi ဖြင့်ဖတ်ရန်

 



 






Unicode ဖြင့်ဖတ်ရန်

အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရ မြန်မာလူမျိုး မဆုရည်အောင်

အမေရိကန်က သင်္ဘောသား ရာနဲ့ချီပြီး တာဝန်ထမ်းဆောင်နေတဲ့စစ်သင်္ဘောပေါ်မှာ မြန်မာလူမျိုး မဆုရည်အောင်က ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်ပြီး အတော်ဆုံးရေတပ်သား ဆုတွေဘွဲ့တွေရခဲ့တဲ့အပြင် ရာထူးတိုးသွားပါပြီတဲ့။

ဒါနဲ့ မြန်မာနိုင်ငံ အမျိုးသမီး စစ်သည်တွေ တာဝန်ထမ်းဆောင်နေကြပေမယ့် ယောင်္ကျားတွေနဲ့ နင်လားငါလား ရှေ့တန်း စစ်မြေပြင် ထွက်တာတို့ ရေတပ်သင်္ဘောမှာတာဝန်ထမ်းဆောင်တာတို့ တွေ့ဖူးလား …။ ဒါဆို ပြည်သူ့လစာ အကုန်ခံပြီး ဘာလို့ စစ်သမီးတွေခန့်ထားတာလဲ စဉ်းစားမရဘူး။

US Navy က စစ်သင်္ဘော John P Murthaသင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့Chief Petty Officer ဖြစ်သွားပါပြီ။

Chief Petty Officer ရာထူးတက်ကြတဲ့(၆)ယောက်မှာ မဆုရည်အောင်တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။

အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navyမှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။ အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့

Sailor Of The Year Sailor Of The Quarter ဆိုတဲ့Award တွေရခဲ့တာလည်း (၅) ကြိမ်ရှိခဲ့ပါပြီ။ ဝမ်းသာဂုဏ်ယူမှူတွေကိုအဖေနဲ့အမေ သာမက မြန်မာလူမျိုးတွေအနေနဲ့လည်းဝမ်းသာ ဂုဏ်ယူရ အောင်မျှဝေပေးလိုက်တာပါ။

share from :burmese.asia

LEAVE A REPLY