Zawgyi ျဖင့္ဖတ္ရန္

 

မကၠဆီကိုႏိုင္ငံက ေက်ာင္းဆရာတစ္ဦးကေတာ့ ေက်ာင္းသားေက်ာင္းသူေတြ စာေမးပြဲေျဖရာမွာ စာခိိုးခ်လို႔ မရေအာင္ ကတ္ထူဘူးခြံေတြ ေခါင္းမွာ စြပ္ခို္င္းၿပီး ေျဖခိုင္းတဲ့အတြက္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရပါၿပီ။

တီလက္ကာလာျပည္နယ္က စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ဒီ ျဖစ္ရပ္ ျဖစ္ပြားေပၚေပါက္တာျဖစ္ၿပီး အဲဒီ ေက်ာင္းဆရာရဲ႕ ပုံမွန္မဟုတ္တဲ့ စာေမးပြဲေျဖခိုင္းတဲ့ ပုံစံေၾကာင့္ ေက်ာင္းသားမိဘေတြဟာ စိတ္ဆိုးေဒါသထြက္ၾကၿပီး ဒီေက်ာင္းဆရာကို အလုပ္ထုတ္ပစ္ဖို႔ ေတာင္းဆိုေနၾကေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။

လူဝစ္ဂါရက္တီဇစ္ဆိုတဲ့ ဒီေက်ာင္းဆရာဟာ က်င့္ဝတ္နဲ႔ စံတန္ဖိုး သင္ၾကားတဲ့ ေက်ာင္းဆရာျဖစ္ၿပီး ေက်ာင္းသားေတြ စာမခိုးခ်ႏိုင္ေအာင္ ကတ္ထူဘူးခြံေတြ ေခါင္းမွာ စြပ္ခိုင္းခဲ့တာလို႔ မီဒီယာက ေဖာ္ျပပါတယ္။

သတင္းထုတ္ျပန္ခ်က္အရ မိဘေတြဟာ ေက်ာင္းဆရာ ဂါရက္တီဇစ္အေနနဲ႔ တပည့္ေတြအေပၚ ဘယ္လိုမ်ိဳး လူမဆန္စြာ ဆက္ဆံမယ္ဆိုတာ မသိႏိုင္တာေၾကာင့္ ေက်ာင္းသားေတြရဲ႕ အခြင့္အေရးကို ကာကြယ္ဖို႔ သူ႔ကို အလုပ္ထုတ္ေပးရန္ အာဏာပိုင္ေတြထံ ေတာင္းဆိုၾကပါတယ္။

ခုလို ဆိုးဝါးတဲ့ အျပဳအမူဟာ သည္းခံႏိုင္စရာ အေၾကာင္းမရွိတာေၾကာင့္ မ်က္ကြယ္မျပဳဖို႔လည္း မိဘေတြက ေျပာၾကပါတယ္။မိဘေတြဖက္က စိတ္ဆိုးေဒါသထြက္တာကို တုံ႔ျပန္ေျဖရွင္းတာအျဖစ္ အဲဒီ စာသင္ေက်ာင္းဟာ ေက်ာင္းသားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈအတြက္ တစ္မူကြဲတဲ့ ေလ့က်င့္သင္ၾကားေပးျခင္းမ်ိဳးျဖစ္တယ္ဆိုၿပီး ေျဖရွင္းတုံ႔ျပန္ထားပါတယ္။

Writer_ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

စာခိုးချလို့ မရအောင် ကျောင်းသားတွေကို ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲဖြေခိုင်း

မက္ကဆီကိုနိုင်ငံက ကျောင်းဆရာတစ်ဦးကတော့ ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေရာမှာ စာခိုးချလို့ မရအောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး ဖြေခိုင်းတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါပြီ။

တီလက်ကာလာပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းမှာ ဒီ ဖြစ်ရပ် ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး အဲဒီ ကျောင်းဆရာရဲ့ ပုံမှန်မဟုတ်တဲ့ စာမေးပွဲဖြေခိုင်းတဲ့ ပုံစံကြောင့် ကျောင်းသားမိဘတွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး ဒီကျောင်းဆရာကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုနေကြကြောင်း သတင်းတွေက ဖော်ပြပါတယ်။

လူဝစ်ဂါရက်တီဇစ်ဆိုတဲ့ ဒီကျောင်းဆရာဟာ ကျင့်ဝတ်နဲ့ စံတန်ဖိုး သင်ကြားတဲ့ ကျောင်းဆရာဖြစ်ပြီး ကျောင်းသားတွေ စာမခိုးချနိုင်အောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းခဲ့တာလို့ မီဒီယာက ဖော်ပြပါတယ်။

သတင်းထုတ်ပြန်ချက်အရ မိဘတွေဟာ ကျောင်းဆရာ ဂါရက်တီဇစ်အနေနဲ့ တပည့်တွေအပေါ် ဘယ်လိုမျိုး လူမဆန်စွာ ဆက်ဆံမယ်ဆိုတာ မသိနိုင်တာကြောင့် ကျောင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သူ့ကို အလုပ်ထုတ်ပေးရန် အာဏာပိုင်တွေထံ တောင်းဆိုကြပါတယ်။

ခုလို ဆိုးဝါးတဲ့ အပြုအမူဟာ သည်းခံနိုင်စရာ အကြောင်းမရှိတာကြောင့် မျက်ကွယ်မပြုဖို့လည်း မိဘတွေက ပြောကြပါတယ်။မိဘတွေဖက်က စိတ်ဆိုးဒေါသထွက်တာကို တုံ့ပြန်ဖြေရှင်းတာအဖြစ် အဲဒီ စာသင်ကျောင်းဟာ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် တစ်မူကွဲတဲ့ လေ့ကျင့်သင်ကြားပေးခြင်းမျိုးဖြစ်တယ်ဆိုပြီး ဖြေရှင်းတုံ့ပြန်ထားပါတယ်။

Writer_မောင်သံဆင့်(XYZ News)

LEAVE A REPLY