Zawgyi ျဖင့္ဖတ္ရန္

 

မေန႔ညက MRTV 4 ႐ုပ္သံကေန ထုတ္လႊင့္ျပသခဲ့တဲ့ MasterChef Myanmar Season 2 ရဲ႕ Top 11 ယွဥ္ၿပိဳင္မႈမွာ ၿပိဳင္ပြဲဝင္အခ်ိဳ႕က ဒိုင္လူႀကီးေတြကို အႀကီးအက်ယ္စိတ္ပ်က္ေနပါတယ္။ သူတို႔ ဘယ္ေလာက္ပင္ ႀကိဳးစားအားၾကထုတ္ေပမယ့္ ဘက္လိုက္မႈေတြ မမွ်တမႈေတြ ရွိေနတယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္။

ယခင္တစ္ပတ္ကလည္း “ဒီပုံစံအတိုင္းဆိုရင္ MasterChef Myanmar Season 2 မွာ Winner တစ္ေယာက္မွ ရွိမွာမဟုတ္ဘူး” လို႔ ဒိုင္လူႀကီး ေဒၚျဖဴျဖဴတင္ က ၿပိဳင္ပြဲဝင္ေတြအားလုံးကို ခပ္ျပင္းျပင္း သတိေပးခဲ့ပါတယ္။

ၿပိဳင္ပြဲဝင္ေတြထဲက အခ်ိဳေသာသူေတြဟာလည္း စိတ္ပ်က္အားေလွ်ာ့စျပဳလာေနပါတယ္။ ဒီၿပိဳင္ပြဲဝင္ေတြကို စိတ္ဓါတ္ပိုင္းဆိုင္ရာ အားေပးေနေပမယ့္ ဒီလိုမ်ိဳး ခဏခဏ လိုက္အားမေပးႏိုင္ဘူးလို႔လည္း သတိေပးခဲ့ပါတယ္။
Team Challenge ၿပိဳင္ပြဲအတြက္ “ဆီထမင္း” ကို ႏွစ္ေယာက္တစ္တြဲ ခ်က္ျပဳတ္ျပင္ဆင္ၾကတဲ့အခါ အတြဲမညီလို႔ သေဘာထားေတြကြဲလြဲၿပီး အခ်င္းျခင္း စိတ္ပ်က္တာေတြ ေဒါသျဖစ္တာေတြလည္း ရွိခဲ့ၾကပါတယ္။

Bottom က်သူေတြ အားလုံးက စိတ္ပ်က္လက္ပ်က္ျဖစ္ေနခ်ိန္မွာ Pressure Test အတြက္ ခ်က္ျပဳတ္ရမယ့္ “မုန႔္ဦးေႏွာက္” ကို ေတြ႕လိုက္ရတဲ့အခါမွာေတာ့ လုံးဝၿပိဳင္ခ်င္စိတ္ေတာင္ မရွိေတာ့ဘူးလို႔ ‘မ႐ႊန္း႐ႊန္းေအာင္’ က ဆိုပါတယ္။

Pressure Test မွာ ၿပိဳင္ပြဲဝင္ “ႏိုင္ေဇာ္” ကို ဒိုင္လူႀကီး ‘ဦးရွာကီ’ နဲ႔ ‘ေဒၚျဖဴျဖဴတင္’ တို႔က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။ သူက ဒိုင္ေတြကို လုံးဝတရားမွ်တမႈမရွိဘူးလို႔ ျပန္လည္ ေဝဖန္ခဲ့ပါတယ္။
MasterChef Myanmar ကေန မေန႔ညက ထြက္ခြာသြားခဲ့ရတဲ့ “ျပည့္ျပည့္” ကေတာ့ ဒိုင္ေတြအခုလို ဘာေၾကာင့္ဆုံးျဖတ္လိုက္ရတာလဲဆိုတာကို ဒိုင္ေတြနဲ႔ ဒီပြဲကို စီစဥ္ေနတဲ့ သူေတြသာ အသိဆုံးျဖစ္မွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

Top 10 အဆင့္ကို ေရာက္လာၿပီျဖစ္တဲ့ MasterChef Myanmar ၿပိဳင္ပြဲရဲ႕ အရွိန္ကလည္း ျမင့္လာပါၿပီ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ဒိုင္ေတြအရမ္းစိတ္တိုင္းက်တဲ့ Talent တစ္ေယာက္ကိုမွ တင္းျပည့္က်ပ္ျပည့္ ရွာမေတြ႕ေသးတာေတာ့ ေသခ်ာပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

MasterChef Myanmar ဒိုင်တွေကို ပြိုင်ပွဲဝင်အချို့ အကြီးအကျယ်စိတ်ပျက်

မနေ့ညက MRTV 4 ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ MasterChef Myanmar Season 2 ရဲ့ Top 11 ယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲဝင်အချို့က ဒိုင်လူကြီးတွေကို အကြီးအကျယ်စိတ်ပျက်နေပါတယ်။ သူတို့ ဘယ်လောက်ပင် ကြိုးစားအားကြထုတ်ပေမယ့် ဘက်လိုက်မှုတွေ မမျှတမှုတွေ ရှိနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ယခင်တစ်ပတ်ကလည်း “ဒီပုံစံအတိုင်းဆိုရင် MasterChef Myanmar Season 2 မှာ Winner တစ်ယောက်မှ ရှိမှာမဟုတ်ဘူး” လို့ ဒိုင်လူကြီး ဒေါ်ဖြူဖြူတင် က ပြိုင်ပွဲဝင်တွေအားလုံးကို ခပ်ပြင်းပြင်း သတိပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေထဲက အချိုသောသူတွေဟာလည်း စိတ်ပျက်အားလျှော့စပြုလာနေပါတယ်။ ဒီပြိုင်ပွဲဝင်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေးနေပေမယ့် ဒီလိုမျိုး ခဏခဏ လိုက်အားမပေးနိုင်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။
Team Challenge ပြိုင်ပွဲအတွက် “ဆီထမင်း” ကို နှစ်ယောက်တစ်တွဲ ချက်ပြုတ်ပြင်ဆင်ကြတဲ့အခါ အတွဲမညီလို့ သဘောထားတွေကွဲလွဲပြီး အချင်းခြင်း စိတ်ပျက်တာတွေ ဒေါသဖြစ်တာတွေလည်း ရှိခဲ့ကြပါတယ်။

Bottom ကျသူတွေ အားလုံးက စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာ Pressure Test အတွက် ချက်ပြုတ်ရမယ့် “မုန့်ဦးနှောက်” ကို တွေ့လိုက်ရတဲ့အခါမှာတော့ လုံးဝပြိုင်ချင်စိတ်တောင် မရှိတော့ဘူးလို့ ‘မရွှန်းရွှန်းအောင်’ က ဆိုပါတယ်။

Pressure Test မှာ ပြိုင်ပွဲဝင် “နိုင်ဇော်” ကို ဒိုင်လူကြီး ‘ဦးရှာကီ’ နဲ့ ‘ဒေါ်ဖြူဖြူတင်’ တို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူက ဒိုင်တွေကို လုံးဝတရားမျှတမှုမရှိဘူးလို့ ပြန်လည် ဝေဖန်ခဲ့ပါတယ်။
MasterChef Myanmar ကနေ မနေ့ညက ထွက်ခွာသွားခဲ့ရတဲ့ “ပြည့်ပြည့်” ကတော့ ဒိုင်တွေအခုလို ဘာကြောင့်ဆုံးဖြတ်လိုက်ရတာလဲဆိုတာကို ဒိုင်တွေနဲ့ ဒီပွဲကို စီစဉ်နေတဲ့ သူတွေသာ အသိဆုံးဖြစ်မှာပါလို့ ပြောဆိုခဲ့ပါတယ်။

Top 10 အဆင့်ကို ရောက်လာပြီဖြစ်တဲ့ MasterChef Myanmar ပြိုင်ပွဲရဲ့ အရှိန်ကလည်း မြင့်လာပါပြီ ဒါပေမယ့် ဒီနှစ်မှာတော့ ဒိုင်တွေအရမ်းစိတ်တိုင်းကျတဲ့ Talent တစ်ယောက်ကိုမှ တင်းပြည့်ကျပ်ပြည့် ရှာမတွေ့သေးတာတော့ သေချာပါတယ်။

Credit : popolay

LEAVE A REPLY