Zawgyi ဖြင့်ဖတ်ရန်





Writer -Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

သရက်သီးနဲ့ရေညှိကိုသုံးပြီး ဇီဝပလက်စတစ်ကိုတီထွင်နိုင်ခဲ့တဲ့ ဖိလစ်ပိုင် သိပ္ပံပညာရှင်

ဒါကတော့ဖိလစ်ပိုင်နိုင်ငံရဲ့အကောင်းဆုံးဖြန့်ဖြူးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ပလပ်စတစ်တွေကပတ်ဝန်းကျင်ရဲ့အသံတိတ်ရန်သူတွေပါ။ ဒါတွေကသေးငယ်ပြီးရေထဲပျော်ဝင်နိုင်တဲ့အပြင်ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာအထိညစ်ညမ်းစေပါတယ်။ဒီပလပ်စတစ်အိတ်တွေ့ကပင်လယ်ရဲ့နက်တဲ့နေရာကနေကျွန်ုပ်တို့စားနေတဲ့ဆားတွေအထိနေရာတိုင်းမှာဖြစ်နေပါပြီ။ ဒီပလပ်စတစ်တွေကလူသားတွေမျိုးတုံးသွားမယ့်အချိန်ထိတည်ရှိနေမှာပါ။အဲဒီအချိန်မှသာဒါတွေကပျက်စီးမှာပါ။ဒါကြောင့်ကျွန်ုပ်တို့ရဲ့ဂြိုဟ်ကိုကယ်တင်ဖို့ပလပ်စတစ်အစားထိုးဖို့လိုအပ်နေပါပြီ။

မကြာသေးခင်ကတော့ဖိလစ်ပိုင်နိုင်ငံမှသိပ္ပံပညာရှင်တယောက်ကသရက်သီးနဲ့ရေညှိကိုသုံးပြီးပစ္စည်းတစ်ခုတည်ထွင်ခဲ့ပါတယ်။ဒန်စိုင်ဘယ်မွန်တီနိုလာဆိုသူကသရက်သီးနဲ့ရေညှိတွေမှာတွေ့ရတဲ့ပက်သင်းဆိုတဲ့ဇီဝပိုလီမာကိုသုံးပြီးဇီဝပစ္စည်းအသစ်တခုကိုတည်ထွင်ခဲ့ပါတယ်။ ထိုင်ဝမ်ကစီနီကာမှာဇီဝဓာတုဗေဒကိုသုတေသနလုပ်နေတဲ့မွန်တီနိုလာဆိုသူကဖိလစ်ပိုင်မှာပေါများစွာရတဲ့သရက်သီးနဲ့ရေညှိကိုသုံးဖို့တွေးမိခဲ့ပါတယ်။ဒီအရာနှစ်ခုကနိုင်ငံရဲ့အဓိကတင်ပို့ကုန်တွေဖြစ်ကြပါတယ်။

မွန်တီနိုလာတီထွင်ခဲ့တဲ့ဇီဝပလက်စတစ်ရဲ့အကျိုးကျေးဇူးကလုပ်ရလွယ်တာတခုတည်းမဟုတ်ပါဘူး။ကျွန်ပ်တို့အခုသုံးနေတဲ့ပလပ်စတစ်ထက်ပိုကောင်းပါတယ်။တစ်အချက်အနေနဲ့၎င်းကရေမှာပျော်ဝင်နိုင်ပြီးပလပ်းတစ်အမှုန်တွေအဖြစ်မပြောင်းပါဘူး။နှစ်အချက်ကတော့ကိုယ်ခန္ဓာကိုအတုခိုးနိုင်တာပါပဲ။ကျွန်တော်တို့ကဇီဝပလက်စတစ်တခုကိုထုတ်နိုင်ရုံသာမကဘဲကိုယ်မှာသွေးထွက်ခြင်းကဲ့သို့အရေပြားလောင်ကျွမ်းခြင်းတွေမှာလဲအစားထိုးတစ်ရှူးအနေနဲ့သုံးနိုင်တယ်လို့ မွန်တီနိုလာကရှင်းပြခဲ့ပါတယ်။

နိုင်ငံရဲ့ပထဝီအဖွဲ့အစည်း၏ပြောကြားချက်နိုင်ငံမှာနှစ်စဉ်ပေါင်၁၈သန်းကျော်တဲ့ပလပ်စတစ်တွေထုတ်လုပ်နေုပြီး၎င်းတို့ကနှစ်စဉ်သမုဒ္ဒရာထဲရောက်သွားတယ်လို့ဆိုပါတယ်။ဒီလိုဖြစ်ခြင်းကလိပ်နဲ့ကျွန်ုပ်တို့စားနေတဲ့ငါးတွေကိုအန္တရာယ်ဖြစ်စေပါတယ်။ဒါကြောင့်လဲစားသုံးသူတွေကဇီဝပလပ်စတစ်ဖန်တီးခြင်းကဲ့သို့ပလပ်စတစ်အစားထိုးမှုကိုရှာဖွေနေကြတာပါ။ဇီဝပလပ်စတစ်အသစ်ထုတ်လုပ်မှုကဖိလစ်ပိုင်နိုင်ငံရဲ့အကြီးဆုံးဖြန့်ဖြူးခြင်းဖြစ်နိုင်မလားဆိုတာဘယ်သူမှမသိနိုင်သေးပါဘူး…

Writer -Min Thu ( XYZ News )

LEAVE A REPLY