Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာတစ္ႏိုင္ငံလုံး အားေပးၾကတဲ့ Myanmar Idol Season 4 ဟာဆိုရင္ အခုခ်ိန္မွာ အနယ္နယ္အရပ္ရပ္က ၿပိဳင္ပြဲဝင္ေတြအတြက္ အဓိကၿမိဳ႕ႀကီးေတြမွာ ဒိုင္၃ဦးက လူေ႐ြးခ်ယ္ပြဲကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ ဒီလိုလူေ႐ြးခ်ယ္ပြဲအတြက္ ပါဝင္ယွဥ္ၾကတဲ့ ၿပိဳင္ပြဲဝင္အသီးသီးကလည္း ကိုယ္စြမ္းကိုယ္စနဲ႔အႏုပညာဂီတက ဘယ္လိုထိ႐ူးသြပ္တယ္ဆိုတာကို ျပၾကရတဲ့ ပြဲေလးပါပဲ။

ဒီလို လူေ႐ြးခ်ယ္ပြဲမွာ ထူးျခားသူေတြပါသလို ၊ မထူးျခားသူေတြလည္း ပါေနတတ္ပါတယ္။ ဒီအထဲမွာမွ နာမည္ဆန္းဆန္းနဲ႔ Benjamin Sun ကေတာ့ ဒိုင္ေတြကို ဆြဲေဆာင္ထားႏိုင္သလို အထူးသျဖင့္ ဒိုင္လူႀကီးမင္း ျဖဴျဖဴေက်ာ္သိန္းကို အဖမ္းစားႏိုင္ဆုံးပဲျဖစ္မယ္ထင္ပါတယ္။ သူဟာဆိုရင္ ကနဦးမွာေတာ့ အဂၤလိပ္သီခ်င္းနဲ႔သီဆိုယွဥ္ၿပိဳင္ေပမယ့္ ဒိုင္လူႀကီးမင္း ျဖဴျဖဴေက်ာ္သိန္းက ျမန္မာသံေတာင္ဆိုမႈေၾကာင့္ ေမရီရဲ႕ ဝဲ ဆိုတဲ့ သီခ်င္းေလးကို ဆိုျပသြားခဲ့ပါတယ္။

သူဟာဆိုရင္ ကေလးၿမိဳ႕ကေန လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီးေတာ့ လက္ရွိမွာေတာ့ ကြန္ပ်ဴတာတကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသားလည္းျဖစ္ပါတယ္။သူ႔ရဲ႕သီဆိုႏိုင္မႈဟာ ေယာက္်ားေလးေတြဆိုဖို႔ခက္တဲ့ အေနအထားမွာ အေကာင္းဆုံး သီဆိုသြားတာေၾကာင့္ ျဖဴျဖဴေက်ာ္သိန္းေတာင္ မတ္တပ္ရပ္ၿပီးကိုယ္တိုင္အားေပးခဲ့တဲ့အထိပါပဲ။ဒါေၾကာင့္ Benjamin Sun ရဲ႕ သီဆိုမႈေလးကို နားဆင္ၾကည့္ႏိုင္ဖို႔အတြက္ ပရိသတ္ႀကီးကိုအသိေပးလိုက္ပါတယ္ေနာ္။

 

႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ

share from : shweyaunglan

Unicode ဖြင့်ဖတ်ရန်

ဖြူဖြူကျော်သိန်းကိုယ်တိုင်အားပေးရတဲ့အထိ Mary ရဲ့ ဝဲ သီချင်းကို အကောင်းဆုံးသီဆိုပြနိုင်ခဲ့တဲ့ ကလေးမြို့က Benjamin Sun

မြန်မာတစ်နိုင်ငံလုံး အားပေးကြတဲ့ Myanmar Idol Season 4 ဟာဆိုရင် အခုချိန်မှာ အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်တွေအတွက် အဓိကမြို့ကြီးတွေမှာ ဒိုင်၃ဦးက လူရွေးချယ်ပွဲကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီလိုလူရွေးချယ်ပွဲအတွက် ပါဝင်ယှဉ်ကြတဲ့ ပြိုင်ပွဲဝင်အသီးသီးကလည်း ကိုယ်စွမ်းကိုယ်စနဲ့အနုပညာဂီတက ဘယ်လိုထိရူးသွပ်တယ်ဆိုတာကို ပြကြရတဲ့ ပွဲလေးပါပဲ။

ဒီလို လူရွေးချယ်ပွဲမှာ ထူးခြားသူတွေပါသလို ၊ မထူးခြားသူတွေလည်း ပါနေတတ်ပါတယ်။ ဒီအထဲမှာမှ နာမည်ဆန်းဆန်းနဲ့ Benjamin Sun ကတော့ ဒိုင်တွေကို ဆွဲဆောင်ထားနိုင်သလို အထူးသဖြင့် ဒိုင်လူကြီးမင်း ဖြူဖြူကျော်သိန်းကို အဖမ်းစားနိုင်ဆုံးပဲဖြစ်မယ်ထင်ပါတယ်။ သူဟာဆိုရင် ကနဦးမှာတော့ အင်္ဂလိပ်သီချင်းနဲ့သီဆိုယှဉ်ပြိုင်ပေမယ့် ဒိုင်လူကြီးမင်း ဖြူဖြူကျော်သိန်းက မြန်မာသံတောင်ဆိုမှုကြောင့် မေရီရဲ့ ဝဲ ဆိုတဲ့ သီချင်းလေးကို ဆိုပြသွားခဲ့ပါတယ်။

သူဟာဆိုရင် ကလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလည်းဖြစ်ပါတယ်။သူ့ရဲ့သီဆိုနိုင်မှုဟာ ယောက်ျားလေးတွေဆိုဖို့ခက်တဲ့ အနေအထားမှာ အကောင်းဆုံး သီဆိုသွားတာကြောင့် ဖြူဖြူကျော်သိန်းတောင် မတ်တပ်ရပ်ပြီးကိုယ်တိုင်အားပေးခဲ့တဲ့အထိပါပဲ။ဒါကြောင့် Benjamin Sun ရဲ့ သီဆိုမှုလေးကို နားဆင်ကြည့်နိုင်ဖို့အတွက် ပရိသတ်ကြီးကိုအသိပေးလိုက်ပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

share from : shweyaunglan

LEAVE A REPLY